Main menu

Background

မြန်မာယူ-၂၀နည်းပြ ဂတ်ဆီဇီအား လစာ ခြောက်ဆတိုးမြှင့်ကာ ထပ်မံစာချုပ်ချုပ်ဆိုသွားမည်

Thu, 06/18/2015 - 17:45 -- journal_editor

မြန်မာယူ-၂၀ အသင်းအား ကမ္ဘာ့ ဖလားယူ-၂၀ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ် ပြိုင်ခွင့်ရရှိစေခဲ့ပြီး မြန်မာကို ကမ္ဘာက တအံ့ တသြဖြင့် သိမြင်ခွင့်ရရှိအောင် အကောင်း ဆုံးစွမ်းဆောင်ပေးနိုင်ခဲ့သည့် မြန်မာ ယူ-၂၀ အသင်း၏ နည်းပြ ဂျာမနီနိုင်ငံသား မစ္စတာဂတ်ဆီဇီကို ယခုရရှိသည့် လစာ ထက် ခြောက်ဆပိုပေး၍ စာချုပ်အသစ် ထပ်မံချုပ်ဆိုသွားမည်ဖြစ်ကြောင်း ျသခခနမာပညောမေ တွင် ဖော်ပြထားချက်အရ သိရသည်။
နည်းပြချုပ် မစ္စတာဂတ်၏ လက်ရှိ လစာငွေကို   မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်က  တရားဝင်ဖော်ပြထားခြင်းမရှိသော် လည်း နီးစပ်သည့်  အသိုင်းအဝိုင်းကမူ အမေရိကန်ဒေါ်လာတစ်သောင်းရရှိသည် ဟု ဆိုသည်။
၎င်းင်းအား ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက်နေစဉ်တွင်ပင် နည်းပြအဖြစ် လာရောက်လုပ်ကိုင်ရန်    နိုင်ငံတချို့က လာရောက်ကမ်းလှမ်းခဲ့သော်လည်း လက် မခံခဲ့ကြောင်း သိရသည်။
မစ္စတာဂတ်သည် မြန်မာယူ-၂၀ အသင်းအားကမ္ဘာ့ဖလားသို့ ပထမဦးဆုံး အကြိမ် ဝင်ရောက်ခွင့်ရရှိအောင်စွမ်းဆောင် ပေးနိုင်ခဲ့သူတစ်ဦးဖြစ်ပြီး   မြန်မာနိုင်ငံ တွင် လာရောက်နေထိုင်နေသည်မှာ လေး နှစ်ခန့်ရှိပြီဖြစ်သည်။
၎င်းင်းအနေဖြင့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့်  စာချုပ်သက်တမ်းမှာ နှစ်နှစ် ခန့်ကျန်ရှိနေသော်လည်း စာချုပ်အသစ် ထပ်မံချုပ်ဆိုသွားမည်ဖြစ်ကြောင်း   သိရ သည်။