Main menu

Background

အိန္ဒိယ-အာဆီယံ အက်ဖ်တီအေမှ အကျိုးစီးပွားဖြစ်ထွန်းအောင်ဆောင်ရွက်

Wed, 02/10/2010 - 05:19 -- Anonymous (not verified)

   အိန္ဒိယ-အာဆီယံ လွတ်လပ်တဲ့ကုန်သွယ်မှု သဘောတူစာချုပ် (အက် တီအေ)ဟာ ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ စတင် အကောင်အထည်ပေါ်ခဲ့ပြီဖြစ်ပါတယ်။  အိန္ဒိယ-အာဆီ ယံဒေသမှာ မှီတင်းနေထိုင်သူဦးရေဟာ ၁ ဒသမ ၈ ဘီလီယံရှိပြီး စုစုပေါင်းဂျီ  ဒီပီက ဒေါ်လာ ၂ ဒသမ ၇၅ ထရီလျံ ရှိပါတယ်။ ဒီဒေသနှစ်ခုဟာ ပထဝီဝင်အနေအထားအရ နီးကယ်ထိစပ်မှုရှိနေ တဲ့အတွက် အိန္ဒိယ-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးအလားအလာတွေက ကြီးမားစွာဖြစ်ထွန်းတည်ရှိနေပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေကစပြီး အိန္ဒိယ နိုင်ငံဟာ "Look East Policy" ဆိုတဲ့ အရှေ့ဘက်သို့မျှော်ကြည့်ရေး မူဝါဒကို ျမှတ်ပြီး ပစိဖိတ်ဒေသနဲ့ အရှေ့တောင်အာရှဒေသနဲ့ ဆက်ဆံရေးကို အလေးထားဆောင်ရွက်ခဲ့ပါတယ်။   အကျပ်အတည်းကို အမြစ်ကလှန်ပြီး ဖြေရှင်းနိုင်ဖို့အတွက် အာရှဒေသဟာစုပေါင်းပြီး  ကြိုးပမ်းအားထုတ်သင့်တယ်လို့ အိန္ဒိယ ကုန်သည်ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (အက်ဖ်အိုင်စီစီအိုင်) ရဲ့ ဥက္ကဋ္ဌ ဟတ်ရှ်ပတ် ဆင်းဂါနီးယားကပြောကြားပါ တယ်။  အိန္ဒိယနဲ့ အာဆီယံရှိ စီးပွားရေးတွေဟာ ပြန်လည်နာလန်ထူလာပြီဖြစ်တဲ့အတွက် အာဆီယံ-အိန္ဒိယရဲ့ကုန်သွယ်မှုနဲ့ ရင်းနှီး မြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်လာပြီး ၂၀၁၀ ပြည့်နှစ်မှာ ဒေါ်လာ ၅၀ဘီလီယံထိ တိုးတက်လာရာမှ တစ်ဆင့်လာမယ့်ငါးနှစ်တာကာလ အတွင်း ဒေါ်လာဘီလီ ယံ ၁၀၀ အထိရောက်ရှိမယ်လို့ အိန္ဒိယအက်ဖ်အိုင်စီစီအိုင်က လေ့လာသုံးသပ်ထားပါတယ်။    အာဆီယံ-အိန္ဒိယဆက်ဆံရေး ခိုင်မာတောင့်တင်းဖို့ ကြိုးပမ်းဆောင်ရွက်ရာမှာ အခွင့်အလမ်းတွေရှိသလို စိန်ခေါ်မှုတွေရှိနေပါတယ်။ ဒါကြောင့် နှစ်ဖက်စလုံးက ပူးပေါင်းဆောင်ရွက်မှု အရှိန်လျော့ကျမသွားအောင် ထိန်းသိမ်းဖို့လိုတယ်လို့ ဒေလီဆွေးနွေးပွဲအဆင့် ၂ ကျင်းပစဉ်က အာဆီယံဒုတိယအထွေထွေ အတွင်းရေးမှူးချုပ် ပွတ်ရ်ှပါနာသန်ကပြောကြားခဲ့ပါတယ်။  Source: bernama.comဉာဏ်တင်