Main menu

Background

ကားဈေးတန်းမာနေသော်လည်း အရောင်းအဝယ်အေးနေ

Wed, 05/17/2017 - 14:19 -- journal_editor

ရန်ကုန်မြို့    ကားဈေးကွက် အတွင်း မေလဒုတိယပတ်  အခြေအနေ မှာ ကားဈေးတန်းများမာနေသော်လည်း အရောင်းအဝယ်ထင်သလောက်မဖြစ် ဘဲ ဈေးကွက်အေးစက်နေကြောင်း သိရ သည်။ရန်ကုန်မြို့ကားဈေးကွက် သာမက မန္တလေးဈေးကွက်နှင့် ဝယ်လိုအား ရှိသည့်  အခြားနယ်ဈေးကွက်များမှာပါ ကားဈေးတန်းများ  မာနေသော်လည်း အဝယ်များအေးနေကြောင်း ယခင်ရှိပြီး၊  သုံးပြီး အက္ခရာနိမ့်ကားဟောင်းများသာ အရောင်းအဝယ်     အနည်းငယ်ရှိ ကြောင်း၊  ရန်ကုန်ကားဈေးကွက်မှာမူ ရန်ကုန်လိုင်စင်  ကားဟောင်းများသာ အဝယ်ရှိပြီး၊    နယ်လိုင်စင်ထွက်ကား သစ်များမှာ လက်ရှိအမြင့်ဈေးတန်းများ နှင့်ပင်ရှိနေပြီး ဝယ်ယူသူများမှာလည်း လတ်တလော နယ်လိုင်စင်နှင့်ပတ်သက် ၍ ကြားရသော သတင်းများကြောင့် နယ်လိုင်စင်မဝယ်ယူကြဘဲ အက္ခရာ တန်း မည်မျှကွာသည်ဖြစ်စေ ရန်ကုန် လိုင်စင်ကားများသာ    ဝယ်ယူလေ့ရှိ ကြောင်း     ဝါရင့်ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်မှ ပြောသည်။ရန်ကုန်ကားဈေးကွက်တွင် ဧပြီ ၁ ရက်မှစတင်၍  အခွန်နှုန်းထားအသစ် နှင့် စလစ်ကပ်ကားများအား အခွန်ပေး သွင်းစေသည့်အတွက်  သြင်္ကန်ပွဲတော် အပြီးနောက်ပိုင်းကာလများတွင် စလစ် ကပ်ကားအသစ်   တင်သွင်းမှုနည်းပါး သွားပြီး၊ ဧပြီမတိုင်မီ တင်သွင်းခွင့်ရယူ ထားသော    စလစ်ကပ်ကားများသာ အရောင်းအဝယ်ရှိကြောင်း၊ ယင်းဈေး ကွက်မှာ  စလစ်ကပ်ကား တစ်ပိုင်တစ် နိုင်တင်သွင်းထားသူများ၊ အရောင်း ပြခန်းအချို့မှ   စလစ်ကပ်ကားအချို့ စသည်တို့သာဖြစ်ပြီး ယခုရောင်းချခဲ့ သည့်ဈေးတန်းများမှာ ယခင်ဈေးတန်း များနှင့်နှိုင်းယှဉ်လျှင် များပြားသော်လည်း နောင်ဖြစ်လာမည့် စလစ်ကပ် ကားဈေး တန်း ခန့်မှန်းချေအား  မရောက်သေး သည့်အတွက် အသင့်အတင့် ရောင်း အားရှိ   ဈေးကွက်ဖြစ်ခဲ့ကြောင်း၊ သို့ရာ တွင် မေလလယ်ခန့်ကာလတွင် စလစ် ကပ်ကားများ နယ်အဝယ်မှ အစပြန် လည်လျော့ကျလာပြီး ဖရီးပါမစ် ကား ဟောင်းများ အထူးသဖြင့် ဟွန်ဒါဖစ်၊ ဗင်၊ ဘယ်လ်တာဆလွန်းစသည့် ရောင်း တန်းဝင် ရန်ကုန်လိုင်စင်အက္ခရာနိမ့် ကားလေးများသာ  အရောင်းအဝယ်ရှိ တော့ကြောင်း၊ သို့ရာတွင် ကျောင်းဖွင့် ရာသီမရောက်မီ ယခုကဲ့သို့ ကြားကာလ တွင် ယခင်နှစ် ကျောင်းမဖွင့်မီအချိန်က လောက် ရောင်းအား မရှိတော့ကြောင်း ၎င်းင်းက ပြောသည်။လတ်တလော ရန်ကုန်ကားဈေး ကွက်အတွင်း အကြားသတင်းများဖြင့် အလုပ်လုပ်နေကြပြီး ယာဉ်ဟောင်း အပ်နှံစလစ်များ၏ ဈေးတန်းကျဆင်း လာမှုနှင့် လက်ကျန်အပ်ကုန်စနစ်ကား များ စလစ်ဈေးတန်းအစားထိုးရာခိုင် နှုန်းတစ်ခုဖြင့် လက်ခံနိုင်မည်ဆိုသည့်  တွက်ဆမှုများကြောင့် စလစ်ကပ်ကား များ ဈေးကွက်တွင် အဝယ်နည်းလာ ပြီး မဝယ်မဖြစ် အသုံးလိုသူများကိုသာ ရောင်း တန်းရှိလူကြိုက်များကားများဖြစ်သော သိန်း ၄၀၀ ဝန်းကျင်    အာလ်ဖတ်၊ ကလူဂျာ၊   အာဗီအာစသည့် ကားများ အနည်းငယ် ရောင်းချရကြောင်း သိရ သည်။                                     

    SN