Main menu

Background

ကားဈေးတန်းတက်လာသော်လည်း အရောင်းအဝယ်အေးလာသည့် ကားဈေးကွက်

Tue, 06/14/2016 - 15:40 -- journal_editor

             ဇွန်လလယ်ထဲ ရောက်ရှိလာသော ရန်ကုန် မြို့ကားဈေးကွက်မှာ အစပိုင်းကောင်းတော့မလိုနဲ့ ဈေးတန်းများ မာလာ ကာ အရောင်းအဝယ်   ပြန်လည်အေးသွားကြောင်း  သိရသည်။ ရန်ကုန်ကားဈေးကွက်ထဲတွင် ဖရီးပါ မစ် ကားများမှာ သြင်္ကန်ပွဲတော်ကာလပြီးကတည်းက   အကြားသတင်း  အမျိုး မျိုးနဲ့  ကားပါကင်နေရာ  ထောက်ခံချက်ကိစ္စများကြောင့် ဈေးကွက်ထဲတွင်  စောင့်ကြည့်သူများပြီး  အရောင်းအဝယ် နည်းနေရာမှ အခွန်ကောက်ခံမှု ကိစ္စ ထွက်ပေါ်လာပြီး ယခု ဇွန်၁ ရက်မှစ၍ ဖရီးပါမစ်ကားများအားကြိုတင်ဝင်ငွေခွန် စတင်ကောက်ခံလာသဖြင့်  အခွန်မူဝါဒအသက်ဝင် လာပြီဖြစ် ပြီး အင်ဂျင်ပါဝါ  ၁၃၀၀ စီစီနှင့်  အောက်ကားများ  ပါဝင်ကာ ရန်ကုန်ကားပါက င်ထောက်ခံချက်စနစ် ပြန်လည်လုပ်ဆောင် ခြင်းမရှိသေးသဖြင့်  နယ်လိုင်စင်ကားများသာ  များကြောင်း သိရသည်။
             ပုံမှန်အခြေအနေအရဆိုလျှင်  မေလကုန်၊ ဇွန်လဆန်း ပိုင်းကာလသည် ကျောင်းအပ်နှံရာသီ နှင့် ကျောင်းဖွင့်စကာလ ဖြစ်သဖြင့် အရောင်း အဝယ်ကောင်းလေ့ရှိသော်လည်း ယခု နှစ်တွင်မူ အထက်ပါကိစ္စရပ်များပါေ ပါင်းစပ်ကာ  ကားဈေး မြင့်တက်လာသော်လည်း  အရောင်းအဝယ်  အေးသွားရခြင်း ဖြစ်ကြောင်း  ဝါရင့်ဝယ်ရောင်း ကြီးများမှသုံးသပ်ကြသည်။ ယခုအချိန်  ဖရီးပါမစ်ကားဝယ်လိုသူများက  ဈေးတန်း မျှတသည့် အက္ခရာနိမ့်ကား များသာ  ရှာဝယ်ပြီး နောက်ဆုံး အက္ခရာစီးလိုသူများက  ပဲခူးလိုင်စင်၊  မန္တလေးလိုင်စင်စသည့် နယ်လိုင် စင်များဖြင့်သာ  L အက္ခရာတန်းရသဖြင့်  နယ်လိုင် စင်များဖြင့်ပြုလုပ်လာကြသော်လည်း  ရေရှည်ကိုမျှော်မှန်းပြီး ကန့်သ တ်မှုများ ထပ်မံပြုလုပ်  လာနိုင်သဖြင့်  အနည်းစုသာ နယ်လိုင်စင် ဝယ်ကြကြောင်းသိရသည်။
            ဈေးတက်ပြီဆိုလျှင် အားလုံးလိုက်တက်သည့်  သဘာ၀ အရယခုအခါ စလစ်ထုတ်ယာဉ် ဟောင်းများလည်း ရှားလာ သဖြင့် စလစ်တစ်စောင် ၈၇ သိန်းခန့်၊  နှစ် ၂၀ စလစ်ထုတ်ကား တစ်စီး သိန်း ၈၀/၈၁ သိန်းခန့်ရှိ လာကြောင်း၊  ရှေ့လျှောက် ဈေးတက်ဖို့သာမြင်ကြောင်း၊ အငှားယာဉ်အုပ်စုမှ  တက္ကစီများ လည်း နက်/နီမပြောင်း သဖြင့်လည်းကောင်း၊တက္ကစီလိုင်စင် ထပ်မံ ချမပေးဟု ကြေညာချက်ထွက်ပေါ်လာသဖြင့်  ယင်း တက္ကစီများလ ည်း ၁၀ သိန်း ၁၅ သိန်းခန့်  ထပ်မံ မြင့်တက် လာကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်က  ပြော သည်။   

 

SN