Main menu

Background

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Thu, 09/29/2022 - 11:25 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက စက်တင်ဘာ ၁၉ ရက် International Rice Market Website တွင် ဖော်ပြချက် အရ ပါကစ္စတန်  ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၁၃ ဖြင့်  လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၉၅ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန် ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၉ ဖြင့်လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၄၄ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၃ ဖြင့်လည်းကောင်း၊ ပေါင်းဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၆၂ ဖြင့်လည်းကောင်း အသီးသီး ဖြစ်ပေါ်ခဲ့သည်ကို လေ့လာသိရှိရသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးကွက်တွင် ဧည့်မထ ၅ ရာခိုင် နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၃ ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၈၃ ဖြင့်လည်းကောင်းရှိခဲ့ပြီး အိန္ဒိယနိုင်ငံတွင် ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန်  တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၈ ဖြင့် လည်းကောင်း  အသီးသီးရှိခဲ့သည်ကို လေ့လာတွေ့ရှိရသည်။  Thai Rice Exporter Association  တွင် ဖော်ပြချက်အရ ယခုတစ် ပတ်တွင် ထိုင်းနိုင်ငံ၌ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်၊ ဧည့်မထ ၅ ရာခိုင်နှုန်းဆန်၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း ဆန်ဈေးနှုန်းများ၊  ပါကစ္စတန်၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့တွင် ဆန်ဈေးနှုန်းမှာ မြင့်တက်လျက်ရှိသည်ကို သိရှိရသည်။
ဆန်ဈေးကွက်နှင့်ပတ်သက်သည့် ပြည်ပသတင်းများအနေ ဖြင့် အာရှဆန်ဈေးကွက်တွင် ကမ္ဘာ့နံပါတ်တစ် ဆန်တင်ပို့သူဖြစ် သည့် အိန္ဒိယနိုင်ငံတွင် ဆန်တင်ပို့မှုအပေါ် ကန့်သတ်ချက်များ ချမှတ်ခဲ့သည့်နောက်ပိုင်းတွင် အိန္ဒိယဆန်ကို ဝယ်ယူနေကျဖြစ် သော ဖောက်သည်များသည် အခြားဆန်ရောင်းချသည့် နိုင်ငံများ ဆီသို့ ဦးလှည့်လာသည့်အတွက် ယခုတစ်ပတ်တွင် ဆန်ရောင်း အားများ မြင့်မားလာကြောင်း သိရှိရသည်။ အိန္ဒိယနိုင်ငံတွင် ရာသီဥတု မမှန်ကာ မိုးနည်းသဖြင့် ပြည်တွင်းဆန်ရောင်းအား ဖူလုံရေးကို အာရုံစိုက်လာပြီး ဆန်ကွဲတင်ပို့မှုကို လုံးဝရပ်ဆိုင်း ထားခဲ့ကြောင်း သိရှိရသည်။ ဆန်ဖြူတင်ပို့မှုကိုလည်း ၂၀ ရာခိုင် နှုန်း အခွန်စည်းကြပ်မှုများ ပြုလုပ်လာပြီး ပိတ်ပင်ကန့်သတ်ချက် များကြောင့် အိန္ဒိယဆိပ်ကမ်းများတွင် ဆန်သင်္ဘောတင်မှုများ ရပ်ဆိုင်းနေရပြီး ဝယ်လက်များသည် အခွန်အသစ်ကို ထည့်ပေါင်း ခြင်း ငြင်းဆန်နေသောကြောင့် ဆန်တန်ချိန် တစ်သန်းအထိ ပိတ်မိနေကြောင်း သိရှိရသည်။ 
ထို့ကြောင့် ယခုတစ်ပတ်တွင် အိန္ဒိယ ဆန်ပို့ကုန်သမားများ သည် နောက်ထပ် ဆန်အရောင်းအဝယ်စာချုပ်သစ်များ မချုပ် သေးဘဲ အခြေအနေကို စောင့်ကြည့်နေကြသည်ကို သိရှိရသည်။ အိန္ဒိယနိုင်ငံတွင် ယခုကဲ့သို့ ဆန်တင်ပို့မှုအပေါ် ရုတ်တရက် ကန့်သတ်လိုက်ခြင်းကြောင့် ဆန်ဈေးကွက်တစ်ခုလုံး ကသောင်း ကနင်းဖြစ်ပြီး ဆန်ကုန်သည်များသည် စာချုပ်ပါအတိုင်း ဆန် တင်ပို့နိုင်ရန် နည်းလမ်းရှာပြီး ကြိုးပမ်းနေကြောင်း မွမ်ဘိုင်းအခြေ စိုက် ဆန်ကုန်သည်များ၏ ပြောကြားချက်အရ သိရှိရသည်။ ဗီယက်နမ်  ဆန်ကုန်သည်များသည် ဆန်ဈေးနှုန်းများ ဆက်လက်မြင့်တက်နိုင်လိမ့်မည်ဟု  ခန့်မှန်းပြီး ဆန်အရောင်း အဝယ် မလုပ်သေးဘဲ ထိန်းထားကြောင်း သိရှိရသည်။ ဗီယက်နမ် နိုင်ငံသည် ကမ္ဘာ့ဆန်အများဆုံး တင်ပို့သူစာရင်းတွင် နံပါတ်သုံး နေရာတွင် ရပ်တည်နေကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံတွင် လည်း ရေကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် သယ်ယူ ပို့ဆောင်ရေးကဏ္ဍပိုင်းတွင် အခက်အခဲများ ရှိနေသောကြောင့် ဆန်ရောင်းချရေး နှေးကွေးကြန့်ကြာနေကြောင်း သိရှိရသည်။ ကမ္ဘာတစ်ဝန်း စားနပ်ရိက္ခာလိုအပ်ချက် ကြီးမားလာသည့်အတွက် ထိုင်းနိုင်ငံသည် ယခုနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှုမှာ ၅၃ ရာခိုင် နှုန်းအထိ တိုးတက်လာကြောင်း ထိုင်းအစိုးရ  ပြောခွင့်ရသူ၏ ပြောကြားချက်အရ သိရှိရပြီး ထိုင်းနိုင်ငံသည်ယခုနှစ်တွင် ကမ္ဘာ့ ဒုတိယမြောက် ဆန်အများဆုံး တင်ပို့သူနေရာကို ရယူနိုင်ခဲ့ ကြောင်း သိရှိရသည်။ ထိပ်တန်းဆန်ဝယ်လက်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သည် မြန်မာ၊ ဗီယက်နမ်နိုင်ငံများနှင့် ဆန်ဝယ်ယူရေးစာချုပ်များကို လက်စသတ်ပြီး ထိုင်းနိုင်ငံဖြင့်လည်း ဆန်တင်သွင်းရန် အပြီး သတ်
ဆွေးနွေးနေကြောင်း သိရှိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာ၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံများဆီမှ စုစုပေါင်း ဆန်တန် ချိန်  ၅၃၀ဝ၀ဝ တင်သွင်းမည်ဖြစ်ကြောင်း သိရှိရသည်။