Main menu

Background

အရောင်းအဝယ်အေးပြီး ဈေးတန်းလျှော့ချရောင်းဝယ်လာသော ကားဈေးကွက်

Fri, 06/19/2020 - 12:28 -- journal_editor

       ရန်ကုန်မြို့ကားဈေးကွက်၏ ဇွန်လဒုတိယပတ်ကာလ အခြေအနေမှာ ယခင်လများနှင့်စာလျှင်ကားပွဲစားတန်းများသို့ လူအဝင်အထွက်အနည်းငယ်ရှိသော်လည်း အရောင်း အဝယ်ကောင်းမလာဘဲ ကြိုက်ရောင်းကြိုက်ဝယ်အဆင့်သာရှိ နေကြောင်း သိရသည်။ ယခုလက်ရှိ ကားဈေးကွက်အခြေအနေအား ဝါရင့် ယာဉ်မောင်းဝယ်ရောင်းအကျိုးဆောင်  ကိုမြင့်ကျော်အား မေးမြန်းရာတွင် ယခုလက်ရှိဈေးကွက် အခြေအနေမှာ မတ်လ လယ်ခန့်မှ စ၍ ကိုဗစ် -၁၉ ရောဂါအဖြစ် သက်ဆိုင်ရာက ကြေညာ ချက်ထွက်ပြီး နောက်ပိုင်းမှစ၍ ကားအရောင်းအဝယ် များ တဖြည်းဖြည်းကျဆင်းလာသည်ကို ပြောရမှာဖြစ်ကြောင်း၊ အဖွဲ့အစည်းများ၊ အခမ်းအနားများမပြုလုပ်ရန် ကန့်သတ် ပြီး နောက်ပိုင်းမှစ၍ တဖြည်းဖြည်းအေးစက်လာရာမှ သင်္ကြန် ကာလအပြီး ဧပြီလကုန်ရက်များအထိ မကြုံစဖူးအအေးစက် ဆုံးကားဈေးကွက်အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊ မေလ ဒုတိယပတ်အလွန်ကာလတွင် ရောဂါအခြေအနေအနည်း ငယ်လျော့ပါးသွားပြီး ဖြေလျှော့မှုများ သက်ဆိုင်ရာမှပြုလုပ် လာသဖြင့် ရန်ကုန်ကားဈေးကွက်တွင် ကျပ်သိန်း ၂၀ဝ အောက်ကားလေးများ လက်ရှိပေါက်ဈေးဖြင့် တစ်စီးစနှစ်စီးစ  အရောင်းအဝယ်များ ပြန်ဖြစ်လာကြောင်း၊ သို့ရာတွင် ယခင် အချိန်ကကဲ့သို့ သွားရေးလာရေးမကောင်းမွန်သေးဘဲ ခရီး သွားလာမှု အကန့်အသတ်များရှိနေသေးသဖြင့် အနည်းငယ် ရောင်းချရမှု ပြန်လည်လျော့ကျသွားကာ ယခုလက်ရှိအခြေ အနေအထိ အရောင်းအဝယ်အေးစက်လျက်ပင်ရှိကြောင်း၊ လတ်တလော အဝယ်ထက် အရောင်းကားများအား များနေကြောင်း ပြန်လည်ရှင်းပြသည်။
        ယခုလတ်တလော ဈေးကွက်ထဲတွင် မဖြစ်မနေကား လိုအပ်သူများသာ ကျပ်သိန်း၂၀ဝ အောက်ကားလေးများသာ လက်ရှိပေါက်ဈေးဖြင့် ဝယ်ယူကြပြီး အရောင်းသမားအများ အပြားက ကားအမျိုးအစားအလိုက် ကျပ် ၁၀ သိန်းမှကျပ်သိန်း ၃၀ ခန့်ထိ ဈေးတန်းလျှော့ချပြီး ရောင်းချလာကြကြောင်း သိရသည်။ မကြာမီ မိုးရာသီကာလရောက်တော့မည်ဖြစ်သော်လည်း ကျောင်းဖွင့်ရာသီကာလ သတ်မှတ်ချက်နောက်သို့ ရွှေ့ဆိုင်းထားသဖြင့် ဇူလိုင်လလယ် (သို့) လကုန်ပိုင်းခန့်မှသာ ကျောင်းဖွင့်ရာသီအမီကားဈေးကွက် ပြန်လည်ကောင်းမွန်ရန် မျှော်လင့်ကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်း အကျိုးဆောင်များက ပြောသည်။

 

SN