Main menu

Background

ကားဈေးကွက်တွင် စလစ်ကပ်ကားများ ဈေးပြန်မာလာ

Thu, 10/06/2016 - 12:42 -- journal_editor

      စက်တင်ဘာလကုန်ပိုင်း ရန်ကုန်ကားဈေးကွက်၏ အခြေအနေမှာ အရောင်းအဝယ်မှာ ယခင်ရက်သတ္တပတ်များ ထက် အေးသည်ထက်အေးလာပြီး ဂရိတ်စုံ၊ ကားစုံအပါအဝင် ဈေးကွက်တစ်ခုလုံးအေးနေကြောင်း သိရသည်။ ရန်ကုန်ကားဈေးကွက်အတွင်း တစ်ပတ်ထက်တစ်ပတ် အရောင်းအဝယ်အခြေအနေအေးလာပြီး ဈေးတန်းများလည်း မြင့်တက်နေသလို အဝယ်လည်းအေးနေကြောင်း၊ ဧပြီလကုန်ပိုင်းမှ စတင်ခဲ့သည့် ကားပါမစ် ထောက်ခံချက် ြ ပဿ  နာသည် အရင်းအမြစ်ဖြစ်နေကြောင်း ကားပါမစ်ပြန်လည် ခွင့်ပြုလာမည်ဟုယူဆပြီး ဈေးကွက်ကိုစောင့်ကြည့်နေရာမှ ဈေးတန်းများပြန်မာလာခဲ့ကြောင်း၊ အထူးသဖြင့်  ဖရီးပါမစ်ကားလေးများ ဈေးကွက်အတွင်း ထပ်မံဝင်ေ ရာက်ရန် အကန့်အသတ်များ ဖြစ်နေသဖြင့် နယ်လိုင်စင်ကားများ ဈေးကွက် ထဲသို့ အရောင်အသွေး စုံ၊ ပုံစံစုံဝင်လာပြီး မေ၊ ဇွန်၊ ဇူလိုင်လများအတွင်း ဈေးကွက်နေရာရရှိကာ အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း၊ ထို့အပြင် စလစ်ကား များလည်း ဈေးပြန်မာလာကာ နယ်ဝယ်လက်များဆင်းလာပြီး အသုံးများ ဝက်ဂွန်  ကားလတ် များဖြစ်သည့်   ကလူဂျာ၊ အာလ်ဖတ်၊ စီအာဗွီ၊ အာအေဗီ(၄)၊ ဝှစ်ရှ် စသည်တို့  အရောင်းတန်းတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့ ကြောင်း ဝါရင့် ဝယ်ရောင်း ကိုမြင့်ကျော်က သုံးသပ်ခဲ့သည်။
      ယင်းအခြေအနေမှသည် ဇူလိုင်လ တတိယပတ်နောက် ပိုင်းတွင် တိုက်၊ ကြေ၊ အပ်ကားများ ဖန်တီးစလစ်ထုတ်ယူမှု ကန့်သတ်ရာမှ လိုက်ထရပ်နှင့် ပစ်ကပ်ကားများ အပ်နှံမှုလျော့ ကျပြီး စလစ်ဈေးများမြင့်တက်လာကာ ကန ဦးတက်ဈေးဖြင့် အရောင်းအဝယ်များဖြစ်သော်လည်း နောက်ပိုင်းတွင် ပင်ရင်းအဝယ်သာမက နယ်ဝယ်လက်များလည်းကျဲသွားပြီး တဖြည်းဖြည်း စလစ်ကပ်ကားများ အရောင်းအဝယ်ကျဲလာကြောင်း သုံးသပ်သည်။ ယခု စက်တင် ဘာလကုန်ပိုင်းနှင့် အောက်တိုဘာလ ဆန်းပိုင်းအခြေအနေမှာ ငွေလဲနှုန်း အတက်မြန်လာခြင်း၊ ကားသွင်းရာအဓိကနိုင်ငံဖြစ်သော ဂျပန်နိုင်ငံမှ ယန်းငွေ ဈေးလည်း မြင့်တက်လာခြင်း၊ ပြည်တွင်းတွင်ကားဈေးကွက်အတွင်း ကန့်  သ တ်ချက်များများပြားလာခြင်း၊ လာမည့်နှစ် မူဝါဒကို ကြိုတင်ခန့်မှန်း သိရှိနေကြသလိုအပ်ကုန်စနစ်ဖြင့် သွင်းသည့်ကားများအားလည်း ၂၀၁၆ နှစ်ကုန်အတွင်း မူရင်းတင်သွင်းနိုင်ငံ ပြန်လည်တင်ပို့ရမည့် ကန့်သတ်ချက် များ ေ ကြာင့် စလစ်ဈေးတန်း သိန်း ၁၀၀ ဝန်းကျင်ဖြင့်  မာနေသော်လည်း အရောင်းအဝယ်အေးနေကြောင်း အရောင်းရှိသော်လည်း အဝယ်မရှိဖြစ်နေပြီး သိန်း ၁၀၀ ဝန်းကျင်နှင့်သိန်း ၁၀၀ အောက် ယခင်သုံးပြီး ဖရီးပါမစ်ကားဟော င်းများသာ  လတ်တလောအရောင်းအဝယ်ရှိကြောင်း သိရသည်။

 

SN