Main menu

Background

Wildcards စည်းမျဉ်းဖြင့် မာရီယာရှာရာပိုဗာကိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် WTA ဆောင်ရွက်မည်

Wed, 03/22/2017 - 15:15 -- journal_editor

တားမြစ်ဆေးဝါးများ သုံးစွဲမှုဖြင့် တင်းနစ်ပြိုင်ပွဲများမှ ထုတ်ပယ်ခြင်းခံခဲ့ရသည့် ရုရှားတင်းနစ်မယ် မာရီယာရှာရာ ပိုဗာကို လာမည့်တင်းနစ်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိရန်အတွက်  Wildcards စည်းမျဉ်းကို အသုံးပြု ၍ဆောင် ရွက်သွားမည်ဖြစ်ကြောင်း   အမျိုးသမီး  တင်းနစ်အသင်း(WTA)  ၏ အကြီးအကဲစတိဗ်ဆိုင်မွန်က ပြောကြားခဲ့သည်။WTAမေလ အတွင်း မက်ဒရစ်နှင့်ရောမတွင်ကျင်းပမည့် တင်းနစ်ပြိုင်ပွဲတို့တွင် မာရီယာရှာရာပိုဗာ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရှိရန် ဆောင်ရွက်မည်ဖြစ်သည်။အဆိုပါWildcards စည်းမျဉ်းနှင့်ပတ်သက်၍ အန်ဒီ မိုရေးအပါအဝင် လက်ရှိပြိုင်ပွဲဝင် တင်းနစ်ကစားသမားများ က ဝေဖန်ကန့်ကွက်ခဲ့ကြသည်။ဂရင်းဆလင်း ဆုဖလားကို ငါးကြိမ်ရရှိထားသည့် ရှာရာ ပိုဗာသည် မယ်လ်ဒိုနီယမ်ဆေးသုံးစွဲမှုဖြင့် ၁၅လကြာ အား ကစားလောကတွင် ပါဝင် ယှဉ်ပြိုင်မှုမှ ပိတ်ပင်ခံထားရပြီး နောက် ဧပြီ ၂၆ ရက်တွင်ကျင်းပမည့်  ပိုစ်ချီဂရင်းပရီတင်းနစ် ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင် ခွင့်ရရှိမည်ဖြစ်သည်။အဆိုပါကိစ္စနှင့်ပတ်သက်၍ ကမ္ဘာ့အဆင့်တစ် တင်းနစ် မယ်ဟောင်း  ကာရိုလိုင်းဝေ့ါဇနီယာကီက  ရှာရာပိုဗာ၏Wildcards ဖြင့် ပြိုင်ပွဲသို့ ပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိရန် လုပ် ဆောင်ခြင်းသည် အခြားသော အားကစားသမားများအား မထီမဲ့မြင် လုပ်ဆောင်ခြင်းပင်ဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။