Main menu

Background

ရန်ကုန်စတော့အိတ်ချိန်းတွင်ပါဝင်မည့်ကုမ္ပဏီများကို ယခုလအတွင်း ထုတ်ပြန်ကြေညာမည်

Wed, 07/15/2015 - 21:04 -- journal_editor

ရန်ကုန်စတော့အိတ်ချိန်းတွင်ပါဝင် ဆောင်ရွက်ကြမည့်ကုမ္ပဏီများအား ယခု လအတွင်း ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်များအရ သိရသည်။
''စတော့အိတ်ချိန်းမှာ ပါဝင်ဆောင်ရွက်ကြမယ့်ကုမ္ပဏီတွေရဲ့ အမည်စာရင်း ကို ဒီလထဲမှာ ကြေညာသွားမှာပါ။ အရင်တုန်းက ဇွန်လထဲမှာ ကြေညာမယ်လို့ ပြောခဲ့ပေမယ့် စတော့အိတ်ချိန်းမှာ ပါဝင်ကြမယ့်ကုမ္ပဏီတွေရဲ့ အရည်အချင်းက အရေးကြီးပါတယ်။ စတော့အိတ်ချိန်းကို စတင်နိုင်ဖို့အတွက် လုပ်ဆောင်နေတာ မှာ ခုချိန်မှာ  အဆင်သင့်ဖြစ်နေပါပြီ''ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားခဲ့သည်။
ယင်းစတော့ဈေးကွက်လုပ်ငန်းကို စတင်ရန် ၂၀၁၅ခုနှစ်ဇန်နဝါရီလကတည်း က စတင်ကြေညာခဲ့ပြီး အောက်တိုဘာလအတွင်း လုပ်ငန်းများ စတင်ဆောင်ရွက် သွားရန် စီစဉ်ထားသည်။ သို့သော် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ အဆင်ပြေစေရန်အတွက် ဒီဇင်ဘာလရောက်မှသာ စတင်မည်ဖြစ်ကြောင်း သိရ သည်။
ယခုအခါတွင် ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ပါဝင်လှုပ်ရှား နိုင်ရန် အတွက် ကုမ္ပဏီပေါင်း ၅၇ခုမှ လျှောက်လွှာများတင်ထားပြီး စတော့အိတ်ချိန်းတွင် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီတွင် အစုရှယ်ယာထုတ်ရောင်းမည့် ကုမ္ပဏီသို့ လိုအပ်သည့်ငွေများကို  စိုက်ထုတ်ပေးမည့်အာမခံခြင်း၊ အစုရှယ်ယာရောင်းသူနှင့် ဝယ်သူကြားတွင် ဆက်သွယ်ပေးမည့်(ကြားပွဲစား)သူများ  ထားရှိခြင်း၊ အစုရှယ် ယာထုတ်ရောင်းရန် သင့်၊ မသင့်ကို အကြံÓဏ်များပေးခြင်း၊ ကုမ္ပဏီများ၏အရှုံး အမြတ်ကိုလေ့လာ၍ အကြံပေးခြင်းဟူ၍ လုပ်ငန်းလေးမျိုး ခွဲခြားထားကြောင်း သိရသည်။
ဒီဇင်ဘာလ ပထမပတ်အတွင်း စတင်ဖွင့်လှစ်မည့်  ရန်ကုန်စတော့အိတ် ချိန်းရုံးကို ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ အဆောက် အအုံ (ယခင် မြဝတီဘဏ်အဆောက်အအုံဟောင်း) အား ပြင်ဆင်မွမ်းမံမှုများပြု လုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါရန်ကုန်စတော့အိတ်ချိန်းတွင် မြန်မာ့စီးပွားရေးဘဏ်မှ ၅၁ရာခိုင် နှုန်းနှင့် ဂျပန်နိုင်ငံမှ ဒိုင်ဝါကုမ္ပဏီနှင့် ဂျပန်စတော့အိတ်ချိန်းတို့မှ ၄၉ ရာခိုင် နှုန်း  ပါဝင်ကာ စတော့ဈေးကွက်တစ်ရပ်ကိုထူထောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မယ်သီတာ