Main menu

Background

ကားဈေးကွက်အတွင်း ပြည်တွင်းဆင်ကားသစ်များ ပိုမိုအဝယ်ရှိနေ

Thu, 12/05/2019 - 15:21 -- journal_editor

     တန်ဆောင်တိုင်ပွဲတော်၏ ကျောင်းပိတ်ရက်ကာလများအပြီး ကားပွဲစားတန်းများတွင် ပြန်လည်လူစည်ကားလာပြီး လက်ရှိသုံးစွဲနေသာ ဂျပန်ကားလေးများသာမက ပြည်တွင်းတပ်ဆင်ထုတ်လုပ်ထားသည့် ကားများပါ အဝယ်ရှိနေပြီး အုပ်စုလိုက် သူ့ဈေးတန်းနှင့်သူ အရောင်းအဝယ်ဖြစ်လာကြောင်း သိရသည်။ လတ်တလော ရန်ကုန်မြို့ကားဈေးကွက်အတွင်းတွင် ဂျပန်ညာမောင်း ကားလေးများမှာ ရန်ကုန်လိုင်စင်သာမက နယ်လိုင်စင်များအဝယ်ပြန်ရှိလာပြီး နယ်ဝယ်လက်များလည်း ပြန်လည် ရောက်ရှိလာကာ ဂျပန်ညာမောင်းကားများသာမက ကားရှိုးရွန်းမှ ကွန်ဆိုင်းမန့် လက်ကျန်ကားများပါ အမေးများလာ သလို လာရောက် စုံစမ်းကြည့်ရှုသူများလာကြောင်း သိရသည်။ ပြီးခဲ့သည့်လ ကညနမှ တရားဝင်ကြေညာ ချက် ထုတ်ပြန်ပြီး ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်မှစတင်၍ ယာဉ်မှတ်ပုံတင် (လိုင်စင်) သက်တမ်းတိုးပါက မဖြစ်မနေ အမည်ပေါက် မှန်ကန်ကြောင်း ပြုလုပ်ရန်လိုအပ်ပြီး အမည်မပေါက်သေးပါက သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးရုံးများ၌ အခွန်ကြေ စာရွက်ထုတ်ယူရမည်ဖြစ်ကြောင်း သတ်မှတ်လာသဖြင့် ယခုကာလအတွင်း တစ်လက်ကိုင်စီးနင်းမည့် သူများကလည်း ကြိုတင်၍ အမည်ပြောင်းအခွန် ၃ ရာခိုင်နှုန်းပေးဆောင်၍ ပြောင်းလဲကြသလို ယာဉ်အရောင်းအဝယ်လုပ်သူအချို့မှာလည်း ဇန်နဝါရီ လမတိုင်မီ ကြိုတင်ကာလများတွင် ကြိုတင် လိုင်စင်သက်တမ်းတိုး လုပ်ဆောင်လာကြသည်ကို တွေ့ရှိရ ကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်မှ ပြောသည်။

        လက်ရှိ ရန်ကုန်ကားဈေးကွက်ထဲတွင် ပြည်တွင်းဆင်ဘယ်မောင်းကားများ ထုတ်လုပ်သည့်နိုင်ငံ အစုံအလင်ဖြင့် ဈေးကွက်တွင်း ဝင်ရောက်လာသဖြင့် အခွန်သက်သာမှုအရ ဝယ်ယူစီးနင်းသူ၊ စာရင်းကြိုပေးသူ ပိုမိုများပြားလာပြီး တဖက်တွင်လည်း ဂျပန်ညာမောင်းကားလေးများအုပ်စုတွင် ရုပ်ခံ ကောင်းမွန်သော သိန်း ၁၇၀/၁၈၀ မှ ၂၀ဝ/ ၂၅၀ ဝန်းကျင် တန်ဖိုးရှိကားလေးများ ရန်ကုန်နှင့် နယ်လိုင်စင်အမျိုးအမည် မခွဲဘဲ ကျပ် ၁၀ သိန်းခန့် ဈေးနှုန်းလျှော့ချကာ ရောင်းချလာပြီး ဝယ်ယူသူများရှိလာ ကြောင်း သိရသည်။ 

 

SN