Main menu

Background

အိန္ဒိယပဲမျိုးစုံ လျော့ဈေးနဲ့ရောင်းချမှုကို သက်တမ်းတိုးဖွယ်ရှိ

Thu, 02/25/2010 - 10:57 -- Anonymous (not verified)

   ပြည်ပက တင်သွင်းတဲ့ ဈေးနှုန်း ထက် တစ်ကီလိုကို ရူပီး ၁ဝ (ကန်ဒေါ် လာ ဝ ဒသမ ၂၁၅) လျှော့ချပြီး ဆင်းရဲသားများကို ရောင်းချ ပေးတဲ့ သက်သာချောင်ချိရေး အစီအစဉ်ဖြစ်တဲ့ လျှော့ဈေးနဲ့ရောင်းချတဲ့ကာလကို  လာမယ့်ဘဏ္ဍာနှစ်အထိ အစိုးရက သက်တမ်း တိုးဖွယ်ရှိတယ်လို့ စားသုံးသူရေးရာ ဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားပါတယ်။    ကမ္ဘာမှာ ပဲစားသုံးမှု အကြီးဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံဟာ မတ်လ ၃၁ရက်နေ့မှာ ကုန်ဆုံးတဲ့ နှစ်ကုန်မှာ ပဲမျိုးစုံ တန်ချိန် ၁၄ ဒသမ ၇၆ သန်းခန့်ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ စားသုံးမှုအနေနဲ့ နှစ်စဉ်တန်ချိန် ၁၇ သန်းနဲ့ ၁၈ သန်းအကြား ရှိတာကြောင့် လိုအပ်တဲ့ ပဲမိုျးစုံ ၃ သန်းဝန်းကျင်ကို ကနေဒါ၊ မြန်မာ၊ အမေရိကန်၊ ပြင်သစ်၊ သြစ တြေးလျနဲ့တူရကီနိုင်ငံတွေက တင်သွင်း နေ ရပါတယ်။    အိန္ဒိယမှာ စားသုံးမှု အများဆုံးဖြစ် တဲ့ ပဲစင်းငုံနဲ့ မတ်ပဲပြည်တွင်းလက်လီ ဈေးများဟာ ဖေဖော်ဝါရီလ ၁၅ ရက် မှာ တစ်ကီလိုကို ရူပီး၇၇ (ကန်ဒေါ်လာ ၁ ဒသမ ၆၆)နဲ့ ရူပီး ၆၉ (ကန်ဒေါ်လာ ၁ ဒသမ ၄၉)ဈေးရှိလို့ ယခုနှစ် အစော ပိုင်းကထက် ၆ဝ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ အစိုးရစာရင်းတွေအရ သိရပါတယ်။ Sources: commodityonline.com