Main menu

Background

အိတ်စပိုတာများက ငါးမြစ်ချင်း ဈေးတိုးမြှင့်ဝယ်ယူ

Tue, 02/23/2010 - 09:36 -- Anonymous (not verified)

 မြန်မာနိုင်ငံတွင်အများဆုံး မွေးမြူ ထုတ်လုပ်လျက်ရှိသော  ငါးမြစ်ချင်း ငါးများကို ဖေဖော်ဝါရီ ၂၃ ရက်က စတင်၍ မူလပေါက်ဈေးထက် တစ် ပိဿာလျှင် ၅၀ကျပ် တိုးမြှင့်ဝယ်ယူမည် ဖြစ်ကြောင်း ရေထွက်ပစ္စည်းထုတ်လုပ် သူများနှင့်ပို့ကုန်လုပ်ငန်းရှင်များ အသင်း မှ သိရသည်။]]မွေးမြူသူတွေအနေနဲ့   အစာ ဈေးတက်လာတဲ့အတွက်  ထုတ်လုပ်မှု တွက်ခြေမကိုက်   ဖြစ်လာကြတယ်။ ဖွဲနုက မနှစ်ကထက်စာရင် တစ်ပေါင်ကို ၃၀ ကျပ်လောက်ပိုလာတယ်။ ငါးမြစ် ချင်း မွေးမြူရာမှာ ဖွဲနုက ၇၅ ရာခိုင် နှုန်း၊ ၈၀ ရာခိုင်နှုန်းလောက် ကျွေးရ တော့ အဓိက အစာလိုဖြစ်နေတာ။ မွေးမြူတဲ့စရိတ် တွက်ခြေကိုက် အောင် ငါးတစ်ပိဿာကို ၁၀၀ ကျပ် အထိတိုးမြှင့်ဝယ်ယူဖို့ တောင်းဆိုလာ တယ်။ အဲဒါကိုညှိနှိုင်းလိုက်တော့ အိတ် စပိုတာတွေဘက်က  တစ်ပိဿာကို ၅၀ ကျပ် တိုးမြှင့်ဝယ်ယူဖို့ သဘောတူခဲ့ ပါတယ်}} ဟု အိတ်စပိုတာ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ ၂၀၁၀ ခုနှစ် ဖေဖေဝါရီလ ၁၆ ရက်နေ့တွင် အိတ်စပိုတာများမှ ဝယ်ယူ ခဲ့သော ငါးမြစ်ချင်းဈေးနှုန်းများမှ ၂ ၤ အရွယ် တစ်ပိဿာလျှင် ၂၁၅၀ ကျပ်၊ ၃ၤ အရွယ် တစ်ပိဿာလျှင် ၂၂၅၀ ကျပ်၊ ၄ၤ အရွယ် တစ်ပိဿာလျှင် ၂၃၅၀ ကျပ်တို့ ဖြစ်သည်။   ခင်မျိုးသွယ်