Main menu

Background

ရန်ကုန်ကားဈေးကွက်အဝယ်နည်းပြီး အရောင်းအဝယ်အေးနေ

Wed, 06/29/2016 - 11:09 -- journal_editor

        ဇွန်လနှောင်းပိုင်း ရန်ကုန်မြို့ ကားဈေးကွက်၏ အခြေအနေမှာ နယ်အဝယ်များဆင်းသော်လည်း ဈေးကွက် ပြန်အေးသွားကြောင်း၊ ယခင်တစ်ပတ်က ဖရီးပါမစ်သာမက  စလစ်ကပ်ကား ဈေးကွက်ပါ  အရောင်းအဝယ်ရှိနေ ရာမှ ယခုတစ်ပတ်တွင် အမေးသာရှိ၍ အရောင်းအဝယ် ပြန်နည်းသွား ကြောင်း သိရသည်။
        ဇွန်လဆန်းနှင့် မေလကုန်ခန့်က အရောင်းအဝယ်ဖြစ်ခဲ့သော ရန်ကုန်မြို့ ကားဈေးကွက်မှာ ယခုရက်ပိုင်းကာလအတွင်း အရောင်းအဝယ်များ ပြန်လည်ကျဆင်းကာ ဖရီးပါမစ်ကားလေး ဈေးကွက်ဆိုလျှင် အမေးသာ ရှိပြီး   အဝယ်မရှိသလောက် ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ရန်ကုန်မြို့ကားပါကင်နှင့် ပတ် သက်ပြီး မူဝါဒတစ်ခု ထုတ်ပြန်ရန်ရှိကြောင်း ဇွန်လလယ်ခန့်တွင် သတင်း ထွက်ပေါ်လာပြီး ယခုကာလအထိ ကြောင်း ကျိုး တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသော်လည်း ဇွန်လမကုန်မီ ရန်ကုန်ဖရီးပါမစ်ကားများ၏ ပါကင်ထောက်ခံချက် မူဝါဒအား သဲသဲကွဲကွဲ တုံ့ပြန်မှုရှိလာ နိုင်သည်ဟု သုံးသပ်ချက်များ ထွက်ပေါ် နေသဖြင့် ဖရီးပါမစ်ကားလေးဈေး ကွက်  အဝယ်လိုက်နေရာမှ ယခုရက်ပိုင်း အတွင်း ဈေးကွက်အေးသလိုဖြစ်သွား ကြောင်း၊ စလစ်ကပ်ကားများထဲမှ ရောင်းပန်းဝယ်ပန်းကောင်းသော ကားအမျိုးအစားများဖြစ်သည့် ဝှရှ်၊ ကလူဂျာ၊ ရက်ဖိုး၊ အာလ်ဖတ် စသည့် ကား များသာ ရန်ကုန်ဝယ်လက်၊ နယ် ဝယ်လက်အနည်းငယ်ရှိနေပြီး ဖရီး ပါမစ်အက္ခရာနိမ့်ကားများပါ ဈေးကွက် အေးသလို ဈေးတန်းအနည်းငယ်ချပြီး ရောင်းချလာကြကြောင်း သိရသည်။
       ရန်ကုန်ကားဈေးကွက် အေးသဖြင့် အခြားမန္တလေးနှင့် နယ်ဈေးကွက်များလည်း လိုက်လံအေးလာသလို ဖြစ်လာပြီး  အပ်ကားရှားသော်လည်း ယခင်လနှင့်စာလျှင် စလစ်ကပ်ကား အသွင်းကျဲလာသဖြင့် စလစ်ဈေးလည်း အနည်းငယ် ပြန်လည်ကျဆင်းလာ ကြောင်း  ဝါရင့်ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်က ပြောသည်။ လတ်တလော ရန်ကုန်တက္ကစီ (အငှားယာဉ်) ဈေးကွက် အနေဖြင့်မူ ထပ်မံတင်သွင်းခွင့်  မပြုတော့သဖြင့် အရောင်းအဝယ်လေး များ ရှိနေပြီး ဈေး တန်းလည်း မာနေကာ သိန်း ၈၀/၉၀ ဈေးဖွင့်ထားသော ကားများမှာ ယခု အချိန် ၁၀၀ သိန်း ၁၀၅ သိန်းခန့်ဈေး ခေါ်ရောင်းကြကြောင်း သိရသည်။

 

SN