ပဲခူးတိုင်းအနောက်ပိုင်း၊ လက်ပံတန်းမြို့နယ်တွင် နွေစပါးစိုက်ပိုျးရန် လျာထားဧက ၂၁၇၆၂ ရှိရာ ယနေ့ထိ စိုက်ပိုျးပြီးဧက ၇၈၃၈ရှိပြီး အရည်အသွေးကောင်းပြီး ဝယ်လိုအား ကောင်းတဲ့ မနောသုခ၊ ဆင်းသွယ်လတ်၊ ရွှေမြန်မာ၊ ဆင်းသုခ၊ စပါးမိုျးများကို အဓိကပျိုးထာင် စိုက်ပျိုးထားကြောင်း၊ တောင်သူများအနေဖြင့်ယခင်နှစ် ဖေဖော်ဝါရီလတွင် မိုးစပါး ၄၆ ပေါင် တင်း ၁ဝဝ ကို ၁၉ဝဝဝဝ ကျပ်ဈေးသာ ရှိခဲ့ပြီး၊ ယခုနှစ် အလားတူအချိန်တွင် ၃၅ဝဝဝဝ ကျပ်ဈေးရှိနေသဖြင့် မိမိစိုက်ပျိုးရန် ဧကပြည့်မီကျော်လွန်အောင် ဆက်လက်ပြီး အားသွန်ခွန်စိုက် ထွန်ယက်စိုက်ပိုျးနေတဲ့အတွက် မြို့နယ်နွေစပါးစိုက်ပျိုးရန် လျာထားဧကပြည့် စိုက်ပျိုးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။
Background