Main menu

Background

"တန်ဆောင်တိုင်အပြီးနဲ့ New Year မှာတော့ အိမ်၊ ခြံ၊ မြေဈေးကွက် ပြန်ပြီးသွက်လာဖို့ မျှော်လင့်ပါတယ်"

Wed, 11/02/2022 - 15:45 -- journal_editor

မန္တလေးမြို့ ဖိုးလမင်း အိမ်ခြံမြေ ကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးဝဏ္ဏစိုးနှင့် မေးမြန်းခြင်း
စီးပွားရေးအချက်အချာကျသလို ရင်းနှီးမြှုပ်နှံလိုသူများ စိတ်ဝင်စားရာနေရာထဲတွင် မန္တလေးမြို့သည် တစ်ခုအပါအဝင်ဖြစ်သည်။ လတ်တလောတွင် ရွှေနှင့် ဒေါ်လာဈေးကွက် ကမောက်ကမဖြစ်ပေါ်နေချိန် ရင်းနှီးမြှုပ်နှံလိုသူ၊ရွှေ့ပြောင်း နေထိုင်လိုသူများသည် စီးပွားရေးအချက်အချာကျမည့် မြို့နယ်များဆီသို့ ခြေဦးလှည့်လျက်ရှိသည်။ သို့ဖြစ်ရာ အဆိုပါ မန္တလေးမြို့ရှိအိမ်၊ ခြံ ၊မြေကွက် ဈေးအခြေအနေ မည်သို့ရှိနေပါသလဲဆိုခြင်းအား မန္တလေးမြို့ရှိ ဖိုးလမင်းအိမ်ခြံမြေကုမ္ပဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာ  ဦးဝဏ္ဏစိုးနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ဖော်ပြလိုက်ရပါသည်။  

မန္တလေး အိမ်ခြံမြေဈေးကွက် အရောင်းအဝယ် အခြေအနေလေး ပြောပြပေးပါဦး။
ဝါတွင်းကာလမှာတော့ အရောင်းအဝယ် က အဖြစ်များတယ်။ သီတင်းကျွတ်သွားတဲ့အခါ ကျတော့ ခရီးတွေ ထွက် ကြတယ်။ ကိုယ့်နေရပ်ဆီ မိဘတွေကန်တော့ကြတာတွေရှိတော့ အရောင်း အဝယ်က သီတင်းကျွတ်ရက်မှာတော့ ပါးသွား တယ်။  သီတင်းကျွတ်ပြီးသွားတဲ့အခါကျတော့ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ်တွေ  ကြိုးကြား ကြိုးကြား ပြန်ဖြစ်နေပါတယ်။  မန္တလေးမှာက တော့ မြို့သစ်ရယ်၊ ကျွဲဆည်ကန်ရယ်၊ စက်မှုဘက် တွေမှာ အဖြစ်များတယ်။ မဟာ အောင်မြေမြို့နယ် ထဲက ရဲမွန်တောင် ရပ်ကွက်နဲ့ မဟာမြိုင်ရပ်ကွက်အရောင်းအဝယ်သွက်တယ်။ချမ်းမြသာစည်မြို့ နယ်ထဲကဆိုရင်တော့ထန်းကိုးပင်၊အောင်ပင် လယ်၊အနောက်မြို့သစ်၊ထွန်တုံး၊မြရည်နန္ဒာအဲဒီဘက်တွေ  အရောင်း အ ဝယ်သွက်ပါတယ်။  ရဲမွန်တောင်နဲ့ မဟာမြိုင်ရပ်ကွက်တွေကတော့ သိန်းသုံးထောင်နဲ့  သိန်းငါးထောင်ကြား သွက် တာပေါ့။ ထန်းကိုးပင်ကတော့ သိန်းလေးထောင် ဝန်းကျင် အရောင်းအဝယ်သွက်တာပေါ့။ ထွန်တုံးနဲ့ မြရည် နန္ဒာ တို့ကတော့ သိန်းသုံးထောင်နဲ့ လေးထောင်ကြား ဖြစ်တာပေါ့။

အိမ်ခြံမြေဈေးနှုန်း အခြေအနေလေး သိပါရစေ။
အခုလက်ရှိအခြေအနေမှာက အိမ်ခြံမြေ ဈေးက  တက်သွားတယ်ဆိုတာထက် ငွေကြေး ဖောင်းပွမှုနှုန်း ကျပ်ငွေတန်ဖိုး ကျဆင်းသွားပြီး အိမ်၊ ခြံ၊ မြေက ခိုင်မာလာတဲ့သဘောပေါ့။ အိမ်၊ ခြံ၊ မြေဈေးတွေ တအား တက်သွားတယ်လို့ တော့ မမြင်စေချင်ဘူး။ အိမ်၊ ခြံ၊ မြေဈေး တက်တယ်ဆို တာထက်  ကျပ်ငွေတန်ဖိုး ကျသွားတဲ့အတွက် ရောက်သင့်ရောက်ထိုက်တဲ့ဈေးနှုန်းကို ငွေကြေး ဖောင်းပွပြီး ရောက်သွားတယ်ဆိုတာမျိုး ပြော ချင်ပါတယ်။

အိမ် ၊ ခြံ၊ မြေ ဝယ်လိုအားများလာတယ်လို့ သိရ ပါတယ်။ ဘာကြောင့်ပါလဲ။
ရေခံ မြေခံကောင်းတယ်၊ စီးပွားရေးအရ အချက်အချာကျတယ်။    ပညာရေးအတွက် ကျောင်းကောင်းကောင်းရှိတယ်။   ကျန်းမာရေး အတွက် ဆေးရုံကောင်းကောင်းရှိတယ်။  အဲဒီ လိုအချက်အချာကျတော့ မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးကွက်အနေနဲ့ ဝယ်လိုအားကောင်းနေတယ်။  ကချင်ပြည်နယ် မြစ်ကြီးနား၊ ဖားကန့် ကျောက် မျက်သမား လုပ်ငန်းရှင်တွေကလည်း မန္တလေး မှာ လာဝယ်ကြတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ (မြောက်ပိုင်း)ကနေလည်း မန္တလေး ဘက် လာဝယ် ကြတာတွေများတယ်။ ကလေးကျောင်းထားဖို့၊  ဆေးခန်းပြဖို့  ှနခသညိ ံသာန သဘောမျိုး ဝယ် ထားကြတာတွေရှိတယ်။ တောင်ကြီးမှာနေတာ င်္ငမျအ ံသာန ပေါ့။ အဲလို  ှနခသညိ ံသာန ထား မယ်ဆိုတဲ့အတွေး တွေနဲ့ ဝယ်ကြတာရှိတယ်။ နေပြည်တော်၊  ရန်ကုန်ကလည်း ဝယ်ကြတာ တွေရှိပါတယ်။  လူမနေနိုင်သေးပေမယ့်လည်း ရင်းနှီးမြှုပ်နှံနိုင်မယ့်  နောက်သုံးနှစ်၊ ငါးနှစ်မှာ တော့ မန္တလေးကို   ပြောင်းရွှေ့အခြေချမယ်၊ မန္တလေးမှာ ကျောင်း ထားမယ်ဆိုတဲ့ ရေရှည်အစီ အစဉ်သဘောမျိုးနဲ့  ဝယ်ထားတာလည်း ရှိပါ တယ်။ အခုခေတ် အခြေအနေအရ မန္တလေးမှာပဲ ပြောင်းရွှေ့အခြေချတော့မယ်ဆိုတဲ့ ဈေးကွက် ကလည်းရှိတယ်။

တိုက်ခန်း၊ ကွန်ဒိုတွေရဲ့ အရောင်းအဝယ် ဈေး ကွက်အခြေအနေလည်း သိပါရစေ။
တိုက်ခန်းအနေနဲ့ကတော့     ကျပ်သိန်း တစ်ထောင်ဝန်းကျင် အရန်သင့် အသင့်တက်နေ လို့ရတဲ့  တိုက်ခန်းလေးတွေ အရောင်းအဝယ် ဖြစ်တယ်။ မြေကွက်အနေနဲ့ကတော့ ကျပ်သိန်း သုံးထောင်နဲ့ သုံးထောင်အောက်ကြား မြေကွက် လေးတွေအရောင်းအဝယ် ဖြစ်လိုက်ပါတယ်။ ဝယ်လက်တွေတော်တော်လေး ဆင်းဝယ်ကြ တယ်။ နောက်ပြီ မန္တလေးမှာ လူကြိုက်များတဲ့ ွမေိနည ဃငအပ  မီနီကွန်ဒိုဆိုရင်  ကျပ်သိန်းတစ် ထောင်နဲ့နှစ်ထောင်ကြားဆိုတော့ လူလတ် တန်းစားအတွက် အဆင်ပြေတာပေါ့။ တကယ့်ကို ူကထကမပ ကွန်ဒို ကျပ်သိန်းလေးငါးခြောက်ထောင် တန် မလှမ်းနိုင်တဲ့အချိန် မြေကွက်ကိုကျပ်သိန်း သုံးလေးထောင်မလှမ်းနိုင်တဲ့အချိန်မှာ ကျပ်သိန်း တစ်ထောင်နဲ့ ကျပ်သိန်း နှစ်ထောင်ကြား အရန် သင့် တက်နေလို့ရတဲ့ ကွန်ဒိုအခန်းတွေ အဝယ် လိုက်တယ်၊။

၂၀၂၂ နှစ်ကုန်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်မယ့် အိမ် ခြံမြေဈေးကွက် အလားအလာကို သုံးသပ်ပြော ပေးပါဦး။
မှန်းထားတာကတော့ သီတင်းကျွတ်ပြီး သွားပေမယ့်   တန်ဆောင်တိုင်ပွဲတော်လည်း ရောက်တော့မယ်။ ဒီပွဲတော်တွေရှိနေတဲ့အချိန် မှာတော့  အိမ်၊ ခြံ၊ မြေ  အရောင်းအဝယ်က ကြိုးကြားကြိုးကြားနဲ့   မှေးထားရမယ့်  အနေ အထား ပါပဲ။ တန်ဆောင်တိုင်အပြီးနဲ့  နြတ ့နမေ မှာတော့ အိမ်၊ ခြံ၊မြေ ဈေးကွက် ပြန်ပြီးသွက်လာ ဖို့ မျှော်လင့်ပါတယ်။

ဖြည့်စွက်ပြောချင်တာများရှိပါသလား။
ယုံကြည်စိတ်ချရတဲ့     အကျိုးဆောင်နဲ့ မန္တလေးမှာ ရင်းနှီးမြှုပ်နှံတာ၊ ဝယ်တာကတော့ ရဲရဲသာဝယ်ပါလို့ တိုက်တွန်းချင်ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ မန္တလေးက ပထဝီအနေအထား အရ မြန်မာနိုင်ငံအလယ်ပိုင်း အသည်းနှလုံး ၊  ဈေးကွက်အချက်အချာကျတယ်ပေါ့။ ဒါကြောင့် မို့ ခေတ်အဆက်ဆက်မှာ မန္တလေး အိမ်၊ခြံ၊ မြေ ဈေးဆိုတာက အကျဆိုတာထက် အတက်ကိုပဲ ရာခိုင်နှုန်း တော်တော်များများ ဦးတည်နေတာ ပါ။ မန္တလေးမှာ ရင်းနှီးမြှုပ်နှံပြီးတော့ ပိုင်ဆိုင် မှုအသက်သည် တိုးပွားလာမှာ မလွဲဧကန်ဖြစ်တဲ့ အတွက် မန္တလေးမှာ အိမ်၊ ခြံ၊မြေ ရင်းနှီးမြှုပ်နှံဖို့ ကို တိုက်တွန်းချင်ပါတယ်။

တိဗ္ဗ