Main menu

Background

ကမ္ဘောဒီးယားကလပ်အသင်းကို အရေးနိမ့်ခဲ့သည့် မကွေးအက်ဖ်စီအသင်း အုပ်စုအဆင့်မှ ကျော်ဖြတ်နိုင်မည့် အခွင့်အရေးနည်း

Wed, 03/22/2017 - 15:17 -- journal_editor

     ၂၀၁၇ အေအက်ဖ်စီဖလား အုပ်စု (စ)တွင် ပါဝင်နေသည့်  မြန်မာနေရှင် နယ်လိဂ်ကလပ် မကွေးအက်ဖ်စီအသင်း အနေဖြင့် မတ် ၁၄ ရက်က ယှဉ်ပြိုင် ကစားခဲ့သည့်   ဘွန်ခတ်အန်ကော် အက်ဖ်စီအသင်းနှင့် အဝေးကွင်းပွဲစဉ် တွင် တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သဖြင့် ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ရေး အတွက် မျှော်လင့်ချက်နည်းသွားခဲ့ပြီ ဖြစ်သည်။
ကမ္ဘောဒီးယားနိုင်ငံရှိ အိုလံပစ် အားကစားကွင်း၌ မတ် ၁၄ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်တွင် မကွေး အသင်းသည်    ဘွန်ခတ်အန်ကော် အက်ဖ်စီအသင်းကို ခြေရည်တူကစား နိုင်ခဲ့သော်လည်း အဆုံးသတ်မသေချာ မှုများကြောင့် အရေးနိမ့်ခဲ့ရခြင်းဖြစ် သည်။ အန်ကော်အသင်းအတွက် တစ် လုံးတည်းသော  အနိုင်ဂိုးကို မကွေး နောက်ခံလူ အိုလာရီထောင့်ကန်ဘော ဖျက်ထုတ်ရန်  ကြိုးစားရင်း  ကိုယ့်ဂိုး ကိုယ်သွင်းယူခဲ့မိသဖြင့်   ရရှိခဲ့ခြင်းဖြစ် သည်။
မကွေးအသင်းသည် လက်ရှိအချိန် တွင် အုပ်စုတွင်း၌ သုံးပွဲကစားပြီး တစ် ပွဲသရေ၊ နှစ်ပွဲရှုံးဖြင့် ရင်ဆိုင်နေရသည်။ မကွေးအသင်းသည်  အုပ်စု စတုတ္ထ မြောက်ပွဲစဉ်အဖြစ် လာမည့် ဧပြီ ၅ ရက်တွင် အန်ကော်အသင်းကို အိမ် ကွင်း၌ လက်ခံယှဉ်ပြိုင်သွားရမည်ဖြစ် သည်။
အုပ်စု(စ)၏ အခြားပွဲစဉ်တစ်ခု တွင် မလေးရှားကလပ် ဂျိုဟိုးဒါရူတာ ဇန်အသင်းက ဖိလစ်ပိုင်ကလပ် ဂလို ဘယ်အသင်းကို အိမ်ကွင်းတွင် လေး ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါ အုပ်စုတွင်  ဂျိုဟိုးအသင်းက ရမှတ် ခုနစ်မှတ်၊ ဂလိုဘယ်အသင်းက ရမှတ် ခြောက်မှတ်၊  အန်ကော်အသင်းက ရမှတ် သုံးမှတ်နှင့်  မကွေးအသင်းက တစ်မှတ် ရရှိထားသည်။
မြန်မာနိုင်ငံကိုယ်စားပြု အသင်း တစ်သင်းဖြစ်သည့် ရတနာပုံအက်ဖ်စီ အသင်းသည်   ဧပြီ ၁၈ ရက်တွင် စင်ကာပူကလပ်  ဟုမ်းယူနိုက်တက် အသင်းနှင့် အဝေးကွင်းပွဲစဉ်အဖြစ် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။