Main menu

Background

အိမ်ထောက်ဖက်ရွေးရာမှာစိတ်ထားကောင်းဖို့အဓိကဆိုတဲ့ ချစ်စနိုးဦး

Tue, 02/23/2010 - 09:18 -- Anonymous (not verified)

ပါးချိုင့်လေးနဲ့ ပရိသတ်တွေကို ဆွဲ ဆောင်နေတဲ့ သရုပ်ဆောင်ချစ်စနိုးဦး က ၂ဝ၁ဝ နှစ်ဆန်းမှာကားရိုက်တာတွေ လက်မလည်ဖြစ်နေ သလိုစင်မြင့်ထက်က ရှိုးပွဲတွေမှာလည်း မြင်တွေ့နေရပါတယ်။ အခု သြင်္ကန်သီချင်းခွေတွေမှာလည်း မြင်နေရပြီး သူမရဲ့အနုပညာ လှုပ်ရှားမှုလေးတွေကို ကောမတ်စ်ပရိသတ်အတွက် မေးမြန်းခဲ့ပါတယ်။ချစ်စနိုးဦး အခုဘာတွေလုပ်နေလဲ ဒါရိုက်တာညိုမင်းလွင်နဲ့ ရိုက်နေ တယ်။  FMF အတွက် သီချင်းတွေလုပ်နေတယ်။ ဒီနှစ်ထဲကားကြီး ဘယ်နှစ်ကား ရှိပြီလဲ။  နှစ်ကားရိုက်ပြီးသွားပြီ။ လဆန်းရိုက်မှာနဲ့ဆို သုံးကားပေါ့။ ပထ မကားက ''ရင်ကွဲနာ''၊ ဒရာမာကား မောင်နှမဇာတ်ပါ။ ဒုတိယကား က ''ဖလန်းဖလန်းထတဲ့အချစ်''၊ ဖန်စီ အပျော်ဇာတ်လေး။ အခုရိုက်မဲ့ ကားက လည်း ဖန်စီပါပဲ။ကားကြီးနဲ့ ဗီဒီယို သရုပ်ဆောင် ရတာ ကွာခြားမှုရှိသလား။ မကွာပါဘူး။ အဓိက တော့ ဇာတ်ကောင်ရဲ့ စရိုက်ကို အတိအကျ ဖြစ်အောင် လုပ်ပေး ရတာပဲ။ ဘယ်လို ဖက်ရှင်တွေ ကြိုက်လဲ။ အခုခေတ်စားနေတဲ့ ဒီဇိုင်း တွေကိုကြိုက်တယ်။ ဒါပေမယ့် ကာရိုက်တာနဲ့ ကိုက်မယ့် အဝတ်အစား တွေကို ဝတ်နေရတာများတယ်။အိမ်ထောင်ရေး စဉ်းစားပြီးလား။ ဘယ်လိုလူမိုျးကို အိမ်ထောင်ဖက်အဖြစ် ရွေးမှာလဲ။ သရုပ်ဆောင်အလုပ်ကို သေချာအချိန်ပေးလုပ်နေရလို့ အိမ်ထောင်ရေး မစဉ်းစားသေးပါဘူး။ ဒါပေမယ့် အိမ်ထောင်ဖက်အဖြစ် ရွေးမယ်ဆိုရင် ကိုယ့်အလုပ်ကို နားလည်ပေးနိုင်ရမယ်၊ ကိုယ့်ကိုချစ်ရမယ်၊ ကိုယ့်မိဘနဲ့လည်း အဆင်ပြေရမယ်။ အဓိကအချက်က စိတ်ထားကောင်းဖို့ပါပဲ။