Main menu

Background

မိမိကိုယ်မိမိကျေနပ်လောက်သည့်အနေအထားတွင်ရှိမနေဟု တိုက်ဂါးဝုဒ်ဆို

Wed, 02/18/2015 - 20:40 -- journal_editor

အတွဲ(၁၅)အမှတ်(၇)

      ကမ္ဘာ့ဂေါက်သီးရိုက်ချန်ပီယံဟောင်းတစ်ဦးဖြစ်သည့် အမေရိကန်နိုင်ငံသား တိုက်ဂါးဝုဒ်က မိမိအနေဖြင့် ကိုယ့်ကိုယ်ကို ကျေနပ်လောက်သည့် အနေအထားတွင် ရှိမနေဟု ပြောကြားလိုက်ကြောင်း ဘီဘီစီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အသက် ၃၉ နှစ်အရွယ်ရှိတိုက်ဂါးဝုဒ်သည် ပြီးခဲ့သည့်ွှTorrey Pinesဂေါက်သီးရိုက်ပြိုင်ပွဲ၏၁၂ ကျင်းမြောက် အရောက်တွင် ဒဏ်ရာရရှိခဲ့သဖြင့် ပြိုင်ပွဲမှထွက်ခဲ့ရသည်။
ထို့ပြင်ယင်းပြိုင်ပွဲမတိုင်မီက ကျင်းပခဲ့သည့် ဖီးနစ်အိုးပင်းဂေါက်သီးရိုက်ပြိုင်ပွဲတွင် သတ်မှတ်ရိုက်ချက်ထက် ၁၁ ချက် ပိုရိုက်ခဲ့သဖြင့် ၎င်းင်း၏ဆုကြေးစား ဂေါက်သီးသမားဘဝသက်တမ်းတစ်လျှောက် အဆိုးရွားဆုံးသောစံချိန်အဖြစ် မှတ်တမ်းရေး ထိုးခဲ့သည်။
    ''ကျွန်တော် ကိုယ့်အလုပ်ကို အာရုံစိုက်ဖို့ အများကြီးလိုနေပါပြီ။ ကျွန်တော် အပေါင်းအသင်းတွေနဲ့အတူ အချိန်တွေ ဖြုန်းနေတယ်လို့ ထင်နေမိတယ်။ ကျွန်တော်ဒီတစ်ခါ ပြန်လာရင်တော့ ပြိုင်ပွဲတိုင်းကို အကောင်းဆုံးရလဒ်တွေရမယ်လို့ မျှော်လင့်ပါတယ်။ အဆင်သင့်ဖြစ်ပြီလို့ထင်တဲ့အချိန်မှာ ကျွန်တော်ပြန်လာပါ့မယ်''ဟု၎င်းင်းကပြောကြားခဲ့သည်။
တိုက်ဂါးဝုဒ်သည် ယခုအခါတွင် ၎င်းင်း၏နေအိမ်တွင် ဒဏ်ရာသက်သာသည်အထိနေထိုင်ကာ လေ့ကျင့်ခန်းများပြုလုပ် လျက်ရှိသည်ဟုဆိုသည်။ ၎င်းသည် လာမည့်ဖေဖော်ဝါရီ ၂၆ရက်တွင်ကျင်းပမည့် ဟွန်ဒါကလပ်စစ်ဂေါက်သီးရိုက်ပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု ၎င်းင်း၏ပြိုင်ဘက်များက မျှော်လင့်လျက်ရှိသည်။