Main menu

Background

အိန္ဒိယနိုင်ငံမွန်ဘိုင်းတွင် ၂၀၁၄ ခုနှစ် မြန်မာ့မတ်ပဲဈေးသည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဈေးထက် ပိုမြင့် လာသည်

Thu, 05/08/2014 - 08:10 -- ydnar

 

မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင်သက်လျင်မိုးစပါး အထွက်ကောင်း စပါးမျိုး  ရိတ်သိမ်းပြီးပါက မတ်ပဲကို သီးထပ် အဖြစ်စိုက်ပျိုးကြသည်။မြေတွင်းအစိုဓာတ်ကိုအဓိကအားထား စိုက်ပျိုး ကြရသည်။နိုဝင်ဘာလတွင် စိုက်ပျိုးပြီး ဖေဖေါ်ဝါရီလတွင် မတ်ပဲ သစ်များ ဈေးကွက်သို့ စတင်ဝင်ရောက်လာသည်။

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံလည်းဖြစ်သည့်အပြင် မြန်မာ့မတ်ပဲကို ဝယ်ယူတင်သွင်းသော အိန္ဒိယနိုင်ငံသည် မတ်ပဲကို ဇူလိုင်လတွင် စိုက်ပျိုးပြီး အောက်တိုဘာနှင့်နိုဝင်ဘာလတွင် ရိတ်သိမ်း သည်။
မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် သက်လျင် မိုးစပါး အထွက်ကောင်း စပါးမျိုး  ရိတ်သိမ်းပြီးပါက မတ်ပဲကို သီးထပ် အဖြစ်စိုက်ပျိုးကြသည်။ မြေတွင်းအစိုဓာတ်ကို အဓိကအားထား စိုက်ပျိုး ကြရသည်။နိုဝင်ဘာလတွင် စိုက်ပျိုးပြီး ဖေဖေါ်ဝါရီ လတွင် မတ်ပဲ သစ်များ ဈေးကွက်သို့ စတင်ဝင်ရောက်လာသည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံလည်းဖြစ် သည့်အပြင် မြန်မာ့ မတ်ပဲကိုဝယ်ယူတင် သွင်းသော အိန္ဒိယနိုင်ငံသည် မတ်ပဲကို ဇူလိုင်လတွင် စိုက်ပျိုးပြီး အောက်တိုဘာနှင့်နိုဝင်ဘာလတွင် ရိတ်သိမ်း သည်။
အိန္ဒိယနိုင်ငံမွန်ဘိုင်းတွင်  ၂၀၁၄ခုနှစ် ဇန်န ဝါရီလမှ ဧပြီလစတုတ္ထပတ်ထိ မြန်မာမတ်ပဲဈေး(price movement )သည် ပြီးခဲ့သည့်၂၀၁၃ခုနှစ်အချိန်တူကာလ မြန်မာ မတ်ပဲ (Price movement)ဈေးအထက်တွင်ရှိနေသဖြင့် ၂၀၁၄ခုနှ စ် မြန်မာ မတ်ပဲဈေး သည်၂၀၁၃ခုနှစ် အချိန်တူကာလတွင်ဖြစ်ပေါ်ခဲ့ သည့် မြန်မာမတ်ပဲ ဈေးထက် ဈေးပိုမြင့်လာသည့် အခြေ အနေ ဖြစ်ပါသည်။ ရန်ကုန်တွင်လည်းအလားတူ အခြေအနေမျိုး ဖြစ်ပေါ် ခဲ့သည်။  ရန်ကုန်တွင် ၂၀၁၄ခုနှစ် ဇန်နဝါရီလမှ ဧပြီလစတုတ္ထပတ်ထိ မတ်ပဲ(RC)ဈေး (Price movement)သည်၊ ပြီးခဲ့သည့် ၂၀၁၃ခုနှစ် အချိန်တူကာလ မတ်ပဲ(RC)ဈေး (price movement )ဈေး အထက်တွင်ရှိသည်။
ပြီးခဲ့သည့်၂၀၁၃ခုနှစ်ဧပြီလစတုတ္ထပတ်တွင် အိန္ဒိယနိုင်ငံ မွန် ဘိုင်းတွင်ဖြစ်ပေါ်ခဲ့သော မြန်မာမတ်ပဲဈေးသည် တစ်မက် ထရစ်တန် ကို ကန်ဒေါ်လာ ၆၆၀ ရှိခဲ့သည်။ ၂၀၁၄ခုနှစ်ဧပြီလစတုတ္ထပတ် မြန်မာမတ်ပဲဈေးသည် တစ်မက်ထရစ်တန်ကို ကန်ဒေါ်လာ ၇၄၉ရှိသည်။ထို့ကြောင့်၂၀၁၄ခုနှစ်ဧပြီလစတုတ္ထပတ်မြန်မာမတ်ပဲဈေးသည်၂၀၁၃ခုနှစ်အချိန်တူကာလ ထက်၁၃ ရာခိုင်နှုန်းဈေး ပိုမြင့်လာသည်။
ရန်ကုန်တွင် ၂၀၁၃ဧပြီလစတုတ္ထပတ် မတ်ပဲ(RC)ဈေးသည် တစ်မက်ထရစ်တန်ကို ကန်ဒေါ်လာ ၆၂၈ ရှိခဲ့သည်။ ၂၀၁၄ခုနှစ် ဧပြီလစတုတ္ထပတ် မြန်မာမတ်ပဲဈေးသည် တစ်မက်ထရစ်တန်ကို ကန်ဒေါ်လာ ၆၇၇ ရှိသည်။ ထို့ကြောင့် ၂၀၁၄ခုနှစ်ဧပြီလစတုတ္ထပတ် မြန်မာမတ်ပဲဈေးသည် ၂၀၁၃ ခုနှစ်အချိန်တူကာလထက်၈ ရာခိုင်နှုန်း ခန့် ဈေးပိုမြင့်လာသည်။

၂၀၁၄  ခုနှစ်တွင် အိန္ဒိယနိုင်ငံမွန်ဘိုင်းမှ မြန်မာ့ မတ်ပဲဈေးသည် ၂၀၁၃ ခုနှစ်ထက် ဈေးမြင့်လာသောကြောင့် ရန်ကုန်တွင်လည်း ၂၀၁၄ခုနှစ်မတ်ပဲ(RC)ဈေးသည် ၂၀၁၃ ခုနှစ်ထက် ဈေးမြင့်လာ ခဲ့သည်။  လက်ရှိအခြေအနေတွင် အိန္ဒိယနိုင်ငံမွန်ဘိုင်းမှ မြန်မာ့ မတ်ပဲဈေးသည် အမြင့်ဘက်သို့ ဦးတည်နေပြီး ရန်ကုန်မတ်ပဲ(RC)ဈေးသည်လည်း အမြင့်ဘက်သို့ ဦးတည်သည့် အခြေအနေ တွင် ဖြစ်ပေါ်လျှက်ရှိကြောင်း စီစစ်သုံးသပ်ရရှိပါသည်။ 
မြန်မာနိုင်ငံအေက်ပိုင်းဒေသမှ မတ်ပဲ စိုက်ပျိုးသူ လယ်သမား များအတွက် ဝမ်းသာဖွယ်ရာ ဈေးကွက်သတင်း;(Market infor-mation ) ဖြစ် သည်ဟု ပြောဆိုရမည် ဖြစ်ပါသည်။  ၂၀၁၄ ခုနှစ် ဧပြီလတွင်ဖြစ်ပေါ်သော မတ်ပဲ(RC)ဈေးသည့် ပြီးခဲ့ သည့် ၂၀၁၄ ခုနှစ် ဧပြီလထက်ဈေးပိုမြင့်နေသဖြင့် သြင်္ကန်ကာလပြီးမှ မတ်ပဲ ရောင်းချသည့်လယ် သမားများအတွက်ဈေး အမြင့်နှင့်တွေ့ကြုံရ မည်ဖြစ်သဖြင့်၊ စီးပွားရေးတွက်ခြေ ကိုက်မည့်အခြေအနေဖြစ်ကြောင်း စိစစ်သုံး သပ်ရရှိပါသည်။