Main menu

Background

ကားတင်သွင်းခွင့်ကြေညာချက်ထွက်ပေါ်လာပြီး စလစ်ဈေးခုန်တက်၊ ကားဈေးတစ်ရှိန်ထိုး မြင့်တက်လာ

Mon, 10/23/2017 - 12:54 -- journal_editor

       အောက်တိုဘာလ တတိယပတ် ရန်ကုန်မြို့ကားဈေး ကွက်အခြေအနေမှာ ယခင်ရက်သတ္တပတ်များထက် ထူးထူး ခြားခြား ကောင်းမွန်လာပြီး အဝယ်သမားများလာကာ  အရောင်းသမားများမှာ ဈေးစောင့်ဆိုင်းရောင်းချမှု များ ရှိလာကြောင်း သိရသည်။ အောက်တိုဘာ ၁၆ ရက်တွင် ကားလောကသားများ စောင့်ဆိုင်းနေကြသော ၂၀၁၈ ခုနှစ် မော်တော်ယာဉ်တင်သွင်း ခွင့်မူဝါဒထွက်ရှိလာသဖြင့် မထုတ်ပြန်မီ အနည်းငယ်အဝယ် လိုက်နေသော ကားဈေးကွက်မှာ ကြေညာချက်ထုတ်ပြန်ပြီး နောက်ပိုင်းမှစတင်၍ ညာမောင်းကားလေးများ နည်းတူ စလစ်ကပ်ကားများလည်း ဈေးမာလာပြီး စလစ်ဈေးများ လည်း ၁၀ သိန်းကျော်ကျော် ထပ်မံမြင့်တက်သွားကြောင်း သိရ သည်။

        လတ်တလော ညာမောင်းကားများမှာ မူဝါဒကြေညာ ချက်မထွက်ပေါ်မီကဈေးထက် ၁၅ သိန်းမှ ၂၅ သိန်းထိ ဈေး မြှင့်တင် ခေါ်ရောင်းလာပြီး အမေးသာများကာ ဈေးနှုန်းကွာ ခြားမှုကြောင့် မေးသလောက် အလုပ်မဖြစ်ေ ကြာင်း သိရသည်။ စလစ်ဈေးတန်းမြင့်တက်လာရခြင်းမှာ ယခုနှစ် တင်သွင်းခွင့် အမီ ညာမောင်းစလစ်ကပ်ကားများ၊ မော်ဒယ်မြင့်ကားလေးများ တင်သွင်းရန်အတွက် ကားတစ်ပိုင်တစ်နိုင် တင်သွင်းသူများနှင့် ကုမ္ပဏီများမှ ဝယ် ယူစုဆောင်းလာကြပြီး နှစ်မကုန်မီ အထိ ဈေးမာနေပြီး ဆက်လက်မြင့်တက်ရန်ရှိကြောင်း ဝါရင့် ယာဉ်ဝယ်ရောင်းကိုမြင့်ကျော်က ပြောသည်။ တင်သွင်းခွင့်မူဝါဒအရ ဘယ်မောင်းကားအသစ်များ (၂၀၁၄ ခုနှစ်ထုတ်မှစ၍ သတ် မှတ်ထားသဖြင့်) သာ တင်သွင်းရလျှင် ဘယ်မောင်းကားထုတ်လုပ်သည့် နိုင်ငံများဘက်မှ ပြောင်းလဲမှာယူတင်သွင်းရမည်ဖြစ်သဖြင့် မြန်မာနိုင်ငံသို့ ညာမောင်းအများဆုံးသွင်းပြီး လူအများလက်ခံနှစ်သက်သည့် ဂျပန်နိုင်ငံ ထုတ် ကားများမှာ ထပ်မံတင်သွင်းရန် ခက်ခဲသွားပြီး ပြည်တွင်းရှိရောက်ရှိပြီး၊ စီးနင်းပြီးကားများ ၂၀၁၇ ခုနှစ် ကုန်ထိ သွင်းခွင့်ရကာလအထိ တင်သွင်းလာမည့် ဂျပန် ညာမောင်းကားများသာ လတ်တလောဈေးကွက် ထိပ်ဆုံး ရောက် ရှိနိုင်ကြောင်း ဝါရင့်ဝယ်ရောင်းသမားများက သုံးသပ် ပြောကြားသည်။

 

SN