Main menu

Background

အထောက်အထားအတုများဖြင့် တစ်ဦးချင်းမော်တော်ယာဉ် တင်သွင်းခွင့်ပါမစ် လျှောက်ထားသောကုမ္ပဏီနှင့် ပါဝင်ပတ်သက်သူများအား ဥပဒေနှင့်အညီ တရားစွဲအရေးယူမည်

Wed, 01/31/2018 - 10:28 -- journal_editor

           ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန် သွင်းကုန်လုပ်ငန်းဌာနခွဲ၊ ဥှ မော် တော်ယာဉ်ပါမစ် ထုတ်ပေးရေး လုပ်ငန်း ဌာနစုတွင် လူပုဂ္ဂိုလ်တစ်ဦးချင်း အစီ အစဉ်ဖြင့် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့်အတွက် ကာယကံရှင် ကိုယ်တိုင် လာရောက်လျှောက်ထားခြင်း များအား စိစစ်ပြီး အထူးပါမစ် ခွင့်ပြုထုတ်ပေးလျက်ရှိသည်။ သွင်းကုန်ပါမစ်လျှောက်ထားသူ များအား ၎င်းင်းတို့နှင့် သက်ဆိုင်သော နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေ စာရင်း ပုံစံ (၆၆/၆) မူရင်း တို့ကို တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် လာရောက် လျှောက်ထားသူများအနက် မှ နှစ်စောင်သည် လူအစားထိုးလာရောက် လျှောက်ထားခဲ့ခြင်းဖြစ်သည်ကို စိစစ် တွေ့ရှိခဲ့ရကြောင်း သိရှိရပါသည်။
        ဖော်ပြပါ နိုင်ငံသားစိစစ်ရေး ကတ် နှစ်ကတ်၊ အိမ်ထောင်စု လူဦး ရေစာရင်းပုံစံ (၆၆/၆) တစ်စောင်တို့ အား အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာနသို့ ပေးပို့စစ်ဆေး ခဲ့ရာ လျှောက်ထားသူ နှစ်ဦး၏ နိုင်ငံ သား စိစစ်ရေးကတ် နှစ်ကတ်နှင့် အိမ် ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) တစ်စောင်တို့မှာ အတုများဖြစ်ကြောင်း သက်ဆိုင်ရာဌာနမှ အတည်ပြုပြန်ကြား လာခဲ့သဖြင့် ကုန်သွယ်ရေး ဦးစီးဌာန အနေဖြင့် အထောက်အထားအတုများ ဖြင့် လူစားထိုးလျှောက်ထားမှုတွင် ပါဝင် ပတ်သက်သူများ၊ ပါဝင် ပတ်သက်သည့် ကုမ္ပဏီအား တရားဥပဒေနှင့်အညီ တရားစွဲ အရေးယူသွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

 

မော်တော်ယာဉ်ပါမစ် ထုတ် ပေးရေးလုပ်ငန်းဌာနစု (OSS)