Main menu

Background

ရန်ကုန်ကားဈေးကွက် ရန်ကုန်လိုင်စင်အဝယ်ရှိသော်လည်း အရောင်းနည်းနေ

Mon, 09/25/2017 - 14:22 -- journal_editor

       ရန်ကုန်မြို့ ကားဈေးကွက်အတွင်း စက်တင်ဘာ တတိယပတ် ဝန်းကျင် အခြေအနေမှာ မြို့တွင်းရှိ ကားပွဲစား တန်းများ၊ အရောင်းစင်တာများတွင် အရောင်းအဝယ်အေးနေပြီး တစ်ပိုင် တစ်နိုင်ရောင်းဝယ်သူများ၊ ဝယ်ရောင်း များသာ အချင်းချင်းရောင်းဝယ်မှုရှိ၍ ရောင်းကားရှားနေကြောင်း သိရသည်။ဈေးကွက်အတွင်း လက်ရှိ အပြော အများဆုံးသတင်းမှာ လာမည့် အောက် တိုဘာလတွင် ထုတ်ပြန်မည့် မော်တော် ယာဉ်များ တင်သွင်းခွင့်ဆိုင်ရာ မော်ဒယ် သတ်မှတ်ချက်များတွင် ဖရီးပါမစ်ကား၊ စလစ်ကပ်ကား၊ လုပ်ငန်းသုံးကား၊ အသစ်သွင်းကားစသည်ဖြင့် ခွဲထား သော အုပ်စုများအလိုက်  မော်ဒယ်ခုနှစ် ယခုထက် ပိုမိုမြင့်မားလာနိုင်သလို နှစ်ဦး ပိုင်းကတည်းကပင် ကြားနေရပြီး နား ရည်ဝနေပြီဖြစ်သည့် ဘယ်မောင်းစနစ် သတ်မှတ်ခြင်းမှာလည်း ပိုမိုပြီးပြည့်စုံ စွာ သတ်မှတ်လာနိုင်ကြောင်း သိရသည်။ လတ်တလောတွင် ရန်ကုန်ကားဈေး ကွက်ထဲ၌ တစ်ဦးချင်းရောင်းချသူများ နှင့် ဝယ်ရောင်းများအချင်းချင်း အရောင်း အဝယ်ရှိနေသော်လည်း အပြင်လူများ မှာ ပေးသည့်ဈေးဖြင့် ချက်ခြင်းမရောင်း နိုင်ကြဘဲ ချင့်ချိန်စဉ်းစားနေကြသည့် သဘောဖြစ်နေပြီး ဈေးနှုန်းမေးခြင်း၊ ဈေးညှိနှိုင်းခြင်းသာရှိနေကြောင်း အမှန် တကယ်ရောင်းနိုင်ခြင်းမရှိ၍ အရောင်း အဝယ်မဖြစ်ကြောင်း ဝယ်ရောင်းကိုမြင့် ကျော်က ပြောသည်။
လတ်တလော ရန်ကုန်ကားဈေး ကွက်ထဲတွင် ဖရီးပါမစ်ကားလေးများ၊ စလစ်ကပ်ကားစသည့် ကားအသီးသီး မှာ ဈေးနှုန်းမြင့်မားကာ အက္ခရာပေါက် တက္ကစီယာဉ် နီ/နက် သတင်းများ ကြောင့် အက္ခရာပေါက်တက္ကစီ ရောင်းချ မှုများရှိလာပြီး တက္ကစီစလစ်လည်း ဈေး တက်မှုများရှိလာကြောင်း၊ လူစီးစလစ် နှစ် ၂၀ များမှာလည်း သိန်း ၁၂၀ နီးပါး ပြန်ဖြစ်လာကြောင်း၊ ၁၀ လပိုင်းမော် ဒယ်ခုနှစ် သတ်မှတ်ချက်စည်းကမ်းများ မထွက်မီဖြစ်စေ၊ နှစ်မကုန်မီ ဒီဇင်ဘာ ဒုတိယပတ်မတိုင်ခင်ဖြစ်စေ ယခုကဲ့သို့ ဈေးမာလေ့ရှိပြီး သီတင်းကျွတ်ကာလ နောက်ပိုင်းများတွင် ပိုမိုဈေးမြင့်တက် လာဖွယ်ရှိကြောင်း ၎င်းကပြောသည်။