Main menu

Background

ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေစေရန် ကားပါကင်ထောက်ခံချက်ရယူရန် မလိုဘဲ မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုသွားမည်

Tue, 06/21/2016 - 11:40 -- journal_editor

          ကုန်စည်ပို့ဆောင်ရေးနှင့်ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ကား ပါကင်ခွင့်ပြုချက်ရယူရန် မလိုဘဲ မော်တော်ယာဉ်များကို တင်သွင်း ခွင့်ပြုသွားမည်ဖြစ်ကြော င်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့တို့၏ ညှိနှိုင်းချက်များအရ သိရသည်။ ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရာတွင် အသုံးပြုသော ယာဉ် များ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံးယာဉ်ယန္တရားများ၊ လယ်ယာ လုပ်ငန်းခွင်သုံးယာဉ်ယန္တရား များတင်သွင်းရာတွင် လုပ်ငန်းလုပ်ကိုင် သောကုမ္ပဏီအများစုမှာ စီးပွားရေး အချက်အခြာကျသော ရန်ကုန် မြို့တွင် ရုံးခန်းဖွင့်လှစ် ထားခြင်းကြောင့် ကုမ္ပဏီ၏လိပ်စာမှာ ရန်ကုန်လိပ်စာဖြစ်သော်လည်း လုပ်ငန်းသုံးယာဉ်ယန္တရားနှင့် ခရီးသည်တင်ယာဉ်အများစု၏လုပ်ငန်းများမှာ နိုင်ငံတစ်ဝန်းနေရာဒေသအသီးသီးတွင် သွားလာဆောင်ရွက်ခြင်း၊ ကုန်စည် နှင့် ခရီးသည်ပို့ဆောင် ခြင်းများဆောင်ရွက်နေသည့်အတွက် ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများနှင့် တိုက်ရိုက်ပတ်သက်မှုနည်းပါးသည့်အပြင် ကုန်တင်ယာဉ်နည်းပါးခြင်း၊ ခရီးသည်တင် ယာဉ်မလုံလောက်ခြင်းများကြောင့် မလို လားအပ်သော သယ်ယူပို့ဆောင်ခများ ကြီးမြင့်ခြင်းများရှိလာ ကြောင်း တင်ပြချက်များအရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေ ဖြင့် မော်တော်ယာဉ်တင်သွင်းခြင်းလုပ်ငန်းများ နှင့် စီးပွားရေး လုပ်ငန်းများေ ဆာင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများ တွင် အဆင်ပြေချောမွေ့စေရန်တို့အတွက် ရန်ကုန် မြို့တွင် ယာဉ် အသုံးပြုမှုနည်းပါးသည့် သုံးတန်နှင့်အထက် Truck ကားများ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်သုံးယာဉ်ယန္တရားများ၊ City Bus, Express Bus များ၊ ရေသယ်ယာဉ်များ၊ မီးသတ်ရေယာဉ်များ၊ လယ်ယာလုပ်ငန်းခွင်သုံးယာဉ်ယန္တရားများအပြင် ကျန်းမာရေးနှင့် လူမှုရေးကဏ္ဍတို့ တွင် အ သုံးပြုရန်အတွက် လှူဒါန်းသည့် လူစီးယာဉ် များဖြစ်သော ကျန်းမာရေးဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် တင်သွင်းသည့် လူနာတင်ယာဉ်များ၊ လူမှုရေးအသင်း အဖွဲ့များအတွက်လှူဒါန်းသည့် နိဗ္ဗာန်ယာဉ်များ၊ သာသနာရေး ဝန်ကြီး ဌာန၏ ထောက်ခံချက်ဖြင့် တင်သွင်းသည့်သာ သနာရေးဆိုင်ရာယာဉ်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကားပါကင် ထောက်ခံ ချက်ရယူရန်မလိုဘဲ တင်သွင်းခွင့်စီစဉ်ဆောင်ရွက်လိုသည့်ကိစ္စ အပေါ် သေ ဘာထား မှတ်ချက် ပြန်ကြားပေးပါ ရန်နှင့် ကျန်မော်တော် ယာဉ်များတင်သွင်းခြင်းအတွက် ကားပါကင်ထောက်ခံချက် ရယူရန် လိုအပ်သည့်ကိစ္စအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီ အစဉ် အတိုင်းဆက်လက်ဆောင် ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြီးခဲ့သည့် မေလ ၂၇ ရက်က မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီနှင့်ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့ ညှိနှိုင်းထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
              ထို့ပြင် ဇွန်လ ၁၀ ရက်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့သည့် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်မှုကော်မတီ၏ (၂/၂၀၁၆) ကြိမ်မြောက်အစည်း အဝေးတွင် ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများတွင် အဆင်ပြေချောမွေ့စေရန်အတွက် ရန်ကုန်မြို့တွင်းအသုံးပြုမှုနည်းပါးသည့် ငါးတန်နှင့်အထက် Truckကားများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဉ် ယန္တရားများ City Bus, Express Bus များ၊ ရေသယ်ယာဉ်များ၊ မီးသတ်ရေယာဉ်များ၊ လယ်ယာလုပ်ငန်းခွင်သုံး ယာဉ်ယန္တရားများအပြင် ကျန်းမာရေးနှင့်လူမှုရေးကဏ္ဍတို့တွင် အသုံးပြုရန်အတွက် လှူဒါန်းသည့် လူစီးယာဉ်များြ ဖစ်သော ကျန်းမာ ရေးဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့် တင်သွင်းသည့် လူနာတင်ယာဉ်များ၊ လူမှုရေးအသင်းအဖွဲ့များအတွက် လှူဒါန်းသည့် နိဗ္ဗာန် ယာဉ်များ၊ သာသနာရေးဝန်ကြီးဌာန၏ ထောက်ခံချက်ဖြင့်တင်သွင်းသည့် သာသနာရေးဆိုင်ရာယာဉ်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကားပါကင်ထောက်ခံချက်ရယူရန်မလိုဘဲ တင်သွင်းခွင့်ပြုပေးသွားရန် ညှိနှိုင်းခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မော်တော်ယာဉ်တင်သွင်းခြင်း လုပ်ငန်း များနှင့် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်နှင့် ကုန်စည်ပို့ဆောင်ရေးနှင့် ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများတွင် အဆင်ပြေချောမွေ့စေရန်တို့အတွက် အဆိုပါယာဉ်များအား ဇွန် ၁၅ ရက် နော က် ပိုင်းမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ကားပါကင်ထောက်ခံချက်ရယူရန်မလိုဘဲ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများကြီးကြပ်ရေးကော်မတီက ရန်ကုန် တိုင်းေ ဒသကြီးအစိုးရအဖွဲ့သို့ အကြောင်းကြားထား ကြောင်း သိရသည်။