Main menu

Background

ပြည်ပမှ မော်တော်ယာဉ်များတင်သွင်းရာတွင် ထုတ်လုပ်သည့်ခုနှစ်များအား သတ်မှတ်

Fri, 12/09/2016 - 12:37 -- journal_editor

            ပြည်ပမှမော်တော်ယာဉ်များ တင်သွင်းခြင်းနှင့်ပတ်သက်၍ မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီက ၂၀၁၇ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းရာတွင် ထုတ် လုပ်သည့်ခုနှစ် သတ်မှတ်ခြင်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် နိုဝင်ဘာလ ၃၀ ရက် ရက်စွဲ ပါအမိန့်ကြော်ငြာစာအမှတ်(၁/၂၀၁၆) ဖြင့် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။ အဆိုပါထုတ်ပြန်ကြေ ညာချက်တွင် ယာဉ်အိုယာဉ်ဟောင်းအစီအစဉ်၌ ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်းရှိ လူစီးမော်တော်ယာဉ်များ၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၇ခုနှစ်အတွင်းရှိ ၁၃၅၀ စီစီနှင့် အောက်လူစီးယာဉ်များ (ယင်း မော်တော်ယာဉ်များကို တင်သွင်း ရာတွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ် အတွင်း မော်တော်ယာဉ်များကို တင်သွင်းရာ၌ ဘယ်မောင်းယာဉ်များကို သာတင်သွင်းရန်)၊ ၂၀ဝ၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်းရှိ ကုန် တင်ယာဉ် များ၊ ၂၀ဝ၇ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်းရှိ ခရီး သည်တင်ယာဉ်များကို တင်သွင်းရမည်ဖြစ်သည်။
           လူပုဂ္ဂိုလ်တစ်ဦးချင်းအစီအစဉ်တွင်  ၁၃၅၀ စီစီနှင့်အောက်လူစီးယာဉ် များအပါအဝင် ယာဉ်များကိုတင်သွင်းရာတွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ် အတွင်းရှိ ဘယ်မောင်းများကိုသာတင်သွင်းရမည်ဖြစ်သည်။ ထို့ပြင် ၂၀ဝ၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်းရှိ ကုန်တင်ယာဉ်များ၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်းရှိ ခရီးသည်တင်ယာဉ်များ ((Express) ကိုတင်သွင်းရာ၌ ဘယ် မောင်းများကိုသာ တင်သွင်းရန်၊ မြို့တွင်းပြေးဆွဲသည့်ခရီး သည်တင်ယာဉ် များ (Mini Bus/City Bus ) ကိုတင်သွင်းရာတွင် ၂၀ဝ၇ ခုနှစ်မှ ၂၀၁၇ ခုနှစ် အတွင်းရှိသည့် ဘယ်မောင်းယာဉ်များကိုသာ တင်သွင်းရန်ဖြစ်သည်။ အလားတူFOC စနစ်ဖြင့် ပြည်ပမှလှူဒါန်းသည့်မော်တော်ယာဉ် ပါမစ်လျှောက်ထားမှု အပါအဝင် ပုံမှန်လိုင်စင်ဖြင့်  မော်တော်ယာဉ်လျှောက် ထားရာတွင် ၂၀၁၅ခုနှစ်မှ ၂၀၁၇ခုနှစ်အတွင်းရှိ လူစီးယာဉ်များ (ဘယ် မောင်း)၊ ၂၀ဝ၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်းရှိ လုပ်ငန်းသုံးယန္တရားများ၊ ၂၀ဝ၁ခုနှစ်မှ ၂၀၁၇ ခုနှစ်အ တွင်းရှိ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန် ယာဉ်များ၊ ၂၀ဝ၇ခုနှစ်မှ ၂၀၁၇ခုနှစ်အတွင်းရှိ သာသနာရေးဆိုင် ရာယာဉ်များ၊ ခရီးသည်တင်ယာဉ်များ၊ မြို့တွင်းပြေးဆွဲယာဉ်များ (Mini Bus/City Bus) များ၊ ၂၀၁၂ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်းရှိခရီးသည်တင် ယာဉ်များ (Express) (ဘယ်မောင်း)တင်သွင်းရန်ဖြစ်သည်။
            အစိုးရဌာနများမှမော်တော်ယာဉ် လျှောက်ထားပါက ၂၀၁၅ခုနှစ်မှ ၂၀၁၇  ခုနှစ်အတွင်းရှိ လူစီးမော်တော်ယာဉ်များ(ဘယ်မောင်း)၊ ၂၀ဝ၇ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်းရှိ လုပ်ငန်းသုံးယာဉ်/ခရီး သည်တင်ယာဉ်/ ကုန်တင် ယာဉ်/ယန္တရားများ တင်သွင်းရန်ဖြစ်သည်။ သို့သော် နိုင်ငံတော်အတွက် လှူဒါန်းသည့် မီးသတ်ကားနှင့်လူနာတင် ယာဉ်များ လျှောက်ထားရာတွင် ၂၀ဝ၀ ခုနှစ်မော်ဒယ်အထိသာ လက်ခံ ဆောင်ရွက်ပေးမည်ဖြစ်သည်။ အလားတူ အများပြည်သူသုံးလမ်းမများပေါ်တွင် မောင်းနှင်အသုံးပြု ခြင်းမရှိသည့် Execavator, Bulldozer, Wheel Loader, Vibratory Roller, Clamp Loader, Motor Graderm Road Roller Compactor, Bridge Crane, Gantry Crane, Tower Crane, Pilling Machine, Crawler Drill/ Crane, Overhead Travelling Crane, Mobile Crane, Rough-Terrain Crane, Forklift စသည့် လုပ်ငန်းသုံးယန္တရား ၁၆ မျိုးအား လွန်ခဲ့သော နှစ် ၂၀ အတွင်းက ထုတ်လုပ်သည့်ယာဉ်များအဖြစ် တင် သွင်းခွင့်ပြုမည်။
           ထို့ပြင် နိုင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့များမှ ဝယ်ယူခြင်းအတွက် ယာဉ်အိုယာဉ်ဟောင်း အစီအစဉ်နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းအစီအစဉ်တွင် သတ်မှတ်ထားသည့်ပြဌာန်းချက်များ အတိုင်း အရောင်းစင်တာများ၊ ပြခန်းများမှ ဝယ်ယူခွင့်ပြုမည်ဖြစ်သည်။ ထို့ပြင် ၂၀၁၇ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှစတင်၍ လူစီးယာဉ်၊ ကုန် တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ တင်သွင်းရာတွင် ရောက်ရှိခုနှစ်နှင့် ရောက်ရှိ ခုနှစ်အောက် နှ စ်နှစ်နိမ့်မော်ဒယ် (၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ် မော်ဒယ်) များ တင်သွင်းပါက ဘယ်မောင်းများသာ တင်သွင်းရမည်ဖြစ် ကြောင်း သိရသည်။

 

မယ်သီတာ