Main menu

Background

နှစ်ကုန်ပိုင်းကားဈေးမာပြီး အရောင်းအဝယ်နည်းပါး

Wed, 01/03/2018 - 14:10 -- journal_editor

    နှစ်ကုန်ပိုင်း ရန်ကုန်မြို့ကားဈေး ကွက်အခြေအနေမှာ ယခင်ရက်သတ္တ ပတ်များနည်းတူ အရောင်းအဝယ် ဆက် တိုက်အေးနေကြောင်း သိရသည်။ယခုလသည် နှစ်တစ်နှစ် ၏ နောက် ဆုံးလဖြစ်ကာ ကားမူဝါဒများနှင့် ပတ် သက်၍ နောက်ဆုံးသတ်မှတ်ရက်များ လည်း အကျုံးဝင်နေသောကာလ ဖြစ် သဖြင့် အပြေးအလွှား လိုင်စင်လျှောက် နေသည့်အချိန်လည်းဖြစ်ကာ ယခင်က အေးနေသည့် ကားဈေးကွက်မှာ ယခု  အခါ အေးသည်ထက် အေးလာရခြင်း ဖြစ်ကြောင်း သိရသည်။တစ်ဦးချင်းပါမစ်များ လလယ် ၁၅ ရက်ခန့်တွင် ပြီးဆုံးသွားပြီး ၂၇ ရက်တွင် အရောင်းပြခန်းကားများ နောက်ဆုံးထားလျှောက်ထားရသဖြင့် ရန်ကုန်ကားဈေးကွက် အေးစက်နေရ ခြင်းဖြစ်ကြောင်း ၂၀၁၇ ခုနှစ်အတွင်း ညာမောင်းကဏ္ဍ အပြီးသတ်သွားသဖြင့် ရှေ့ဆက်၍ ကားများတင်သွင်းရာတွင် ဘယ်မောင်း တစ်မျိုးတည်းသာ ဖြစ် သွားပြီး ဖရီးပါမစ်ကဏ္ဍအတွက်သာ ဖြစ်၍ ဂျပန်ကားဟောင်းများမှာ (တစ် နည်း ညာမောင်းများမှာ) လတ်တလော တွင် ဈေးမြင့်သည်ထက်မြင့်လာပြီး ရန်ကုန်လိုင်စင်ကားများမှာ  ဈေးပိုခေါ် လာကြ၍ အရောင်းအဝယ်မဖြစ်တော့ ကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်း ကိုမြင့် ကျော်က ပြောသည်။
ယင်းအခြေအနေများကြောင့် ရန်ကုန်ဈေးကွက်တွင် ကားဈေးများ မြင့်တက်လာပြီး ခေါ်ဈေးသာရှိပြီး ဝယ် မည့်သူမရှိဘဲ ဈေးတန်းမေးသူသာ ရှိ ကြောင်း၊ ဘယ်မောင်းသာ တင်သွင်းရ တော့မည့် မူဝါဒကြောင့် ညာမောင်း ကားများ အလိုအလျောက် ဈေးတန်း ခုန်တက်ကာ ယခုနှစ်ကုန်ပိုင်းကာလ မှာ အမြင့်ဆုံးဈေးတန်းသို့ ရောက်ရှိ နေကြောင်း ၎င်းင်းတို့က ပြောသည်။
လတ်တလော ဈေးကွက်ထဲတွင် ပြည်တွင်းအပ်ဂျပန်ကား ဘယ်မောင်း များနေရာရနေပြီး အမှာစာပြတ်သည် မရှိ အရောင်းရှိကာ လာမည့် ၂၀၁၈ ခုနှစ်တွင် ပိုမိုထုတ်လုပ်ဖြန့်ဖြူးသွားရန် မြန်မာဆူဇူကီးလုပ်ငန်းမှလည်း အသိ ပေးထားသဖြင့် ကားဟောင်းများအား နှစ်ဆန်းပိုင်းတွင် ဘယ်မောင်းကားသစ် များ ပိုမိုသုံးစွဲလာနိုင်ကြောင်း ဝါရင့် ယာဉ်ဝယ်ရောင်းက သုံးသပ်ကြသည်။
SN