Main menu

Background

အိန္ဒိယမွန်ဘိုင်းဈေးကွက်တွင် မြန်မာမတ်ပဲ၊ ပဲစင်းငုံနီဈေးငြိမ်၊ ဒေလီဈေးကွက်တွင် ကုလားပဲဈေးကျဆင်း

Tue, 09/03/2013 - 14:08 -- ydnar

ယခု ရက်ပိုင်းအတွင်း အိန္ဒိယ မွန်ဘိုင်းဈေးကွက်တွင် မြန်မာမတ်ပဲနဲ့ ပဲစင်းငုံနီကို အတွင်းပိုင်းဈေးကွက်က အဝယ်နည်းတာရယ်၊ ပဲခွဲစက်နှင့် ကုန် သည်များက အဝယ်အေးနေလို့ ဈေး ငြိမ် နေတယ်လို့ သိရပါတယ်။ ဒေလီ ဈေးကွက်မှာလည်း ဒေစီကုလားပဲကို ကြိတ်ခွဲစက်နဲ့ ကုန်သည်တွေက အဝယ် နည်းလို့ ဈေးကျဆင်းနေပါ တယ်။ သြဂုတ်လ ၂၉ ရက်နေ့မှာတော့ အိန္ဒိယ မှာ ဟိန္ဒူလူမျိုးတို့ရဲ့ ဘာသာရေးနေ့ ရက်ဖြစ်လို့ မွန်ဘိုင်းပဲဈေးကွက် ပိတ် ထားပါတယ်။

သြဂုတ်လ ၂၁ ရက်နေ့အထိ မိုးပဲမျိုးစုံ ဟက်တာ ၉၉ ဒသမ ၆၃ သိန်း စိုက်ပျိုးနိုင်ခဲ့ပြီး ယခင်နှစ် ကာလတူက ဟက်တာ ၈၅ ဒသမ ၃၂ သိန်းထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့တယ်လို့ သိရပါတယ်။ စတုတ္ထအကြိမ် ခန့်မှန်းချက်အရ မတ်ပဲ ထုတ်လုပ်မှု တန်ချိန် ၁ ဒသမ ၉ သန်း၊ ပဲစင်းငုံ ၃ ဒသမ ၀၇ သန်း၊ ကုလားပဲ ၈ ဒသမ ၈၈ သန်း၊ ပဲတီစိမ်း ၁ ဒသမ ၂ သန်း အသီးသီး ထုတ်လုပ်နိုင်မယ်လို့ သတင်းရပါတယ်။
မွန်ဘိုင်းဆိပ်ကမ်းကို မတ်ပဲ ၃၆ လုံး၊ ပဲတီစိမ်း ၅ လုံး၊ ပဲရာဇာ ၁၅၄ လုံး၊ ပဲစင်းငုံနီ ၈၈ လုံး၊ စားတော်ပဲ ၇ လုံး ဝင်ရောက်လာခဲ့ပါတယ်။ ချန်နိုင်း ဆိပ်ကမ်းကို မတ်ပဲ ကွန်တိန်နာ ၁၄၄ လုံး၊ ပဲရာဇာ ၁၃၂ လုံး၊ ပဲတီစိမ်း ၃ လုံး၊ ပဲစင်းငုံ ၁၈ လုံး၊ ကုလားပဲဖြူ လုံးကြီး ၃ လုံး၊ ပဲဝါလေး ၃ လုံး၊ ပဲလွန်း ဖြူ ၈ လုံး၊ ပဲလွန်း ၂၁ လုံး ဝင်ရောက်ခဲ့ ပါတယ်။         နှင်းဧကရီ - DTP