Main menu

Background

ထည့်သွင်းကောက်ခံသွားမည့် မော်တော်ယာဉ်အခွန်ကိစ္စများကြောင့် စလစ်ဈေးတန်းမြင့်တက်ပြီး အရောင်းအဝယ်ရှိလာ

Fri, 02/24/2017 - 10:51 -- journal_editor

          ရန်ကုန်မြို့ ကားဈေးကွက်အတွင်းသာမက မန္တလေး၊ မုံရွာ၊ မော်လမြိုင်၊ တောင်ကြီး စသည့်နယ်မြို့ကြီးများ၏ ဈေး ကွက်များတွင် လာမည့်ဘတ်ဂျက်နှစ်အတွင်း မော်တော်ယာဉ် နှင့်ပတ်သက်သည့် အခွန်တိုးမြှင့်ကောက်ခံ မည့် သတင်းများကြောင့် အရောင်းအဝယ်အေးနေရာမှ ဈေးကွက်အနည်းငယ် ပြန်လည်လှုပ်ရှားလာကြောင်းသိရသည်။ ရှေ့လာမည့် ဘတ်ဂျက်နှစ်အတွင်း ကားများနှင့်ပတ်သက်၍ အထူးကုန်စည်ခွန်  ကောက်ခံပေးသွင်းသွားရ မည် ဖြစ်သဖြင့် စလစ်ကပ်ကားများလည်း ဝင်ငွေခွန်ပေးဆောင်ရမည့်သတင်းများကြောင့် ရန်ကုန်နှင့်နယ်မြို့များရှိ ကားဈေး ကွက်များအတွင်း ယာဉ်ဟောင်းအပ်နှံစလစ်များ ဈေးတန်းတက်သွားသလို ယခုနှစ် ဧပြီ ၁ ရက်မတိုင်မီ လုပ်ဆောင်ရန်အတွက် ဝယ်ယူမှုများရှိလာသဖြင့် နှစ် ၂၀ ကားစလစ် များနှင့် အခြားစလစ်များရှိရင်းဈေးမှ ခုနစ်သိန်းရှစ်သိန်းခန့် မြင့်တက်လာပြီး အပ်ကား (နှစ် ၂၀) ဈေးတန်းများမှာလည်း လိုက်လံမြင့်တက်လာကြောင်း လှိုင်မြို့ နယ်ယာဉ်ရောင်းဝယ် ရေးစခန်းမှ ဝါရင့်ယာဉ်ဝယ်ရောင်းကိုမြင့်ကျော်မှ ပြောသည်။
          ယာဉ်များဝယ်ယူမှုနှင့်ပတ်သက်၍ အခွန်များ သတ်မှတ်ကောက်ခံရာတွင် ယခင်မကောက်ခံဖူးသေးသည့် အခွန်များအား ယခုနှစ်ဧပြီလမှစတင် ကောက်ခံသွားမည်ဖြစ်သော ကြောင့် ကားဈေးကွက်တစ်ခုလုံးလှုပ်လှုပ်ရှား ရှားဖြစ်နေပြီး ဆက်လက်ဖြစ်ပေါ်လာမည့် အခြေအနေများအား မှန်းဆကာ စလစ်ကပ်ကားများနှင့်နံပါတ်ကျပြီး ကားလေးများ၊ တစ်နှစ် နှစ်နှစ်သုံးပြီး အက္ခရာအနိမ့်ကားများ အရောင်းအဝယ်အနည်းငယ်ရှိကာ ဈေးကွက်ပြန်လည် လှုပ်ရှားလာကြောင်း သိရသည်။
         ဈေးကွက်ပြန်လည်လှုပ်ရှားလာရာတွင် အဓိကအားဖြင့် ထပ်မံထည့်သွင်းကောက်ခံလာမည့် အခွန်ကောက်ခံမှုစနစ် များကြောင့် ကားဈေးတန်းပိုမိုမြင့်တက်ရန် သေချာသလောက် ရှိနေသည့် စလစ်ကပ်ကားများမှာ ထိပ်ဆုံး မှာရှိနေပြီး ယင်းအခွန်စနစ်စတင်ပါက ဈေးတန်းမြင့်တက်ရန် သေချာနေသည့် အင်ဂျင်ပါဝါ ၁၃၀၀ နှင့် အောက်ကားများပါ လတ်တလော အရောင်းအဝယ်ဖြစ်လာကြောင်း ကိုမြင့်ကျော်မှပြောသည်။ စလစ်ဈေးတန်းမှာ ယခင် ၁၀၄ သိန်းကျပ်၊ ၁၀၅ သိန်း ကျပ်မှ ယခု၁၁၂ သိန်း၊၁၁၃ သိန်းခန့်ပေါက်ဈေးရှိနေပြီး အပ်ကားများသည် လက်တင်မောင်းရသောကားများမှာ ကျပ် ၁၀၅ သိန်းဖြစ်ပေါ်နေပြီး၊အပ်ကားထဲမှ အသင့်အတင့်ရုပ်ခံရှိကားများ ကျပ်သိန်း ၁၀၀ ေ ကျာ်၊ ကျပ် ၁၀၃ သိန်းခန့်  ဖြစ် ပေါ်နေကြောင်း၊ လုပ်ငန်း ဆောင်ရွက်ရန် တစ်လကျော် အချိန်ကျန်ရှိသေးသည့်အတွက် မတ်လကုန်ခါနီးထိ စလစ် ဈေးမြင့်တက်ကာ အရောင်းအဝယ်သွက်နိုင်ကြောင်း ၎င်းမှ ပြောသည်။

 

SN