Main menu

Background

ကားဈေးကွက်အတွင်း ရောင်းဝယ်ရလွယ်သည့် ကားများသာအဝယ်ရှိ

Fri, 08/18/2017 - 13:08 -- journal_editor

         ရန်ကုန်မြို့ ကားဈေးကွက်အတွင်း သြဂုတ်လလယ်ပိုင်း အခြေ အနေမှာ ယခင်ရက်သတ္တပတ်များကဲ့သို့ ပင် အရောင်းအဝယ်အေးနေခဲ့ပြီး အရောင်းအဝယ်ဖြစ်ပါကလည်း ပြန်ရောင်းရလွယ်ကူသည့် ကားအမျိုးအစား နှင့် ရန်ကုန်လိုင်စင်ပေါက် ကားလေးများသာ ဖြစ်ကြောင်းသိရသည်။ ယခုအခါ ရန်ကုန်ကားဈေးကွက်တွင် တစ်လအတွင်း ဈေးကွက်ခန့်မှန်း ရာတွင်ပင် ခန့်မှန်း၍မရဘဲ အတက်ဘက်သို့သာ ဦးတည်နေသဖြင့် ရန်ကုန် အမည်ပေါက် ကားလေးများ၊ ယခင်သုံးစွဲထားသည့် ဖရီးပါမစ်သွင်းကားလေးများသာ ဆိုရလျှင် လိုင်းပေါ်ရှိ ကားလေးများဖြစ်သော ဘယ်လ်တာ၊ ဖစ်၊ ဗင်၊ ဟွန်ဒါအင်ဆိုဒ် စသည်တို့သာ အရောင်းအဝယ်(သို့မဟုတ်) အချင်းချင်း ပြန် ကောက်ေ ရာင်းများသာ များကြောင်း ဝါရင့်အကျိုးဆောင် ကိုမြင့်ကျော်က ပြောသည်။
           ယခုရက်ပိုင်းအတွင်း ပြည်ပမှ ကားတင်သွင်းမှု နည်းသွားသော်လည်း ယခင်နှစ်ကုန်နှင့် ယခုနှစ်ဆန်းပိုင်းက တင်သွင်းခဲ့ကြသော ယာဉ်အရေအတွက်မှာ များပြားနေသဖြင့် ကားဈေးကွက်အတွင်း လိုအပ်ချက်မရှိသော် လည်း ဘယ်မောင်းမူဝါဒ အသံထွက်ပေါ်ပြီး နောက်ပိုင်းတွင် လူအများမှာ ညာမောင်းကားလေးများ၊ ရောင်းတန်းဝင်ကား လေးများ၊ ရန်ကုန်လိုင်စင်ကားလေးများသာ ဝယ်ယူမှုများလာသည်ကို တွေ့ရ ကြောင်း ၎င်းကပြောသည်။ ဘယ်မောင်းကားများသာ တင်သွင်းစီးနင်းရမည့် မူဝါဒမှာခိုင်မာလာပြီဖြစ်သဖြင့် ရှေ့နှစ်သတ်မှတ်ရက်မတိုင်မီ ညာမောင်းကားများ တင်သွင်းနိုင်သလို ရန်ကုန်လိုင်စင်နှင့်လိပ်စာပေါက်မှာလည်း ပုံမှန်စလစ်ကပ်ပြီး တင်သွင်းလျှင်  ပုံမှန်ပေါက်ဈေးထက်သိန်း ၁၀၀ ခန့် ပိုမိုများပြားသဖြင့် လတ်တလောဝယ်ယူစီးနင်းသူများမှာလည်း ရန်ကုန်လိပ်စာပေါက် နောက်ဆုံးသွင်း နောက်ဆုံးနံပါတ်ရသည့် ကားများအားဝယ်ယူမှုနည်းပြီး နယ်လိုင်စင်များသာ ဝယ်ယူေ ကြာင်း၊ ပြည်တွင်း ကားထုတ်လုပ်မှုများနှင့် ပတ်သက်သည့် မူဝါဒများလည်း စက်မှုဝန်ကြီးဌာနမှ ထပ်မံဖြည့်စွက်သတ်မှတ်ပေးကြောင်း ကြားသိရသည့်အတွက် အစိတ်အပိုင်းအလိုက် တပ်ဆင်ထုတ်လုပ်သည့်စနစ် မိမိတို့နိုင်ငံ တွင် အားကောင်းလာနိုင်ပြီး လတ်တလောတွင်ပင် အစိတ်အပိုင်းလိုက် ပြည်ပမှတင်သွင်း၊ ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်သည့် နီဆန်းဆန်နီ ဆလွန်းကဲ့သို့ကားများ၊ ဖို့ဒ် (FORD) တံဆိပ်ကားများအား နောက်ဆုံးခုနှစ် ထုတ် ကားများ ဝယ်ယူစီးနင်းသူများ လာပြီဖြစ်ပြီး လတ်တလော မြင့်တက်နေသော ဂျပန်ကားဟောင်းများ ဈေးကွက်နှင့် ကွာခြားမှုနည်းပါးလာသဖြင့် Brand New ကားများ တစ်ချိန်တွင် ဈေးကွက်၌ ဦးဆောင်လာနိုင်ကြောင်း ဝါရင့် ယာဉ်ဝယ်ရောင်းအဖွဲ့မှ သုံးသပ် ပြောကြားသည်။

 

SN