Main menu

Background

အရောင်းအဝယ်ပါးသေ်ာလည်း ကားဈေးကွ့်တစ်ခုလုံးခြုံပြီး ဈေးတက်မှုရှိလာ

Wed, 06/17/2015 - 20:57 -- journal_editor

     ဇွန်လဒုတိယပတ်အတွင်း  ရန်ကုန်မြို့ ကားဈေးကွက်၏ အခြေအနေမှာ  ယခင်ရက်သတ္တပတ်များနည်းတူ ယာဉ်ဟောင်းအပ်နှံစလစ်ဈေးတန်း မာ နေပြီး အရောင်းအဝယ်များလည်း အေးနေကြောင်း သိရသည်။
ကားဈေးကွက်တစ်ခုလုံးတွင် အရောင်းအဝယ်အေးနေပြီး နံပါတ်ထွက် ပြီး အက္ခရာအနိမ့်ကားလေးများသာ အရောင်းအဝယ်အနည်းငယ်ရှိကြောင်း၊ စလစ်ကပ်များထဲတွင်လည်း နံပါတ်ထွက်ပြီးကားများကိုသာ ရွေးချယ်ဝယ်ယူမှု ရှိလာကြောင်း သိရသည်။
      ရန်ကုန်ကားဈေးကွက်ထဲတွင်   ပွဲစားတန်းများတွင်သာမက  ကား အရောင်းစင်တာများတွင်ပါ အရောင်းအဝယ်အေးနေပြီး စင်တာများတွင် ဝယ်ယူမှုရှိပါကလည်း နံပါတ်ထွက်ကားများနှင့် လူကြိုက်များကားများသာအနည်းငယ်ရောင်းချရကြောင်း၊ ဖရီးပါမစ်ဖြင့်တင်သွင်းသော အင်ဂျင်ပါဝါ သေးကားငယ်များမှာ ကားပါကင်ထောက်ခံချက်ရရှိရန်အတွက် အချိန်စောင့် ဆိုင်းရမှုများလာသဖြင့် ပြင်ပပေါက်ဈေး မြင့်တက်လာသလိုအဝယ်လည်းရှား လာပြီး တင်သွင်းမှုနည်းလာကြောင်း သွင်းပြီး ရောက်ပြီးကားများနှင့် အက္ခရာ တစ်တန်း  နှစ်တန်းနိမ့်ကားများသာ လက်ရှိပေါက်ဈေးထက်အနိမ့်ဖြင့် အရောင်းအဝယ်ရှိနေကြောင်း သိရသည်။
    ကားဈေးကွက်ထဲတွင် လက်ရှိစလစ်ကပ်တင်သွင်းသည့် ကားများမှာ လည်း စလစ်ဈေးတန်းမြင့်တက်နေခြင်း၊ ဒေါ်လာဈေးလည်း မြင့်တက်လာ ခြင်း၊ ကားတင်သွင်းခွန်ရာခိုင်နှုန်းလျော့ပေါ့မပေးတော့ခြင်းစသည့် အချက် များကြောင့် စလစ်ကပ် အင်ဂျင်ပါဝါကြီးကားများမှာ တင်သွင်းသူနည်းပါးလာပြီး အရောင်းစင်တာများတွင်ရှိ နံပါတ်ထွက်ပြီး၊ လူကြိုက်များသည့် ဝှရှ်ကဲ့သို့၊ အာအေဗီ (၄) ကဲ့သို့ ဝက်ဂွန်များသာ အနည်းငယ်အဝယ်ရှိတော့ကြောင်း၊ လတ်တလောကျောင်းဖွင့်ရာသီဖြစ်နေသော်လည်း မနှစ်ကကဲ့သို့ဝယ်လိုအား မရှိဘဲ နယ်ဝယ်လက်များလည်းနည်းသွားကြောင်း၊ ကားဈေးကွက်ထဲတွင် အဝယ်ပါးပြီး၊ အမေးသာများနေကြောင်း ဝါရင့်ဝယ်ရောင်းအကျိုးဆောင် ကိုမြင့်ကျော်မှ ပြောသည်။
    ယခုရက်သတ္တပတ်အတွင်း နှစ်နှစ်ဆယ်ကားစလစ် ၆၇ မှ ၆၈သိန်း၊ စက်မှုဇုန် ၆၃မှ ၆၅သိန်း၊  မြန်မာမီနီ ၅၆မှ ၅၈သိန်းပေါက်ဈေးရှိနေပြီး စလစ် ရှားလာသလို အဝယ်နည်းလာကြောင်း၊ အပြောင်းအလဲတစ်စုံတစ်ရာမရှိသေး ပါက ဒီထက်ဆက်တက်ရန်မြင်ကြောင်း၊ ယင်းကဲ့သို့ အားလုံးလိုက်တက်နေသည့် ဂယက်ကြောင့် အက္ခရာအနိမ့်တင်သွင်းပြီး တစ်နှစ်စီးကားဟောင်းများပင် ဈေးတန်း အနည်းငယ်လိုက်လာသည်ကိုတွေ့ရကြောင်း ၎င်းင်းမှပြောသည်။ 

SN