Main menu

Background

ကားသစ်များ ရောက်ရှိလာသော်လည်း ယခင်အသုံးပြုကားများ ဈေးကွက်တစ်ခုရှိနေ

Tue, 02/02/2021 - 14:56 -- journal_editor

ရန်ကုန်မြို့ ကားဈေးကွက်အတွင်း ကားသစ်၊ ကားဟောင်း အရောင်းအဝယ် ပုံမှန်ရှိနေကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်ကုန်နောက်ဆုံးလ  အစောပိုင်းကာလများအတွင်း ဈေးတန်းချ ရောင်းချပေးခဲ့သော ယခင်ဈေးကျပ်သိန်း ၅၀ဝ ကျော်သည့် အင်ဂျင်ပါဝါ ၂၄၀ဝ စီစီ၊ဝက်ဂွန်ယာဉ်များမှာ ယခုအချိန်တွင် ပြည်ပမှကားသစ်များ ထပ်မံ ဝင်ရောက်လာ ခြင်းနှင့်အတူ လူအများလက်ခံကြိုက်နှစ်သက်ကြသည့် အသုံး ပြုပြီး မိုဒယ်လ် (၂၀ဝ၇၊၂၀ဝ၈၊၂၀ဝ၉၊ ၂၀၁၀)ခုနှစ်ထုတ် ကား များ ဈေးကွက်တစ်ခုရရှိနေပြီး    မိုဒယ်လ်(ယခုနှစ်အတွက်) နိမ့်သော်လည်း  လက်တွေ့အသုံးပြုကောင်းမွန်သဖြင့် ဝယ်လို အားရှိနေကြောင်း ယာဉ်အရောင်းအဝယ်အကျိုးဆောင် ကိုမြင့်ကျော်က ပြောသည်။
မိုဒယ်လ်မြင့်  ကားများဖြစ်သော (၂၀ဝ၈၊၂၀၁၉၊၂၀၂၀၊ ၂၀၂၁) ကားများ ပြည်ပမှ ရောက်ရှိလာပြီး ထပ်မံဝင်ရောက်ရန်လည်းရှိသဖြင့် ရွေးချယ်စရာ တင်သွင်းခွင့်ပါမစ်အစုံဖြင့် အများကြိုက် ဖိုးဝှီး(လ်)ကားများ ကျပ်သိန်း ၃၀ဝ နှင့် ၄၀ဝ ကြားမှ စတင်ကာ ကျပ်သိန်း ၅၀ဝ နှင့် ၇၀ဝ သိန်းကြားအထိ ကုမ္ပဏီအမှတ်တံဆိပ်အစုံဖြင့်   ကားဈေးကွက်မှာ အမြင့်ကား အရောင်းအဝယ်များလာပြီး ဈေးကွက်ထောက်သူ၊ ကြိုပွိုင့် ဝယ်ယူသူ၊ ဆိပ်ကမ်းအရောက် တစ်ခြမ်းဝယ်ယူသူ စသည်ဖြင့် ရှိလာကြောင်း သိရသည်။
မိုဒယ်လ်မြင့်ကားလေးများ ဈေးကွက်တွင်လည်း အပေါ်ပိုင်းမှ ကားများကျဆင်းလာသည့်အတွက် အနည်းဆုံး သိန်းဆယ်ဂဏန်းအထိ လိုက်ပါကျဆင်းလာပြီး အထူးသဖြင့် ဈေးကွက်ရှိ လူကြိုက်များသောကားများဖြစ်သည့် ဟွန်ဒါဖစ်၊ မာဒါဒီမိုယို၊ တိုယိုတာဗဇ်၊ ဇူဆူကီး၊ ဆွစ်စသည့်   ကားလေး များမှာ မြို့တွင်းသုံးအဖြစ် လူကြိုက်များပြီး ဈေးတန်းကျဆင်း နေသော်လည်း အဝယ်ရှိကြောင်းသိရသည်။ လတ်တလော ကားလေးဈေးကွက်ထဲတွင် လက်ရှိကား များအား  အစားထိုး ဝင်ရောက်လာသော အနောက်နိုင်ငံထုတ် ချက်ဗလက်အမှတ်တံဆိပ် စပတ်(ခ်)ကားများဈေးကွက် နေရာအတော်ရလာပြီး နယ်လိုင်စင်၊ ရန်ကုန်လိပ်စာပေါက် ရောက်ရှိ နောက်ဆုံးအက္ခရာရရှိသဖြင့်   ရွေးချယ်စရာများ လာပြီး ကီလိုနည်းနည်း နောက်ဆုံးနံပါတ်နှစ်သက်သည့် သူများဈေးတန်း ကျပ်သိန်း ၁၆၀ မှ စတင်၍  မှာကြားဝယ်ယူ လာကြကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်းများက ပြောသည်။

 

SN