Main menu

Background

ရန်ကုန်ကားဈေးကွက် လတ်တလော ဆက်လက်အေးစက်နေ

Wed, 03/04/2020 - 16:10 -- journal_editor

     ရန်ကုန်မြို့ကားဈေးကွက်မှာ ပတ်ဝန်းကျင်သတင်းများ အပေါ် အခြေပြု၍ဈေးကွက်ကောင်းခြင်း၊ ဈေးကွက်အေး ခြင်း ဖြစ်ပေါ်သည့်အလျောက် နှစ်ဆန်းပိုင်း၊ ဇန်နဝါရီလဆန်း ပိုင်းတွင် စတင်ထုတ်ပြန်ခဲ့သည့် ဝန်ထမ်းကားပါမစ်သတင်း များအရ ဈေးကွက်အေးနေပြီး လကုန်ပိုင်းခန့်တွင် ပြန်လည် ဆိုင်းငံ့ကြောင်းသတင်းများအရ ရန်ကုန်ကားဈေးကွက်တွင် သာမက နယ်ဈေးကွက်များအားလုံး အပါအဝင်အနည်းငယ် ပြန်လည်လှုပ်ခတ်လာသော်လည်း ယခုအချိန်တွင်မူ ဈေးကွက် အားလုံး ဆက်လက်အေးစက်နေကြောင်း သိရသည်။

      လတ်တလော ရန်ကုန်ဈေးကွက်အတွင်း ဖေဖော်ဝါရီ လဆန်း/ လလယ်ပိုင်းခန့်က ဈေးကွက် ပြန်လည်လှုပ်ခတ်လာ ပြီး ပရိုဘောက်၊ ဖီလ်ဒါ၊ ဘယ်လ်တာ၊ ဟွန်ဒါဖစ်၊ ဗဇ်ကဲ့သို့ ညာမောင်းကားလေးများသာမက ဝှစ်ရှ်၊ ကလူဂျာ၊ အာရ်ဖတ် စသည့် ၁.၈/ ၂.၄ စသည့် အင်ဂျင်အလတ်တန်းကားများပါ အက္ခရာနိမ့်မြင့်အလိုက် ဈေးတန်းအသီးသီးဖြင့် အဝယ်ပြန်လည်ရှိနေကြောင်းသိရသော်လည်း ဖေဖော်ဝါရီလနှောင်းပိုင်း တွင် ထပ်မံကြားသိရသော သတင်းအရ အရောင်းအဝယ်များ ပြန်အေးသွားပြီး ကားအရောင်းစင်တာများမှာ မေးမြန်းသူ မရှိဖြစ်နေသလို ပြည်တွင်းတပ်ဆင်ကားများမှာလည်း အမှာ မရှိဖြစ်နေပြီး ဝယ်ရောင်းကားများမှာ အချင်းချင်း ငွေအလိုက် ပေးကာ အလဲအထပ် ၁၅ သိန်း ၂၀ သိန်းအကွာဖြင့်သာ လည် ပတ်လုပ်ကိုင်နေကြကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော် က ပြောသည်။

     ဈေးကွက်တွင်း ယင်းသို့ဖြစ်လာရခြင်းမှာ ပတ်ဝန်းကျင် သတင်းများကြောင့်ဖြစ်ပြီး ဝန်ထမ်းပါမစ်စတင်နာမည်ကြီးစဉ် က အဆင့်အလိုက် ဝယ်ယူခွင့်ရမည့်ကားများအား ကား လောကသားများမှ ဈေးတန်းအလိုက် ပါမစ်ဈေး သတ်မှတ်မှု များရှိခဲ့သော်လည်း အနည်းငယ်  တုံ့ဆိုင်းသွားပြီးနောက် ယခုကာလတွင် ဝန်ထမ်းပါမစ်သတ်မှတ်မှုများ ပြန်လည် အေးစက်သွားပြီး ကြိုရောင်း/ကြိုဝယ်ကမ်းလှမ်းခြင်းပင် မရှိ တော့ကြောင်း ယင်းတို့မှပြောသည်။ ယခုကာလတွင် တစ်စီးစနှစ်စီးစ အရောင်းအဝယ်ဖြစ် သောကားများမှာသိန်း ၂၀ဝ အောက်ကားများဖြစ်ပြီး လိုအပ် သည့်သူနှင့်တွေ့၍ဖြစ်စေ၊ ကားရုပ်ခံကောင်းသောကြောင့် ဖြစ်စေအဝယ်ရှိပြီး အမြင့်ကားများမှာမူငွေလိုသဖြင့် ဈေးတန်း ချကာ ရောင်းချသူများရှိလာပြီး သိန်း ၄၀ဝ ဝန်းကျင်ကားများ ဈေးကွက်တွင်း ဝင်ရောက်လာကြောင်း သိရသည်။

 

SN