Main menu

Background

ရန်ကုန်ကားဈေးကွက် ကားလေး၊ ကားလတ်ဈေးတန်းတဖြည်းဖြည်း တက်လာ

Wed, 06/01/2016 - 13:51 -- journal_editor

ရန်ကုန်မြို့  ကားဈေးကွက်အတွင်း မေလကုန်ခါနီးအခြေအနေမှာ နွေ ရာသီအပူပြင်းဆုံး ကာလများထဲတွင် မိုးရွာလိုက်သည့်အတွက်  မိုးရွာခါစ ဈေးကွက်အတွင်း  ကားကြည့်သူများ အနည်းငယ်ကျဲ
သွားသော်လည်း နောက် ပိုင်းမိုးများသော်လည်း  ပြတ်တောင်း ပြတ်တောင်းရွာသည့်အချိန်များတွင် ကားရောင်းဝယ်ရေးစခန်းများနှင့် ကား အရောင်းစင်တာများတွင်ပါ ကားကြည့် သူများပြားလာပြီး
အဝယ်လည်းပိုမို ရှိလာကြောင်း သိရသည်။ခါတိုင်းအချိန်များဆိုလျှင်  မိုးဦး ကျရာသီနှင့်  ကျောင်းများဖွင့်ခါစရာသီ များတွင် ကားဈေးတက်လေ့ရှိသော် လည်း  ယခုလတွင် ကားဈေးတက်၊ ကားဈေး မာလာသည်မှာ   မူဝါဒ အပြောင်းအလဲများနှင့် မူဝါဒသစ် ထပ်မံမပြဋ္ဌာန်းမီကြား အချိန်မီသလို လုပ်ရသည့်အတွက်  ကားဈေးများ ယခုကဲ့သို့  မြန်မြန်မြင့်တက်လာရခြင်း ဖြစ်ကြောင်း  ဝါရင့်အကျိုးဆောင်          ကိုမြင့်ကျော်က ပြောသည်။
သြင်္ကန်အပြီး နောက်ပိုင်းမှစ၍ ရန်ကုန်   ကားဈေးကွက်အတွင်းရှိ အသစ်သွင်းဖရီးပါမစ်ကားလေးများမှာ ကားပါကင်ထောက်ခံချက် ချပေး/ မပေး အဖြူ/အမည်း  မသဲကွဲသဖြင့် အစပိုင်းတွင်လူအများမှာ
စောင့်ကြည့် နေကြသော်လည်း  ကာလရှည်လာသော အခါ မစောင့်တော့ဘဲ နယ်လိုင်စင်များ ဖြင့်သာလုပ်လာကြပြီး ရန်ကုန်မြို့တွင်း ရှိ ဖရီးပါမစ်ကားသစ်များနှင့်  လတ်တ လော   အရောင်းအဝယ်လုပ်
သည့် ကားလေးများဖြစ်သည့်  ဟွန်ဒါဖစ်၊ ပရိုဘောက်၊  တိုယိုတာဗစ်၊ ဒီမီယို စသည့်ကားများမှာ နယ်လိုင်စင်များဖြင့် တွေ့လာရသလို  ယာဉ်ဟောင်းအပ်နှံ စလစ်ဈေးတန်းလည်း မြင့်တက်လာပြီး နှစ် ၂၀
အပ်ကားရှားသွားကာ သိန်း ၈၀ စွန်းစွန်းဖြစ်လာကြောင်း  သိရ သည်။
စလစ်ဈေးမြင့်တက်လာရုံသာမ ကထပ်လာမည့်အခွန်ကိစ္စများရှိနေ သေးသည်ဟု ကြားသိရသဖြင့် အင်ဂျင် ပါဝါကြီး  အက္ခရာနိမ့်  ကားများပါ ဈေးမြင့်တက်လာပြီး  ဈေးကွက်ထဲတွင် အာလ်ဖတ်၊ ဆပ်ဖ်၊
 ပါဂျဲရိုး၊ ကလူဂျာ၊ ဝှစ်ရှ်ကားများ ပြန်လည်ပြီး မြို့အဝယ်၊ နယ်အဝယ်  လိုက်လာကြောင်း သိရ သည်။                                           
NS