Main menu

Background

ရန်ကုန်ကားဈေးကွက် အေးသည်ထက်အေးလာ

Tue, 07/26/2016 - 15:55 -- journal_editor

ဇူလိုင်လနှောင်းပိုင်း  ရန်ကုန်ကားဈေးကွက်၏ အခြေ အနေမှာ ယခင်တစ်ပတ်များထက်ပင်  ဈေးအေးသည်ထက် အေးနေပြီး အရောင်းအဝယ်များလည်း နည်းပါးကာ ကား ပွဲစားတန်းနေရာများနှင့်  အရောင်းစင်တာများတွင်ပါမူ  လူ အဝင်အထွက် ကျဲနေကြောင်း သိရသည်။ရန်ကုန်ကားဈေးကွက်အတွင်း  ကားအရောင်းအဝယ် နည်းပါးသွားပြီး  ဈေးကွက်အေးနေသော်လည်း  ရန်ကုန်ရှိ ဆိပ်ကမ်းများတွင် ကားအဝင်များသိသိသာသာလျော့ကျခြင်း မရှိဘဲ  ဆက်လက်  ဝင်ရောက်လျက်ရှိကြောင်း၊    ယင်းသို့ အရောင်းအဝယ်ပါးသော်လည်း  ကားများ ဆက်လက်ဝင် ရောက်နေရခြင်းမှာ ရန်ကုန်ကားဈေးကွက်အတွင်းသို့  ဖရီး ပါမစ်ကားများ နယ်လိုင်စင်ဖြင့်   မှတ်ပုံတင်ပြီးစီးနင်းနေ ကြသည့်  သဘောပင်ဖြစ်ပြီး၊ ရန်ကုန်အနီးတစ်ဝိုက်မြို့များမှ  လိုင်စင်များသာမက  မန္တလေးလိုင်စင်ဖြင့်  မှတ်ပုံတင်ကား များပါ ပါဝင်ကြောင်း၊  ဧပြီလနောက်ပိုင်းမှစတင်၍ ရန်ကုန်ကားဈေးကွက်အတွင်း   ဖရီးပါမစ်ကားများ   ကားပါကင် ထောက်ခံချက်စနစ်  ရပ်တန့်သွားပြီး  နောက်ပိုင်းကား တင်သွင်းမှုစနစ်  ပြောင်းလဲသွားသည့်ပုံစံဖြစ်ကြောင်း၊ စလစ်ကပ်ကားများမှာ လည်း   မေလလယ်ခန့်က  ဈေး တန်း မြင့်တက်ကာအားကောင်းခဲ့သော်လည်း  နောက် ပိုင်းတွင် အကြားသတင်းများကြောင့်  စလစ်ဈေးတန်းများ ပြန်လည် ဈေးကျလာကာ  စလစ်ကပ်ကားများလည်း  ဈေးပြန်အေးသွားကြောင်း၊ လတ်တလောအခြေအနေမှာ ဇူလိုင်တတိယ ပတ်ခန့်က  နိုင်ငံတော် အဆင့် ပုဂ္ဂိုလ်များနှင့်  ရန်ကုန်တိုင်း အစိုးရအဖွဲ့တို့  တွေ့ဆုံညှိနှိုင်းအဖြေရှာကြသည့် သတင်း ကြောင့် ကားဈေးကွက်၏  ဦးဆောင်ဖြစ်နေသည့် ရန်ကုန်ကား ဈေးကွက်အတွင်း အခြေအနေစောင့်ကြည့်ခြင်းများဖြစ်ပေါ်ကာ  ယခုကဲ့သို့  ကားဈေးကွက်အေးသည်ထက်အေးလာရခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိ ရန်ကုန်ဈေးကွက်ထဲတွင်သုံးပြီး အက္ခရာနိမ့် ကားများ  သိန်း ၁၀၀ ဝန်းကျင်၊  တစ်ရာစွန်းစွန်း ကားလေးများ နှင့် လုပ်ငန်းသုံးကားဟောင်းများသာ အနည်းငယ်အရောင်း အဝယ်ရှိပြီး  စလစ်ကပ်ကားများထဲတွင်မူ  လူသုံးများကားများ ဖြစ်သည့်  ရက်ဖိုး၊ စီအာဗီ၊  ကလူဂျာ၊ အယ်လ်ဖတ်စသည့် ၁၈၀၀ စီစီမှ ၂၄၀၀^၃၀၀၀ စီစီ အထိ အင်ဂျင်ပါဝင်ကြီးကား များ၊ အက္ခရာသုံးတန်း၊  နှစ်တန်းနိမ့်ကားများလည်း  အနည်း ငယ် အရောင်းအဝယ်ရှိကြောင်း၊  အငှားယာဉ် (တက္ကစီ) များလည်း အက္ခရာနိမ့်  စီအန်ဂျီသုံးယာဉ်များ  အရောင်း အဝယ်ရှိပြီး၊ စလစ်ဈေးတန်း  သိန်း ၈၀ ဝန်းကျင်ကျဆင်းလာ သဖြင့် လက်တင်စီး၍ရသော  နှစ် ၂၀ သက်တမ်းရှိကားများမှာ စလစ်ဈေးကျသော်လည်း ရုပ်ခံကောင်းသော အပ်ကားဈေးမှာ သိန်း ၈၀  အထက်ဖြင့် ဈေးကွက်တစ်ခုဖြစ်နေကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်မှ ပြောသည်။  
SN