Main menu

Background

ပရိသတ် ၇၄ ဦး သေဆုံးခဲ့ရသည့် အီဂျစ်ပြည်တွင်းဘောလုံးပွဲမှ ဆိုးသွမ်းပရိသတ် ၁၁ ဦးအား အီဂျစ်တရားရုံးက သေဒဏ်ချမှတ်

Thu, 06/18/2015 - 17:52 -- journal_editor

   လွန်ခဲ့သည့် ၂၀၁၂ခုနှစ်က အီဂျစ် နိုင်ငံ ပို့ဆက်အားကစားကွင်း၌ ဖြစ် ပွားခဲ့သည့် အဓိကရုဏ်းတွင် ပရိသတ် ၇၄ ဦး သေဆုံးခဲ့ရသည့်ဖြစ်ရပ်၌   ပါဝင်ပတ်သက်နေသည့် ဆိုးသွမ်းပရိသတ် ၁၁ဦးအား အီဂျစ်တရားရုံး က သေဒဏ် ချမှတ်ခဲ့ကြောင်း ဒေးလီးမေးလ်သတင်း တွင် ဖော်ပြထားသည်။
   ၂၀၁၂ ခုနှစ်  ဖေဖော်ဝါရီလ အတွင်းက အီဂျစ်ပြည်တွင်းလိဂ်မှ ပွဲ တစ်ပွဲဖြစ်သည့် အိမ်ရှင် အယ်မာဆရီ အသင်းနှင့် အယ်လ်အက်ရှ်လေအသင်း တို့ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲတွင် အိမ်ရှင် အသင်းကို အားပေးသည့်ပရိသတ် များ နှင့် ဧည့်သည်အသင်းကို အားပေးသည့် ပရိသတ်များကြား ပဋိပက္ခများဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
   ယင်းဖြစ်ရပ်တွင် ဧည့်သည်အသင်း ဘက်မှရော အိမ်ရှင်အသင်းဘက်မှပါ မီးရှူးမီးပန်းများဖြင့်  ပစ်ပေါက်ခြင်း၊ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း၊ ယင်းကဲ့သို့ပြုလုပ် ခဲ့သည့်အတွက် နှစ်ဖက်အသင်းမှ ပရိသတ် စုစုပေါင်း ၇၄ဦးသေဆုံးခဲ့ရသည်။
    အဆိုပါဖြစ်ရပ်အတွက်   အီဂျစ် တရားရုံးကဗီဒီယိုသက်သေများနှင့် မျက်မြင်သက်သေများကို စစ်ဆေးခဲ့ပြီး နောက်  အဓိကရုဏ်းတွင်  ပါဝင်ပတ် သက်သည့် ဆိုးသွမ်းပရိသတ် ၂၁ဦးကို ဖမ်းဆီးကာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်ရပ်သည် အီဂျစ်ဘော လုံးသမိုင်းတွင်  အကျည်းတန် အရုပ် အဆိုးဆုံးသော ဖြစ်ရပ်ပင်ဖြစ်ကြောင်း၊ ထို့ပြင် အီဂျစ်ပြည်တွင်းဘောလုံးပွဲများ သည် ပဋိပက္ခများဖြင့်သာ ပြီးဆုံးလျက် ရှိရာ လူသေဆုံးမှုများဖြင့် အမြဲလိုလို ကြုံတွေ့နေရသဖြင့်  အီဂျစ်ဘောလုံး အဖွဲ့ချုပ်အား ဝေဖန်လျက်ရှိသည်။
  ယင်းဖြစ်ရပ်အပြီးတွင်   ပို့ဆက် အားကစားကွင်းအတွင်းတွင် ဖိနပ်များ ပြန့်ကျဲလျက်ရှိကာ  ထိုင်ခုံများတွင် လည်း သွေးများစွန်းထင်းနေသည်မှာ မြင်၍ပင် မကောင်းကြောင်း၊ ရုပ်သံ ရိုက်ကူးရေးအဖွဲ့၏ ရိုက်ကူးထား သည့် မြင် ကွင်းများ မှာ အလွန်ပင်  ကြောက် စရာကောင်းသည့် မြင်ကွင်းများပင်ဖြစ် ကြောင်း၊ ဘောလုံးပွဲသို့လာရောက်အား ပေးသည့် ပရိသတ်များသည် အဓိက ရုဏ်းဖြစ်ပွားမှုကြောင့်  အတင်းတိုးဝှေ့ ထွက်ကြရင်း သေဆုံးကြရ သည် များ လည်းရှိကြောင်းဖြင့် အီဂျစ်တရားရုံးက ထုတ်ဖော်ပြောကြားခဲ့သည်။အီဂျစ်တရားရုံးက  ဆိုးသွမ်း ပရိသတ် ၁၁ ဦးကို သေဒဏ်ချမှတ်ခဲ့ သည့်အပြင်  ပါဝင်ပတ်သက်သူ ၂၉ဦး ကိုလည်း ထောင်ဒဏ်အသီးသီးချမှတ်ခဲ့သည်။ အဆိုပါထောင်ဒဏ်ချမှတ်ခံရသည့်သူများထဲတွင် ပို့ဆက်မြိူ့ ရဲတပ်ဖွဲ့မှ အကြီးအကဲတစ်ဦးလည်း ပါဝင်ခဲ့ကြောင်းအဆိုပါသတင်းတွင် ဖော်ပြထားသည်။