Main menu

Background

ဗီယက်နမ်၏ ထိပ်တန်း ST25 ဆန် ဂျာမနီဈေးကွက်သို့ စတင်ဝင်ရောက်

Fri, 09/18/2026 - 14:29 -- journal_editor

ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းဆန်အမျိုးအစားတစ်ခုဖြစ်သော ွှ၂၅ ဆန်သည် ဂျာမနီနိုင်ငံ တစ်ဝန်းတွင် ှနါူမသျ ဃျေ့ ရ ဃမေမပ လက်ကား  စူပါမားကက်အရောင်းဆိုင်ခွဲများ၌ တရားဝင်စတင် ဖြန့်ဖြူးရောင်းချခြင်းဖြင့် ဥရောပဈေးကွက်သို့ တိုက်ရိုက်ဝင်ရောက်မှု လမ်းကြောင်းအသစ် တစ်ရပ်ကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း ဠငနအညော ဏူကျ သတင်းဌာနက ဖော်ပြသည်။
၂၀၂၆ ခုနှစ် သြဂုတ် ၁၇ ရက်က ဘာလင်မြို့ရှိ ှနါူမသျ ူငခ့အနညဘနမါ စူပါမားကက်တွင် ကျင်းပခဲ့သော ဗီယက်နမ် ထုတ်ကုန် များပြပွဲ ရက်သတ္တပတ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ွှ၂၅ ဆန်ကို စင်တင်ရောင်းချမှု စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဂျာမနီနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏   ကူညီပံ့ပိုးမှုဖြင့် ဂျာမန် ှနါူမသျ ကုမ္ပဏီနှင့် ဗီယက်နမ် သြလေ ဏူကျ ကုမ္ပဏီ တို့အကြား တစ်နှစ်ကျော် ကြာ စေ့စပ်ညှိနှိုင်းမှုများလုပ်ခဲ့ပြီးနောက် ဂျာမန်ဈေးကွက်သို့ အဆိုပါ ွှ၂၅ ဆန်များ ပေးသွင်းခြင်းကို သြလေ ဏူကျ က ဆောင်ရွက်နိုင်ခြင်း ဖြစ်သည်။
ှနါူမသျ ၏ အရောင်းဆိုင်များတွင် ွှ၂၅ ဆန်ကို ဈေးကွက် တင်ရောင်းချနိုင်မှုသည် ဂျာမန်စားသုံးသူများအတွက်  ဗီယက်နမ် ဆန်များကို ဝယ်ယူစားသုံးနိုင်ရန် လက်လှမ်းမီစေသည့်အပြင် ဗီယက် နမ် လယ်ယာထွက်ကုန်များကို အရေအတွက်မှ အရည်အသွေးသို့ ဦးတည်လျက် အမှတ်တံဆိပ်နှင့် ထုတ်ကုန်တန်ဖိုး မြှင့်တင်ခြင်းတို့ ကိုလည်း ဆောင်ရွက်နိုင်ခြင်းဖြစ်ကြောင်း ဂျာမနီနိုင်ငံရှိ ဗီယက်နမ် သံအမတ်ကြီး ြါကပနည ီခေ ွှ့ညေ့ က ပြပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။ 
ဗီယက်နမ်၏ ထုတ်ကုန်များ ဂျာမန်ဈေးကွက်အတွင်း ကာလ ရှည်ကြာစွာ တည်ရှိနေနိုင်ရန် ဗီယက်နမ်လုပ်ငန်းရှင်များ အနေဖြင့် ထုတ်ကုန်များ၏ အရည်အသွေးနှင့် အစားအစာ ဘေးကင်းလုံခြုံမှုစံချိန်စံညွှန်းများကို စဉ်ဆက်မပြတ် သေချာခိုင်မာအောင် လုပ်ဆောင် ရန် လိုအပ်ကြောင်း၊ ဈေးကွက်အတွင်း သင့်လျော်မည့် အရောင်းမြှင့် တင်ရေး လုပ်ငန်းများ ဆောင်ရွက်မှုနှင့်အတူ သင့်လျော်သော ထုပ် ပိုးမှုပုံစံနှင့်  ရောင်းလိုအား တည်ငြိမ်မှုရှိရန်လည်း လိုအပ်ကြောင်း သိရသည်။
ဘာလင်မြို့ရှိ ှနါူမသျ နြမူငည ူငခ့အနညဘနမါ မှ ဒါရိုက်တာ ြမေငသ နြမါနမ က အပူပိုင်းဒေသထွက် သစ်သီးဝလံများ၊ ပင်လယ်စာ နှင့် ဟင်းခတ်အမွှေးအကြိုင်များမှသည် ဆန်ခေါက်ဆွဲနှင့် အခြောက်ခံ ထားသည့် စားသောက်ကုန်များအထိ ဗီယက်နမ် ထုတ်ကုန်များ အပေါ် ဂျာမန်စားသုံးသူများ၏ စိတ်ဝင်စားမှုမှာ တိုးတက်လျက်ရှိ ကြောင်း၊ အနာဂတ်ကာလတွင် ှနါူမသျ ၏ စနစ်၌ ဗီယက်နမ် လယ် ယာထွက်ကုန်များကို ပိုမို၍ မိတ်ဆက်လုပ်ကိုင်သွားနိုင်မည်ဟု ၎င်းအနေဖြင့် မျှော်လင့်ထားကြောင်း ပြောဆိုခဲ့သည်။ 
သြလေ ဏူကျ ကုမ္ပဏီ၏ ကူးသန်းရောင်းဝယ်ရေးနှင့် ဈေးကွက် မြှင့်တင်ရေး ဒါရိုက်တာ ီညေေ ံသ က ှနါူမသျ ၏ စနစ်၌ ွှ၂၅ ဆန် ကို ပါဝင်လာနိုင်ရေးအတွက် အကြီးမားဆုံးသော စိန်ခေါ်မှုမှာ ထုတ် ကုန်၏ ပင်ရင်းဒေသဖော်ပြမှု၊ ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် အရည် အသွေး အစဉ်တစိုက် ညီညွတ်မှုတို့ပင်ဖြစ်ကြောင်း၊ ဥရောပသို့ တင်ပို့ သည့် ဆန်ပို့ကုန်အကြိမ်တိုင်းသည် စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး ဈေး ကွက်ဖြန့်ဖြူးသည့် စနစ်အတွင်း ဝင်ရောက်မှုမပြုမီ စာရွက် စာတမ်း အထောက်အထားများနှင့် အသိအမှတ်ပြုလက်မှတ်များ ပြည့်စုံရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ 
ဂျာမနီနိုင်ငံရှိ ဗီယက်နမ် စီးပွားရေးသံမှူး ီညေါ ွှ့င ွှ့ညေ့ ဏ့ကသညါ ၏ ပြောကြားချက်အရ ဗီယက်နမ်ကုန်သွယ်ရေးရုံး အနေ ဖြင့် ဂျာမန်သွင်းကုန်လုပ်ငန်းရှင်များ၊ ဖြန့်ချိသူများ၊ လက်လီအရောင်း ကွင်းဆက်လုပ်ငန်းရှင်များနှင့် ဗီယက်နမ် စီးပွားရေးလုပ်ငန်းများ အကြား ပေါင်းကူး ဆက် သွယ်ပေးခြင်းကို ဆက်လက်လုပ်ဆောင်လျက် ဗီယက်နမ်ထုတ်ကုန်များ ဈေးကွက်သို့ ဝင်ရောက်မှုနှင့် ဈေးကွက်ချဲ့ ထွင်မှုများ၌ ကူညီပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 
ှသကမခနါ် ဠငနအညော ဏူကျယ ၁၈ ဗကါ ၂၀၂၆
့ဗြူယ ီဥဃဗ