ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် သြဂုတ် ၉ ရက်တွင် Thai Rice Exporter Association Website ၌ ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၃၇ ဒေါ်လာဖြင့် လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၀၂ ဒေါ်လာဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိ ရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၆၄ ဒေါ်လာဖြင့် လည်း ကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၄၈ ဒေါ်လာဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်တစ် တန်လျှင် အမေရိ ကန်ဒေါ်လာ ၆၁၂ ဒေါ်လာဖြင့် လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၄၈ ဒေါ်လာဖြင့် လည်းကောင်း အသီးသီးဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၂၂ ဒေါ်လာဖြင့်လည်း ကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၀၂ ဒေါ်လာဖြင့်လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇၇ ဒေါ်လာဖြင့်လည်းကောင်း အသီးသီး ရှိခဲ့သည်ကို လေ့လာ တွေ့ရှိရသည်။ Thai Rice Exporter Association Website တွင် ဖော်ပြချက် အရ ယခုတစ်ပတ်တွင် ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်း ဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်း များနှင့် ဗီယက်နမ် နိုင်ငံတို့တွင် ဆန်ဈေးနှုန်းမှာ မြင့်တက်နေပြီး ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့တွင် ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက် ရှိကြောင်း သိရှိရသည်။
ပြည်ပဆန်ဈေးကွက် သတင်းအနေဖြင့် ကမ္ဘာ့ဆန်ကုန်သွယ် မှု၏ ၄၀ ရာခိုင်နှုန်းကျော် တင်ပို့နေသည့် အိန္ဒိယနိုင်ငံသည် ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်နေသည်ကို ထိန်းညှိရန်အတွက် ဘာစမာတီ မဟုတ်သည့် ဆန်ဖြူတင်ပို့မှုကို ဇူလိုင် ၂၀ ရက်မှ စတင်၍ တားမြစ်လိုက်ပြီးနောက် ကမ္ဘာ့ဆန်ဈေးကွက်သို့ ဆန်စီး ဝင်မှု ကျဆင်းသွားပြီး ဆန်ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။ ထိုသို့ ဆန်စီးဝင်မှု ကျဆင်းသွားသည့်အတွက် ယခုတစ်ပတ်တွင် ကမ္ဘာ့ဒုတိယနှင့် တတိယဆန်အများဆုံး တင်ပို့နေသည့် ထိုင်း နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ဆန်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၀ဝ ကျော်သို့ မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။ ဆန်ဈေးနှုန်း မြင့်တက်ခြင်းကြောင့် ထိုင်းနိုင်ငံ နှင့် ဗီယက်နမ် နိုင်ငံတို့မှ တောင်သူများကလည်း ဈေးနှုန်းမြှင့်တင် ရောင်းချလာ ကြရာ ဆန်တင်ပို့သူ လုပ်ငန်းရှင်များအနေဖြင့် ယခင်ဈေးနှုန်း ဟောင်းဖြင့် ချုပ်ဆိုထားသော စာချုပ်များကို တင်ပို့ကြရသည် ဖြစ်၍ ဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်သဖြင့် တောင်သူများထံမှ ဆန် များကို အလျင်စလို ဝယ်ယူနေရကြောင်း သိရှိရသည်။
ပြည်တွင်း ဆန်ဈေးကွက်သတင်းအနေဖြင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)ဆန်ဈေးကွက်တွင် ပေါ်ဆန်းနယ်စုံ (ဖျာပုံ၊ မြောင်းမြ၊ ဒေးဒရဲ)တို့မှ ဆန်တစ်အိတ်လျှင် ကျပ် ၉၆၀ဝ၀ မှ ၁၀၂၀ဝ၀ ကြား ပေါက် ဈေးရှိပြီး ရွှေဘိုပေါ်ဆန်းမှာ ဆန်တစ်အိတ်လျှင် ကျပ် ၁၂၅၀ဝ၀ မှ ၁၃၅၀ဝ၀ ကြား ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်ထက် ကျပ် ၅၀ဝ၀ ခန့် ဈေးနှုန်း မြင့်တက်လျက်ရှိသည်။ ဆန်ကြမ်းဖြစ်သော ဧည့်မထ ၂၅ မှတ်တန် ဆန်တစ်အိတ်လျှင် ကျပ် ၆၂၀ဝ၀ မှ ၆၃၀ဝ၀ ကြား ပေါက်ဈေးရှိကာ ဧည့်မထ ရိုးရိုးဆန် တစ်အိတ်လျှင် ကျပ် ၆၅၀ဝ၀ မှ ၆၇၀ဝ၀ ကြား ပေါက်ဈေးရှိကာ ယခုတစ်ပတ်တွင် ဆန်ကြမ်းဈေးနှုန်းမှာ ကျပ် ၄၀ဝ၀ ခန့် မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
လက်ရှိ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၄ ရက်အထိ (ယာယီ) စာရင်းများအရ ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှုတွင် ဆန်တန်ချိန် ၁၄၄၇၂၂ ဒသမ ၈၉၁ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၇၃၉ သန်း၊ ဆန်ကွဲ တန် ချိန် ၁၈၈၅၄၃ ဒသမ ၇၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၂၃၇ သန်း၊ စုစုပေါင်း ဆန်နှင့်ဆန်ကွဲ တင်ပို့နိုင်မှု တန်ချိန် ၃၃၃၂၆၆ ဒသမ ၅၉၁ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄၃ ဒသမ ၉၇၆ သန်း ရရှိထားပြီး ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၄၄၃၈၈၈ ဒသမ ၈၀ဝ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၀ ဒသမ ၇၅၅ သန်း၊ ဆန်ကွဲတန်ချိန် ၂၉၇၇၂၈ ဒသမ ၃၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၉၅ ဒသမ ၁၃၇ သန်း၊ စုစုပေါင်း ဆန်နှင့် ဆန်ကွဲတင်ပို့ နိုင်မှု တန်ချိန် ၇၄၁၆၁၇ ဒသမ ၁၅၀ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၅၅ ဒသမ ၈၉၂ သန်း တင်ပို့ခဲ့သည်။ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၂၉၉၁၆၅ ဒသမ ၉၀၉ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၉၁ ဒသမ ဝ၁၆ သန်းနှင့် ဆန်ကွဲ တင်ပို့မှုအနေဖြင့် ဆန်ကွဲ တန်ချိန် ၁၀၉၁၈၄ ဒသမ ၆၅၀ တန်၊ တန်ဖိုး အမေရိကန် ဒေါ်လာ ၂၀ ဒသမ ၉၀ဝ သန်း လျော့နည်းတင်ပို့ခဲ့သည်။
မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သော မူဆယ်မြို့၌ ၂၀၂၃ ခုနှစ် သြဂုတ် ၉ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ဧည့်မထဆန် တစ်အိတ်လျှင် ၁၅၅ - ၁၆၀ ယွမ် (ပြင်ပ ငွေလဲနှုန်း တစ်ယွမ်လျှင် ၄၇၆ ကျပ်နှုန်းရှိသောကြောင့် ဆန်တစ်အိတ်လျှင် ၇၃၇၈၀ ကျပ်မှ ၇၆၁၆၀ ကျပ်ကြား) ပေါက်ဈေးရှိကြောင်း သိရှိရ သည်။ မြန်မာ-ထိုင်း နယ်စပ်ဒေသဖြစ်သော မြဝတီမြို့တွင် ၂၀၂၃ ခုနှစ် သြဂုတ် ၉ ရက်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအရ ပြင်ပ ငွေလဲနှုန်းအနေဖြင့် တစ်ဘတ်လျှင် ၉၈ ကျပ်နှုန်း ပေါက်ဈေးရှိ ကြောင်း သိရှိရသည်။
တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့ကြီးများ၌ နေ့စဉ်ဖြစ် ပေါ်နေသော ဧည့်မထဆန် ဈေးနှုန်းများကို လေ့လာကြည့်ပါက ဧည့်မထဆန် တစ်ပြည်လျှင် မုံရွာမြို့တွင် ၅၁၀ဝ ကျပ်ဖြင့် အမြင့် ဆုံး ဈေးနှုန်း ဖြစ်ပေါ်ခဲ့ပြီး ပဲခူးမြို့တွင် ဧည့်မထဆန် တစ်ပြည်လျှင် ၂၆၅၀ ကျပ် ဖြင့် အနိမ့်ဆုံး ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။
ွှမေိငညါ နခသညသာငချ ျွှနဘျငအန ၌ ဖော်ပြချက်အရ ယခုတစ် ပတ်တွင် ကမ္ဘာ့ဆန် ဈေးနှုန်းမှာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၂၂ ရာခိုင်နှုန်း ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရှိ ရသည်။ ၂၀၂၃ ခုနှစ် သြဂုတ် ပထမအပတ်တွင် နိုင်ငံတကာဆန် ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများရှိသကဲ့သို့ မြန်မာ နိုင်ငံတွင်လည်း ဆန်ဈေးနှုန်းများ အတက်/အကျ ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည် ကို လေ့လာသုံးသပ် တင်ပြအပ်ပါသည်။
Background