Main menu

Background

ဒီဇင်ဘာလ တတိယပတ်အတွင်း ဆန်နှင့်ဆန်ကွဲ  တင်ပို့မှုအခြေအနေ

Mon, 01/01/2024 - 11:25 -- journal_editor

ဆန်
ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း ပုံမှန် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၈ ဒသမ  ၂၁၈  သန်းတန်ဖိုးရှိ ဆန် တန်ချိန်  ၁၄၅၀ဝ ကျော် တင်ပို့ခဲ့ သည်။ 
ဆန်တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန်  ၁၀၅၅၀ ကျော်၊ ဥရောပနိုင်ငံများသို့ ၂၄၇၀ ကျော်၊ အာဖရိက နိုင်ငံများဖြစ်သော ကင်မရွန်းနိုင်ငံသို့ ဆန်တန်ချိန် ၁၀ဝ၀ နှင့် တိုဂိုနိုင်ငံသို့ ဆန်တန်ချိန် ၅၀ဝ တင်ပို့ခဲ့သည်။  အာရှတွင် ဆန်တင်ပို့မှုအနေဖြင့် ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန်  ၄၅၅၀၊ အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် ၄၀ဝ၀၊ တရုတ်နိုင်ငံသို့ ဆန် တန်ချိန်  ၁၂၂၀ ကျော်၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန်  ၃၉၀၊ ဟောင်ကောင်သို့ ဆန်တန်ချိန် ၁၀ဝ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ဆန်တန်ချိန် ၂၆၀ ကျော်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု သို့ ဆန်တန်ချိန် အနည်းငယ်တင်ပို့ခဲ့သည်။
ဆန်တင်ပို့သော  ဥရောပနိုင်ငံများမှာ စပိန်နိုင်ငံသို့ ဆန်တန်ချိန်  ၁၃၀ဝ၊ စလိုဗေးနီးယားနိုင်ငံသို့ ဆန် ၃၂၈ တန်၊ ပိုလန်နိုင်ငံသို့ ဆန်  ၂၅၀ တန်၊ ချက်သမ္မတနိုင်ငံသို့ ဆန်  ၂၅၀ တန်၊ ဘူလ်ဂေးရီးယားနိုင်ငံသို့ ဆန် ၁၅၀ တန်၊ အီတလီနိုင်ငံသို့ ဆန် ၁၂၀ တန်ကျော်နှင့် ခရိုအေးရှားနိုင်ငံသို့ ဆန် ၇၅ တန် တင်ပို့ခဲ့သည်။
ဒီဇင်ဘာ တတိယပတ်အတွင်း မြန်မာ-တရုတ်နမယ်စပ် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၆၈၉ သန်းတန်ဖိုးရှိ ဆန်တန်ချိန်  ၄၇၅၀ ကျော်တင်ပို့ကြောင်း သိရသည်။ နည်းလမ်းနှစ်သွယ်မှ ဆန်တင်ပို့မှု တန်ချိန် ၁၈၂၈၀ ကျော်တင်ပို့ပြီး အမေရိကန် ဒေါ်လာ ၁၀ ဒသမ ၉၀၇ သန်း ရရှိခဲ့သည်၊
ဆန်ကွဲ
ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း ပုံမှန် ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန် ဒေါ်လာ ၉ ဒသမ ၇၇၉ သန်းတန်ဖိုးရှိ ဆန်ကွဲတန်ချိန် ၂၂၅၆၀ ကျော် တင်ပို့ခဲ့ သည်။ တင်ပို့မှုအနေဖြင့် အာရှနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၁၂၉၆၀ ကျော်နှင့် ဥရောပနိုင်ငံများသို့ ဆန်ကွဲတန်ချိန် ၉၅၉၀ ကျော်တင်ပို့ခဲ့သည်။ ဆန်ကွဲတင်ပို့သော အာရှနိုင်ငံများမှာ အင်ဒိုနီးရှားနိုင်ငံသို့  ဆန်ကွဲ ၅၆၆၈ တန်၊ တရုတ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၄၄၇၀၊  ဗီယက်နမ်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၅၆၀၊ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၁၇၀ နှင့် စင်ကာပူ နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၀ဝ ခန့်တင်ပို့ခဲ့သည်။ ဥရောပနိုင်ငံ များသို့ ဆန်ကွဲတင်ပို့မှုအနေဖြင့် ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲ တန်ချိန်  ၇၂၇၀ ကျော်၊ နယ်သာလန်နိုင်ငံသို့ ဆန်ကွဲတန်ချိန် ၁၂၂၀ ကျော်၊ အန်ဒိုရာနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၃၉၀၊ ယူနိုက် တက်ကင်းဒမ်းနိုင်ငံသို့ ဆန်ကွဲတန်ချိန် ၆၂၀ ကျော်နှင့် ချက် သမ္မတနိုင်ငံသို့ ဆန်ကွဲ ၇၈ တန် တင်ပို့ခဲ့သည်။
ဒီဇင်ဘာလ တတိယပတ်တွင် မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်မှုလမ်းကောင်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ  ၅၀၁ တန်ဖိုးရှိ  ဆန်ကွဲတန်ချိန် ၁၁၄၀ ကျော်  တင်ပို့ခဲ့သည်။ နည်းလမ်းနှစ်သွယ်မှ ဆန်ကွဲတင်ပို့မှု တန်ချိန် ၂၃၇၀ဝ ကျော် ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဒသမ  ၂၈၀ သန်း ရရှိခဲ့ သည်။ ဒီဇင်ဘာလ တတိယပတ်အတွင်း ဆန်နှင့် ဆန်ကွဲ တင်ပို့မှု စုစုပေါင်းတန်ချိန် ၄၂၀ဝ၀ ခန့်ရှိပြီး တန်ဖိုး အမေ ရိကန်ဒေါ်လာ ၂၁ ဒသမ ၁၈၇ သန်းရရှိခဲ့သည်။ 
DAAT