Main menu

Background

စလစ်ဈေးတန်းတည်ငြိမ်နေပြီး ကားငယ်ဈေးကွက် အနည်းငယ်လှုပ်ခတ်လာ

Wed, 07/15/2015 - 21:05 -- journal_editor

ဇူလိုင်လ၏ ဒုတိယရက်သတ္တပတ် ရန်ကုန်မြို့    ကားဈေးကွက်၏ အခြေ အနေမှာ  အေးနေဆဲဖြစ်ပြီး ဝက်ဂွန် ကားအနည်းငယ်နှင့် တစ်နှစ် နှစ်နှစ် ခန့်ပြည်တွင်းသုံးပြီး   ကားငယ်များ၊  ဖရီးပါမစ်ကားလေးများ အနည်းငယ် အရောင်းအဝယ်ရှိကြောင်း သိရသည်။ရန်ကုန်  ကားဈေးကွက်အတွင်း ယာဉ်ဟောင်းအပ်နှံစလစ်ဈေးနှုန်းများ အတက်အကျမရှိသော်လည်း  စလစ် ဈေးကွက်အရောင်းအဝယ်  အေးနေ ကြောင်းသိရသည်။  ယခု အချိန် သည် ဒေါ်လာဈေးနှုန်းများပြန်လည်ကျဆင်း နေသော်လည်း  အတက်အကျမငြိမ် သေးသဖြင့်ကားလောကအတွင်း ရင်းနှီးမြှုပ်နှံသူများ၊  အထူးသဖြင့်တစ်ပိုင်တစ်နိုင်သမားများအား ဈေး ကွက်စောင့်ကြည့် လျက် ရှိနေကြသည်။ ထို့အပြင် ပြည်ပကား လေလံဈေးကွက် တွင်လည်း လေလံဈေးများ မြင့်တက် လာကာ  အခြားအထွေထွေကုန်ကျ စရိတ်များလည်း မြင့်တက်နေသဖြင့်   ချင့်ချိန်နေသည့်သဘော ဖြစ်နေ သည့် အတွက်    ဈေးကွက်ငြိမ်နေခြင်းြ ဖစ် ကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်က ပြောသည်။မနှစ်ကမိုးရာသီတွင် အရောင်း အဝယ်ဖြစ်ခဲ့သည့်   ဖိုးဝှီးလ်ဝက်ဂွန်များ ယခုနှစ်တွင်   ဈေးကွက်အေးနေပြီး အဓိကအားဖြင့်နယ်ဝယ်လက်အဆင်း နည်းသွားကြောင်း၊လတ်တလောအသုံး လိုသဖြင့်ဝယ်ယူသူများသာရှိပြီး   သိန်း ၃၀၀ အထက်ပါရာဒို  စသည့်ကားများ အဝယ်အေးကာ သိန်း ၂၀၀ ဝန်းကျင်ရှိ စီအာဗီ၊   အာအေဗွီ (၄)  စသည့်ကား များ သိန်း ၂၀၀နှင့် သိန်း ၃၀၀သိန်း ကြားရှိသည့် ကလူဂျာ အမျိုးအစား အချို့သာ  အရောင်းအဝယ်  အနည်း ငယ်ရှိကြောင်း သိရသည်။ကားလေးဈေးကွက် တွင် အက္ခရာ ၂ တန်း၊ ၃ တန်းနိမ့်၊ ၁ နှစ်၊ ၂ နှစ်  ခန့်  ပြည်တွင်းသုံးပြီး    ကားလေးအချို့၊ အထူးသဖြင့်ရုပ်ထွက်ကောင်းသာကား များမှာမူ တစ်ပတ်ရစ်ဈေးကွက်အဖြစ် အရောင်းအဝယ်ရှိနေကြောင်း (ပါကင် ဈေးကျလာသဖြင့်) ဟွန်ဒါဖစ် ၆၆၀ စီစီ ကားများနှင့် ဖရီးပါမစ်  ကားများထဲ တွင် လတ်တလော  အဝယ်ရှိသည်မှာ ပရိုဘောက်ကားများဖြစ်ပြီး ကုန်ချိန် များများ တွဲဖက်တင်နိုင်သဖြင့် နယ် ဈေးကွက်တွင်ပါ  ဈေးကွက် ကျယ်ပြန့် လာကြောင်း၊   နယ်မှအဝယ်များသဖြင့် ပြည်ပမှပိုမိုတင်သွင်းလာပြီး ပြည်တွင်း မှာလည်း  အနည်းငယ်ဈေးမြင့်လာ ကြောင်း သိရသည်။ကားဈေးကွက်    တစ်ခုလုံး အရောင်းအဝယ်အေးနေသော်လည်း ဈေးတန်းမှာ တဖြည်းဖြည်းခြင်း မြင့် တက်လာသည်ကိုတွေ့ရကြောင်း တက္ကစီ အငှားယာဉ်ဈေးကွက်ထဲ တွင်ဈေးတန်း အနည်းငယ်  မြင့်တက်မှုရှိသော်လည်း အက္ခရာနိမ့်   ကားဟောင်းများသာ အရောင်းအဝယ်ရှိကြောင်း၊ ရန်ကုန် တွင် ယာဉ်ကြောကျပ်တည်းမှုပြဿနာ ကိုဖြေလျှော့နိုင်မည့်    တက္ကစီအငှား ယာဉ်လုပ်ငန်းစုကြီး များ ပေါ်ပေါက် လာပြီး ဂျီပီအက်(စ်) စနစ်ကို အသုံးပြု ဆောင်ရွက်ထားသဖြင့် လူအများစိတ် ဝင်စားနေကြကာ   အချို့ကိုယ်ပိုင် တက္ကစီယာဉ်မောင်းများအတွက်အခွင့် အလမ်းတစ်ရပ်  ပေါ်ပေါက်လာနိုင် ကြောင်း ဝါရင့် ကိုယ်ပိုင်တက္ကစီယာဉ် မောင်း ဦးစိန်မှပြောသည်။
SN