Main menu

Background

ရန်ကုန်မြို့ တစ်ပတ်အတွင်း အိမ်၊ ခြံ၊ မြေ မော်တော်ယာဉ်ဈေးနှုန်းများ

Wed, 01/17/2018 - 15:25 -- journal_editor

နှစ်ဆန်းပိုင်းတွင် ကားဈေးကွက် စောင့်ကြည့်သဘောဖြင့် အေးစက်နေ

နှစ်သစ်၏အစပိုင်း ဇန်နဝါရီဒုတိယပတ်၏ ရန်ကုန်မြို့ ကားဈေးကွက် အခြေအနေမှာ အချိန်အဆဈေးကွက်ခန့်မှန်းချက်များဖြင့် အရောင်းအဝယ် အေးနေပြီး ဈေးတန်းလည်း ကျဆင်းခြင်းမရှိဘဲ အမြင့်ဈေးတန်းမှာပင် တန့်နေ ကြောင်း သိရသည်။
နှစ်သစ်သို့ဝင်ရောက်လာသည်နှင့် ခန့်မှန်းထားသလိုပင် စလစ်လိုအပ် ချက် နည်းပါးသွားသဖြင့် စလစ်ဈေးတန်းများ ကျဆင်းသွားပြီး ၁၃၅ သိန်းခန့်မှ ၁၁၅ သိန်းသို့ ရောက်ရှိသွားကြောင်း၊ အပ်ကားများပါ အရောင်းအဝယ်မရှိကြောင်း သိရသည်။ ယခုလတ်တလောအတွင်း ၁၃၀၀ စီစီဂျပန်ညာမောင်း ကားလေးများ ဈေးအနည်းငယ်ကျဆင်းလာသော်လည်း အရောင်းအဝယ်နည်းနေသေး ကြောင်း၊ လူသုံးများ စလစ်ကပ်ကားတချို့သာ ဝယ်သူ့အကြိုက်ဈေးညှိနှိုင်းသည့်  ဈေးတန်းလက်ခံပါက အရောင်းအဝယ်ဖြစ်ကြောင်း၊ နယ်ဝယ်လက်များ အဆင်းနည်းပြီး ရန်ကုန်ဝယ်လက်သာရှိကြောင်း၊ အများအပြား ကောက်ယူ စုဆောင်းထားသည့် ဂျပန်ကားညာမောင်း စုဆောင်းသူဝယ်ရောင်းအချို့သာ ညှိနှိုင်းရောင်းချမှုရှိသဖြင့် ဈေးကွက်အေးစက်နေဆဲဖြစ်ကြောင်း ဝါရင့်ယာဉ် ဝယ်ရောင်း ကိုမြင့်ကျော်က ပြောသည်။
ယခင်နှစ်ကုန်ပိုင်း တစ်လ၊ နှစ်လအလိုခန့်ကပင် လူကြိုက်များပြီး ပစ္စည်း ပြတ်သည်အထိ ရောင်းအားရှိခဲ့သော ပြည်တွင်းတပ်ဆင်ဂျပန်နိုင်ငံလုပ် ဘယ် မောင်းကားများမှာ ယခုလည်းဈေးကွက်ရှိနေပြီး သိန်း ၂၀၀ အထက် ကားဝယ် ရန် စဉ်းစားသူများ ဘယ်မောင်းကားသစ်ဈေးကွက်ဘက်      ဦးလှည့်သွား ကြပြီး သိန်း ၂၀၀ အောက်ဂျပန်ညာမောင်းကား အက္ခရာနိမ့်၊ ရန်ကုန်လိုင်စင် (သို့ မဟုတ်) အက္ခရာဖြင့် နယ်လိုင်စင်လက်ခံသူများသာ ဈေးတန်းမှန်ကန်ပါက၊ ညှိနှိုင်းဝယ်ယူနိုင်ပါက ဝယ်ယူကြကြောင်း ၎င်းင်းကပြောသည်။
ယခုကဲ့သို့ ဈေးကွက်အေးခြင်းမှာ နှစ်ဆန်းပိုင်း ရုံးပိတ်ရက်၊ ကျောင်းပိတ် ရက်များခြင်းကြောင့် ဝယ်လက်များ၊ ဝယ်ရောင်းများခရီးသွားရာသီကြောင့် အရောင်းအဝယ်အေးကြောင်း သုံးသပ်ကြသလို မနှစ်ကအခြေအနေနှင့်နှိုင်းယှဉ် ပါက ရန်ကုန်မှအစပြု၍ နယ်မြို့ကြီးများတွင်လည်း ယခင်နှစ်ကလောက်ပင် အရောင်းအဝယ်မရှိသလောက်နည်းသွားကြောင်း၊ ဆက်လက်၍ ဈေးကွက် အခြေအနေအား မှန်းဆရသည်မှာ ယခုနှစ်သတ်မှတ်ချက်အရ ဘယ်မောင်းကား သစ်များသာ တင်သွင်းရတော့မည်ဖြစ်၍ မူဝါဒအားသုံးသပ်ချက် တည်ငြိမ် သွား၍ ဘယ်မောင်းကားများလာမည့် တစ်လ၊ နှစ်လအတွင်း တင်သွင်းရောက်ရှိ လာမည့်ကာလအား မျှော်မှန်းကာရောက်ရှိဈေးနှုန်းနှင့် ပြည်တွင်းဆင် ဂျပန် ကားများ၏ဈေးနှုန်းနှင့် လက်ရှိတင်သွင်းပြီး ဂျပန်ညာမောင်းကားများ၏ ဈေးနှုန်းနှိုင်းယှဉ်ချိန်ထိုးကာ ဝယ်သူမှစဉ်းစားမည်ဖြစ်ပြီး  အများလက်ခံသော ဈေးတန်းတစ်ရပ်ဖြစ်လာမှသာ ကားအရောင်းအဝယ် ပြန်ကောင်းလာနိုင် ကြောင်း ဝါရင့်ဝယ်ရောင်းအများစုက သုံးသပ်ကြသည်။                
         SN