Main menu

Background

ယခုရာသီ ၄ ခုမြောက် ချန်ပီယံဆုနှင့်အတူ အသင်းဖော်ရော့စ်ဘတ်ကို ဟာမီလ်တန် ၁၇မှတ်ဖြတ်

Thu, 06/18/2015 - 17:54 -- journal_editor

   မာစီဒီးစ်အသင်းမှ ဗြိတိန် ကားမောင်းသမား လူးဝစ္စဟာမီလ်တန်သည် ကနေဒါဂရင်းပရီ ပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲပြီး နောက် အသင်းဖော် နီကိုရော့စ် ဘတ်ကို ၁၇ မှတ်ဖြတ်လိုက်နိုင် ပြီဖြစ်သည်။၂၀၁၅  ဖော်မြူလာ ဝမ်း ရာသီ၏  ခုနစ်ခုမြောက် ပွဲစဉ် ဖြစ်သော ကနေဒါ ဂရင်းပရီတွင် ဟာမီလ်တန်သည် ထိပ်ဆုံးမှ တာထွက်ခွင့်ရခဲ့ပြီးနောက် ပြိုင်ပွဲအစမှအဆုံး ထိပ်ဆုံးမှ တောက်လျှောက် ဦးဆောင်ကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ရော့စ်ဘတ် က ဒုတိယ၊ ဝီလျံ အသင်းမှ ဖင်လန်ကားမောင်းသမား ဘော့တက်စ်က  တတိယရခဲ့ပြီး  ကမ္ဘာ့ချန်ပီယံဟောင်း ဗက်တဲလ်မှာ အဆင့်-၁၆ မှသာ တာထွက်ခဲ့ရသော်လည်း အဆင့်-၅ ရရှိအောင်စွမ်းဆောင် နိုင်ခဲ့သည်။ မက္ကလာရင်အသင်းနှင့်အတူ ကနေဒါ ဂရင်းပရီချန်ပီယံဆု သုံးကြိမ် ဆွတ်ခူးထားသောဟာမီလ်တန်အတွက် ယခုရာသီလေးခုမြောက် ချန်ပီယံဆုဖြစ်ပြီး ကမ္ဘာ့ချန်ပီယံအမှတ်ပေးဇယားတွင်စုစုပေါင်းရမှတ် ၁၅၁ မှတ်ဖြင့် ထိပ်ဆုံးမှ ဆက်လက် ဦးဆောင်နေ သည်။ဟာမီလ်တန်မှာ ပြီးခဲ့သည့် မိုနာကို ဂရင်းပရီတွင် အသင်း၏ အမှား ကြောင့် ချန်ပီယံဆုလက်လွှတ်ခဲ့ရသဖြင့် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရခြင်းကို အဆုံးသတ်နိုင်ခဲ့သည်။