Main menu

Background

အိန္ဒိယသင်္ဘောကုမ္ပဏီများ ကုန်တင်ခနှုန်းထား ၃ဝ ရာခိုင်နှုန်းထိ တိုးမြှင့်

Thu, 03/25/2010 - 04:18 -- Anonymous (not verified)

    သင်္ဘောကုမ္ပဏီများဟာ လောင်စာဆီဈေးမြင့်တက်မှုကြောင့် ကွန်တိန်နာသယ်ယူခများကို ၁၅ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်လို့‌ကြေညာခဲ့ပါတယ်။ ကုန်ပစ္စည်းအမျိုးမျိူးအပေါ် ကုန်တင်ခများတိုးမြှင့်ခြင်းက ပြည်ပကတင်သွင်းတဲ့ ကုန်စည်များရဲ့ ဈေးနှုန်း ကို မြင့််တက်ဖို့ တွန်းအား ပေးဖွယ်ရှိပါတယ်။ ပျမ်းမျှအားဖြင့် ၂ဝ ပေကွန်တိန်နာ တစ်လုံးကို ကန်ဒေါ်လာ ၃ဝဝ ခန့်နဲ့ ၄ဝ ပေ ကွန်တိန်နာတစ်လုံးကို ကန်ဒေါ်လာ ၄ဝဝ ခန့်ထိ တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။ လောင်စာဆီဈေး မြင့်တက်ခြင်းနဲ့ ကမ္ဘာအရပ်ရပ်မှ ဥရောပကို သင်္ဘောတင်ပို့မှုတွေ တိုးတက်နေတာကြောင့် ခုလို ဈေးနှုန်း မြင့်တက်လာခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကွန်တိန်နာ သင်္ဘောလိုင်း ဖြစ်တဲ့ Hapag- Lloyd ဟာ အိန္ဒိယပြည်နယ် များမှဥရောပမြောက်ပိုင်းနဲ့ မြေထဲပင်လယ်ကို ၂ဝ၁ဝ ဧပြီလ ၁ရက်နေ့မှစပြီး ၂ဝ ပေ ကွန်တိန်နာတစ်လုံး ကို ကန်ဒေါ်လာ ၂ဝဝတိုးမြှင့်သွားမယ်လို့ ကြေညာခဲ့ပါတယ်။  နောက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Maersk လိုင်းကတော့ တောင်အာရှ၊ အနောက် အာရှမှ ဥရောပလမ်းကြောင်းကို ဖေဖော်ဝါရီလကထက နှုန်းထားတိုးမြှင့်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။