Main menu

Background

မိုးရာသီအကုန်ကားဈေးကွက် အလားအလာကောင်းများ တွေ့မြင်ရ

Wed, 10/09/2019 - 14:01 -- journal_editor

မိုးရာသီအကုန်ကားဈေးကွက် အလားအလာကောင်းများ တွေ့မြင်ရရန်ကုန်မြို့ကားဈေးကွက်၏ မိုးရာသီအကုန်စက်တင် ဘာလကုန်ခန့်အခြေအနေမှာ အခွန်မူဝါဒအသစ်အရလည်း ကောင်း၊ သက်ဆိုင်ရာဌာနမှ သိမ်းဆည်းယာဉ်များအား သတ် မှတ်ချက် ပြန်လည် လျှော့ပေါ့ပေးခြင်းကြောင့်လည်းကောင်း ဈေးကွက်ထဲတွင် လတ်တလောအရောင်းအဝယ် အေးသလို ဖြစ်နေသော်လည်း ပြန်လည်ဈေးကွက်ကောင်းမွန်လာမည့် အရိပ်အယောင် တွေ့မြင်ရကြောင်း သိရှိရသည်။ လတ်တလောရန်ကုန်မြို့ ကားဈေးကွက်ထဲတွင် ယခင် လများကစ၍ သတင်းပေါ်ပေါက်လာပြီး စောင့်မျှော်ခဲ့ကြ သည့် အခွန်ဆိုင်ရာဥပဒေအရသိန်းကျပ် ၁၀ဝဝ အထိ ၃ ရာခိုင်နှုန်းပေးဆောင်ရန် သတ်မှတ်ချက်မှာတရားဝင်ဖြစ်ပေါ် လာသဖြင့် ကားလောကသားများအတွက် အခွင့်အရေး ကောင်းတစ်ရပ်ဖြစ်ခဲ့ပြီး ထိုဝင်ငွေခွန် သုံးရာခိုင်နှုန်းထမ်း ဆောင်မှုအပေါ်အခြေခံ၍ မိမိအမည်ပေါက်ပြောင်းလဲလို သူများပြားလာခြင်း၊ ပြည်တွင်းတွင် ထုတ်လုပ်တပ်ဆင်နေသော အက်စ်ကေဒီကားများ၏ ဝင်ငွေခွန်ထမ်းဆောင်ရာတွင် လည်း ယခင်ကထက် ကျပ်သိန်း ၂၀ /၃၀ သက်သာ သွားသဖြင့် အခွန်ဥပဒေအတည်ဖြစ်ကြောင်း ကြားသိပြီးနောက် သက် ဆိုင်ရာ အရောင်းပြခန်းများတွင် ကားမှာယူသူများ ပိုမို များပြားလာခြင်းစသည့် ကားဈေးကွက်အတွက် အကျိုးရှိမည့် သက်ရောက်မှုများဖြစ်ပေါ်လာသဖြင့် ယာယီအားဖြင့် အသစ် တပ်ဆင်ကားများဘက် အားသားနေကာ ဂျပန်ညာမောင်း ကားလေးများဈေးကွက်ထဲတွင် ယခင်ဈေးတန်းလောက် ခေါ်ယူမှုမရှိတော့ဘဲ ယခုအခါ ကျပ်သိန်း ၁၀ ဝန်းကျင် ဂရိတ် လျော့သည့် ကားဆိုလျှင် ၁၅ သိန်းဝန်းကျင် လျှော့ပေါ့ ရောင်းချ လာပြီး အခြေအနေမှာ ဈေးကွက်စောင့်ကြည့်သူများသဖြင့် ထင်သလောက် အရောင်းအဝယ်မဖြစ်သေးကြောင်း၊ လက်ငင်း ငွေလိုအပ်သူနှင့် ကားအလဲအလှယ်လုပ်မည့်လူသာ ရောင်း ကြ/ဝယ်ကြကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်က ပြောသည်။ဆက်လက်၍ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီး ဌာနမှ ယခုနှစ် မိုးဦးကျကာလမှစ၍ ယာဉ်စစ်ဆေးရာတွင် မူမမှန်ကားများအားသိမ်းဆည်းအရေး ယူသည့် အခြေအနေ တစ်ရပ်မှ စက်တင်ဘာနောက်ဆုံးပတ်တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ကာမူမမှန်သဖြင့် သိမ်းဆည်းခံရသည့် ဖောက်စွပ်ကားများအားမူလပိုင်ရှင်များနစ်နာမှုမရှိစေရေး အတွက် ယာဉ်ဟောင်းအပ်နှံစလစ်ထုတ်ပေးကာ ပြန်လည် အခွင့်အရေးပေးလာသည့်အတွက် ကားလောကသားများ အားလုံး ကျေနပ်စရာဖြစ်လာခဲ့ပြီး လက်ရှိမြင့်တက်နေပြီး ကျပ်သိန်း ၁၄၀ ဝန်းကျင်သို့ ရောက်ရှိနေသော စလစ်ဈေး တန်းမှာ အဆိုပါသိမ်းဆည်းခံကားများစီးရေ ၃၀ဝ ကျော်ရှိ သည့်အတွက် ယင်းစလစ်များ ဈေးကွက်တွင်း ဝင်ရောက်လာ ပါကဈေးတန်းမှာ ၁၅ သိန်း၊ သိန်း ၂၀ ခန့်ကျဆင်းလာနိုင်ပြီး သီတင်းကျွတ်ကာလနောက်ပိုင်း ပွင့်လင်းရာသီတွင် ကား ဈေးကွက်ပြန်လည် အရောင်းအဝယ် ကောင်းမွန်လာနိုင်ကြောင်း သုံးသပ်ကြသည်။

 

SN