Main menu

Background

အခွန်တိမ်းရှောင်သည်ဟု စွပ်စွဲခြင်းကို မာရတ်ဆာဖင် ငြင်းဆို ဆွစ်ဘဏ်တွင် အကောင့်သုံးခုခွဲ၍ အမေရိကန်ဒေါ်လာ လေးသန်းကျော်သွင်းခဲ့

Wed, 02/18/2015 - 20:36 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

ရုရှားတင်းနစ်  ချန်ပီယံဟောင်း တစ်ဦးဖြစ်သူ မာရတ်ဆာဖင်က၎င်းင်းအား အခွန်တိမ်းရှောင်သည်ဟူသော စွပ်စွဲ ချက်အား ငြင်းဆိုလိုက်ကြောင်း သိရ သည်။ မာရတ်ဆာဖင်သည် ဆွစ်ဇာလန် နိုင်ငံရှိ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့်HSBCဘဏ်တွင် အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၇ သန်းရှိသည့် ငွေများကို အခွန်တိမ်းရှောင်လိုသဖြင့် ယခုကဲ့ သို့  အကောင့်သုံးခုဖြင့်   သွင်းခဲ့ခြင်းဖြစ် ကြောင်းInternational  Consortium of Investigative Journalist  က ပြောကြားခဲ့ခြင်းဖြစ်သည်။
မာရတ်ဆာဖင်ကမူ အဆိုပါပြော ကြားချက်ကို   မဟုတ်မမှန်ကြောင်း ငြင်း ဆိုလိုက်သည်။
''ဒီငွေတွေကို ဘယ်ကရလာသလဲ ဆိုတဲ့မေးခွန်းကို သူမဖြေနိုင်ဘူး။ အဲဒါ ရဲ့ အထောက်အထားတစ်စုံတစ်ရာကို  လည်း သူမပြနိုင်တဲ့အပြင်အခွန်ဆောင် ဖို့ကိုလည်း ငြင်းဆန်သေးတယ်'' ဟုInternational   Consortium of Investigative Journalist   က ပြော ကြားခဲ့သည်။
  မာရတ်ဆာဖင်သည် ၂၀၀၀ပြည့်   နှစ်တွင် ယူအက်စ်အိုးပင်း ချန်ပီယံနှင့် ၂၀၀၅ ခုနှစ်တွင် သြစီအိုးပင်းချန်ပီယံ  ဖြစ်ခဲ့ဖူးကာ ၂၀၀၉ ခုနှစ်တွင် တင်းနစ် လောကမှ အနားယူသွားခဲ့သည်။
ထို့နောက် ၎င်းင်းသည် ၂၀၁၁ခုနှစ် တွင် နိုင်ငံရေးလောကသို့ ခြေစုံပစ်၍ ဝင်ခဲ့ပြီးနောက် ရုရှားပါလီမန်တွင်အဖွဲ့  ဝင်တစ်ဦးဖြစ်လာခဲ့သည်။ရုရှားပါလီမန်   အဖွဲ့ဝင်တစ်ဦး အနေဖြင့် ပြည်ပရှိ ပုဂ္ဂလိကဘဏ်တွင် အမေရိကန်ဒေါ်လာများကို   အမည် စာရင်းသုံးခုဖြင့် ၎င်းင်း၏ကိုယ်ပိုင်အကောင့် သို့  သွင်းခဲ့ခြင်းအား  မီဒီယာများက ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။''တစ်ယောက်ယောက်က အခွန် တိမ်းရှောင်လိုတဲ့ရည်ရွယ်ချက်နဲ့ သူ့ရဲ့ အကောင့်ထဲကို  သွင်းခဲ့တာဖြစ်နိုင်ပါ တယ်။  ဒါဟာ  ဘယ်သူလဲဆိုတာ သူပဲ သိနိုင်မှာပါ။  ပါလီမန်  အမတ်တစ် ယောက်အနေနဲ့  ခုလိုမျိုးလုပ်တာဟာ စည်းကမ်းနဲ့မညီဘူးလို့ထင်ပါတယ်''ဟု အဆိုပါအဖွဲ့က ပြောကြားခဲ့သည်။