Main menu

Background

အရောင်းအဝယ်အေးပြီး ဈေးကွက်အခြေအနေ စောင့်ကြည့်နေသည့် ရန်ကုန်ကားဈေးကွက်

Mon, 01/13/2020 - 13:54 -- journal_editor

     နှစ်ဆန်းပိုင်းကာလတွင် ပိတ်ရက်များ ဆက်တိုက်ရရှိခဲ့သဖြင့် ကားအရောင်းစင်တာများနှင့် ကား ပွဲစားတန်းများတွင် ခရီးသွားများသဖြင့် လာရောက်မေးမြန်းသူ၊ ဈေးစုံစမ်းသူများ ကျဲပါးနေပြီး ကား အဝင်အထွက်လည်း မရှိသလောက်ဖြစ် နေကြောင်း၊ အကြမ်းဖျင်းအားဖြင့် ကားဈေးကွက်တစ်ခုလုံး အေးနေကြောင်း သိရသည်။ ရန်ကုန်ကားဈေးကွက်၏ ၂၀၂၀ ယာဉ်တင်သွင်းရေး မူဝါဒများအရ ရောက်ရှိခုနှစ်ထိ လေးနှစ်အကွာ ၂၀၁၇ ခုနှစ် ထုတ်ဘယ်မောင်းယာဉ်များသာ တင်သွင်းခွင့်ပြုသဖြင့် ယခင် မူဝါဒအတိုင်းသာဖြစ်ပြီး ပြည်တွင်းတပ်ဆင် အက်စ်ကေဒီ ကားများနှင့် မူလလက်ဟောင်း ဂျပန်ညာမောင်းယာဉ်များမှာ ယခင်က ဈေးကွက်ဝေစု ထက်ဝက်စီရှိရာမှ ယခုအခါ အဆိုပါ မူဝါဒများအရ အက်စ်ကေဒီကားများ ပိုမို အားသာလာပြီး ဈေးကွက်ဝေစု ပိုမိုရရှိလာကြောင်း တွေ့ရှိရသည်။

     လက်ရှိဈေးကွက်တွင်းရှိ ဂျပန်ညာမောင်းကားများ အနေဖြင့်၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစ၍ အမည်ပြောင်း အခွန်ဆောင်စနစ်အရ အကျုံးဝင်လာသဖြင့် ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်း နောက်ဆုံးရက် များတွင် အချိန်အခါမီ လိုင်စင် သက်တမ်းတိုးမှုများ များပြားလာသဖြင့် ညအိပ်စောင့်ရသည့် အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊ ထိုသို့အချိန်မီလိုင်စင် သက်တမ်းတိုးရခြင်းမှာလည်း ဝယ်ရောင်း ကားများမှာ အမည်မပြောင်းလဲလို၍ဖြစ်ကြောင်း၊ လက်ရှိအမည်ပေါက်ဖြင့်သာ လိုင်စင်သက်တမ်းတိုးပြီး ဈေးကွက်တွင်း ဝင်ရောက်မှသာ အရောင်းအဝယ်ပိုမိုမြန်ဆန်သဖြင့် ယခုကဲ့သို့ ၂၀၁၉ ၏ ရှိရင်း စွဲလိုင်စင်သက်တမ်းတိုးမူဝါဒအမီ ဝင်ရောက်ကြခြင်းဖြစ်ကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်း အကျိုးဆောင် ကိုမြင့်ကျော်က ပြော သည်။

      ဆက်လက်၍ အက်စ်ကေဒီကားများမှာ ဘရန်းမျိုးစုံ ဝင်ရောက်လာပြီး ရန်ကုန်လိုင်စင်ရရှိသည့် အချက်အပါအဝင် အားသာသောအချက်များကြောင့် စီးနင်းသူ၊ ကြိုတင်မှာယူသူ များပြားလာပြီး လက်ရှိဈေးကွက်ထဲတွင် ဒုတိယလိုက်သည်မှာ စီဘီယူစနစ်ဖြင့် အစင်းလိုက် အာရှနိုင်ငံများမှ တင် သွင်းသော ဇီးရိုးကီလိုမှစ၍ သုံးစွဲနိုင်သည့် အသစ်သွင်းကားများသာဖြစ်ပြီး ရန်ကုန်လိုင်စင်မရသည် မှလွှဲ၍ အခြားအချက်အလက်ကောင်း များ ပြည့်စုံသဖြင့်နယ်ဝယ်လက်များသာမက ရန်ကုန် ဝယ်လက် များလည်း အများအပြားစီးနင်းလာကြသဖြင့် ဈေးကွက်မျှလာကာ လတ်တလော ရုံးဝန်ထမ်း လောက ထဲမှအရာရှိကြီးများ ဖြစ်စေ၊ လုပ်သက်ရင့် ဝန်ထမ်းများဖြစ်စေ၊ ပြည်ပနိုင်ငံများမှ သတ်မှတ်ချက်ဖြင့် ကားတင်သွင်းခွင့်ပြုသည့် သတင်းများ ကြောင့် ဂျပန်ညာမောင်းကားများ ပိုမို ဈေးကွက်အေးနေ ကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်းများမှ ပြောကြားသွားသည်။

 

SN