Main menu

Background

ဒူးအရွတ်ဒဏ်ရာကြောင့် ငြိမ်းချမ်းအောင် နှစ်လခန့်ထပ်မံအနားယူရဦးမည်

Thu, 06/18/2015 - 17:43 -- journal_editor

   မြန်မာယူ-၂၀အသင်း၏  အဓိကကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ ငြိမ်းချမ်းအောင်သည် နယူးဇီလန်နိုင်ငံတွင် ကျင်းပ သည့်ယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လေ့ကျင့်ခန်းပြုလုပ်စဉ် ရရှိခဲ့သည့်ဒူးအရွတ် ဒဏ်ရာ မှာ ပြန် လည် ကောင်းမွန်လာခြင်း မရှိသည့်အတွက် နှစ်လခန့် ထပ်မံအနားယူရဦးမည်ဖြစ် ကြောင်းသိရသည်။ ငြိမ်းချမ်းအောင်သည် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ၏အဓိကပွဲထွက်စာရင်းတွင် ပါဝင်ခဲ့သော်လည်း ဒူးအရွတ်ဒဏ်ရာကြောင့် အုပ်စုပွဲစဉ်သုံးပွဲစလုံးတွင် ပါဝင်ခွင့်မရရှိခဲ့ပေ။
 သူဟာ အုပ်စုပွဲစဉ်နောက်ဆုံးပွဲ စဉ်ဖြစ်တဲ့ နယူးဇီလန်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် လေ့ကျင့်ခန်း အစီအစဉ် မှာ ပြန်ထိသွားတာကြောင့်  အဲဒီပွဲမှာ ပါဝင်ပြီးမကစားနိုင်ခဲ့ပါဘူး။ သူ့ရဲ့ဒဏ်ရာက ပိုပြီးဆိုးလာခဲ့ပါတ ယ် ဟု မြန်မာယူ-၂၀ အသင်း၏ အတွင်းရေးမှူးဖြစ်သူ ဦးစိုးမိုးကျော်က ပြောကြား ခဲ့သည်။
 အဆိုပါဒဏ်ရာကြောင့် ငြိမ်းချမ်းအောင်သည် မြန်မာနေရှင်နယ်လိဂ် ၂၀၁၅ ဒုတိယအကျော့ပွဲစဉ်များတွင် ပါ ဝင်ကစားနိုင် မည်မဟုတ်ကြောင်း သိရသည်။ ငြိမ်းချမ်းအောင်သည် မနောမြေအသင်းမှ ရန်ကုန်ယူနိုက်တက်အသင်း သို့  ပြောင်းရွှေ့ထားသူ ဖြစ်ပြီး ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ရန်ကုန်ယူနိုက်တက်အသင်းတွင် ပွဲထွက်ကစားထားခြင်း မရှိသေးကြောင်း သိရသည်။