Main menu

Background

ရန်ကုန်ကားဈေးကွက်ဆက်လက်အေးစက်နေဆဲဖြစ်

Thu, 06/29/2017 - 12:25 -- journal_editor

         ဇွန်လတတိယပတ်၏ ရန်ကုန်ကားဈေးကွက် အခြေအနေမှာ အရောင်းအဝယ်များအေးစက်နေပြီး ကားအရောင်း ပြခန်းများနှင့်ကားပွဲစားတန်းများတွင်ပါ လူဝင်လူထွက်နည်း ပါးနေကြောင်း သိရသည်။ ရန်ကုန်ကားဈေး ကွက်အတွင် ယခုရက်သတ္တပတ် ကာလအရောင်းအဝယ်များ သိသိသာသာ ကောင်းမွန်လာ ခြင်းမရှိသည့်အပြင် ယခင်တစ်ပတ်ကထက် စလစ်ဈေးတန်း များ သိသာစွာမြင့်တက်လာခဲ့ပြီး ဈေးမြင့်တက်လာမှုနှင့်အတူ အရောင်းအ ဝယ်ပါ ရပ်တန့်သလောက် အေးစက်လာကြောင်း သိရသည်။
        စလစ်ဈေးတန်းမှာ အပ်ကားရှားပါးလာမှုနှင့် ကြိုတင် မျှော်မှန်းသလို ခရီးသည်တင်ကားစလစ်များ ဈေးကွက်ထဲ ထင်သလောက်မရောက်ရှိသေးသည့်အတွက် စလစ်ရှားပါးမှု များဖြစ်ပေါ်နေပြီး ဈေးတန်း ၁၀ သိန်းခန့် ခုန်တ က်လာရခြင်း ဖြစ်ကြောင်း၊ ယခုဈေးတန်းမှာ ၉၈ သိန်းဝန်းကျင်ဖြစ်နေ သော်လည်း အဝယ်နည်းပါးလျက်ရှိကြောင်း၊ တစ်ဆက်တည်းပင် အငှားယာဉ် (တက္ကစီ) စလစ်များလည်း နှစ်ကန့်သတ် ချက်ထွက်ပေါ်လာသဖြင့် ဈေးတန်းြ မင့်တက်သွားပြီး ၁၀၇ သိန်းအထိပင်ဖြစ်လာခဲ့ကြောင်း၊ ကုမ္ပဏီများအား ပစ်ကပ်ကားငယ်တင်သွင်းခွင့်လည်း ကန့်သတ်ချက်ထွက်ပေါ်လာသဖြင့် ငါးသိန်းမှ ၁၈ သိန်းအထိ ရုတ်တရက် ဈေးထိုးတက်သွားပြီး ယခုအချိန်တွင် ပြန် လည်ကျဆင်းလာပြီဖြစ်ကြောင်း၊ ထို့ကြောင့်ကားလောကတွင် ဖြစ်ပေါ်နေသော အကြောင်းအရာများကိုကြည့်လျှင် သတင်းနှင့်မူဝါဒကိုအခြေခံ၍ လိုက်လံလုပ်ဆောင်နေရသောကြောင့် ဈေးကွက်နှင့် အရာရာကို ပုံသေတွေးထား ၍မရဘဲ ရေစီးကြောင်းလိုက်၍ ပေါ်သလို ကြည့်လုပ်နေသည့် သဘောတွေ့ရှိနေရကြောင်း ဝါရင့်ယာဉ် ဝယ်ရောင်းကိုမြင့်ကျော်မှ ပြောသည်။
       လတ်တလောဈေးကွက်ထဲတွင် တွေ့ကြုံနေရသည်မှာ စလစ်ဈေးတန်းများ ထိုးတက်သွားသော်လည်း အဝယ်ထင်သလောက်မရှိခြင်း၊စလစ်ဈေးများမြင့်တက်နေသော်လည်း စလစ်ကပ်ကားများမှာမူ ဈေးတန်းတစ်ခုလျှော့ချ ပြီး ရောင်း ချလာခြင်း၊ ကုမ္ပဏီသွင်းကားလေးများ (ဥပမာ။ ပစ်ကပ်ကား ငယ်ခွေးဘီလူး) ဈေးတန်းတစ်ခုမြင့်တက်သွားကာ နောက်ပိုင်းတွင် ဈေးပြန်ကျလာခြင်း၊ ဖရီးပါမစ်ကားလေးများထဲတွင် နယ်လိုင်စင်အက္ခရာသစ်ကားများ အရောင်းရနည်းပါးသွား ပြီး ရန်ကုန်လိုင်စင်နံပါတ်နိမ့်၊ အက္ခရာနိမ့်ကားများသာ ရောင်းအားရှိခြင်း၊ နယ်ဝယ်လက်များလည်း အဆင်းနည်းပြီး အဝယ်ပါးလာခြင်း အခြေအနေအရပ်ရပ်ကြောင့် ကားဈေး ကွက် ဆက်လက်အေးေ နနိုင်သေးကြောင်း ၎င်းမှပြောသည်။

 

SN