Main menu

Background

အိန္ဒိယနိုင်ငံဟာ စီးပွားရေးတွန်းအား အစီအမံတွေထဲကထွက်ဖို့လို

Fri, 02/19/2010 - 09:28 -- Anonymous (not verified)

    နိုင်ငံစီးပွားရေးဟာ အာရှရဲ့ တတိယနေရာအထိ ပြန်လည်နာလန်ထူလာပြီး ဖြစ်တဲ့အတွက် အိန္ဒိယနိုင်ငံဟာ  စီးပွားရေးတွန်းအားပေး အစီအမံတွေထဲကနေ ထွက်နိုင်ဖို့အတွက် သင့်တော်တဲ့ စီမံကိန်းမှ ချမှတ်ဖို့လိုပြီလို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ ပထမအုပ်ချုပ်မှုဒါရိုက်တာ လစ်ပစကီက ဖေဖော်ဝါရီ ၁၂ ရက်က ပြောကြားပါတယ်။ အစိုးရထုတ်ပြန်တဲ့စာရင်း ဇယားတွေ အရ အိန္ဒိယနိုင်ငံရဲ့ ဒီဇင်ဘာကုန်ထွက်ဟာ အနှစ် ၂ဝ အတွင်း တိုးတက်မှု အမြင့်ဆုံးဖြစ်ခဲ့တယ် လို့ ပြောကြားပါတယ်။    စီးပွားရေးနာလန်ထူနိုင်ဖို့အတွက် ၂ဝဝ၈ ခုနှစ်က အသုံးပြုခဲ့တဲ့ စီးပွားရေးတွန်းအားပေး အစီအမံတွေဟာ ယခုအခါ ဂျီဒီပီရဲ့ ၁၂ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီဖြစ်ပါတယ်။ အိန္ဒိယ ဗဟိုဘဏ်ကလည်း ၂ဝဝ၈ အောက်တိုဘာလနောက်ပိုင်း အတိုးနှုန်းတွေ လျှော့ချမှုအပါအဝင် ဒေါ်လာဘီလီယံ ၁၂ဝ အထိ သုံးစွဲထားပြီး ဖြစ်ပါတယ်။  AFP