Main menu

Background

အိုင်အိုဒင်းဓာတ်များပြားသော ပဲပုပ်နို့ရည်

Thu, 02/18/2010 - 05:03 -- Anonymous (not verified)

    အိုင်ယာလန်နိုင်ငံသည် သြစတေးလျနိုင်ငံတွင် လူ (၁၀) ဦးဖျားနာခဲ့ရသည့် ဂျပန်နိုင်ငံမှ အိုင်အိုဒင်းပါဝင်မှုများသည့် ပဲပုပ်နို့ရည် များအပေါ်  အစားအစာ  ဘေးကင်းစိတ်ချရမှုအတွက် ဆင်ခြင်နိုင်ရန် သတိပေးထုတ်ပြန်သည့် နိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။ ယင်းပဲပုပ်နို့ရည်တစ်ခွက်   သောက်ခြင်းသည် နေ့စဉ်စားသုံးသင့်သည့် အိုင်အိုဒင်းပမာဏထက် ၃ နှစ်အရွယ် အထိရှိသော ကလေးများအတွက် ၃၄ ဆ လူကြီးများ အတွက် ၇ ဆ ပိုမိုများပြားနေသည်ကို စမ်းသပ်တွေ့ရှိချက်များက ပြဆိုနေကြောင်း သိရှိရပါတယ်။ နိုင်ငံအတွင်း ဖြန့်ဖြူးခဲ့သည် Bonsoy အမည်ရှိ ပဲပုပ်နို့ရည် တစ်လီတာထုပ်များသည် သြစတေးလျနိုင်ငံ၌ လည်ချောင်းဆိုင်ရာ နာမကျန်းဖြစ်စေသည့် ပဲပုပ်နို့ရည်များနှင့် အလားတူကြောင်း၊ အိုင်ယာလန် အစားအစာဘေးကင်းလုံခြုံရေး အာဏာပိုင် (FSAI) က အတည်ပြုပြောကြားခဲ့ပါတယ်။ ထိုသို့ဖြစ်စေသည့် ပစ္စည်းများကို အိုင်ယာလန်ရှိ တင်သွင်းဖြန့်ဖြူးနေ သူများသည် ဈေးကွက်မှပြန်လည်  ရုပ်သိမ်းလျက်ရှိကြောင်း၊ သတိပေးချက်များလည်း ထုတ်ပြန်ပေးရန် ညွှန်ကြားလျက်ရှိကြောင်း သိရှိရပါတယ်။ အိုင်အိုဒင်းများပြားစွာ ပါဝင်နေသော  အဆိုပါ ပစ္စည်းများသည် သြစတေးလျ၊ နယူးဇီလန် အစားအစာ စံချိန်စံညွှန်း များ (FSANZ) ထက် ပိုမို နေကြောင်း သတိပေးချက်ရရှိပြီးနောက် ဗြိတိန်အစားအစာစံချိန်စံညွှန်း အေဂျင်စီ (FSA) သည် အကျိုး အကြောင်းသိအောင်    ဆောင်ရွက်လျက် ရှိပါတယ်။ FSA အနေဖြင့် ဗြိတိန်နိုင်ငံတွင်း ဖြန့်ဖြူးနေသော ပဲပုပ်နို့ရည်များကို စုံစမ်း စစ်ဆေးမှုများဆက်လက် ပြုလုပ်လျက်ရှိပြီး ဖြစ်ပေါ်တိုးတက်မှု များကိုကြီးကြပ်ရန် အိုင်ယာလန်နိုင်ငံရှိ သက်ဆိုင်ရာ အလားတူ အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။ ကျန်းမာရေးကောင်းသော လူများအတွက် အိုင်အိုဒင်းအနည်းငယ် ပိုမိုစားသုံးခြင်းကြောင့် အကျိုးသက်ရောက်မှု မရှိနိုင်သော်လည်း အဆိုပါပဲပုပ်နို့ရည်ကို မတ်တပ်ရပ်ကာစကလေးငယ်များအား နွားနို့နှင့် တစ်လှည့်စီ ကျွေးခြင်းအပါအဝင် အများအပြားသောက်သူများမှာ ဘေးအန္တရာယ်ဖြစ်စေနိုင်ကြောင်း အဆိုပါ အေဂျင် စီက  ပြောကြားခဲ့ပါတယ်။ Bonsoy ပဲပုပ်နို့ရည်မှာ အိုင်အိုဒင်း ဓာတ်ပါရှိသည့် ပင်လယ်ကျောက်ခက် ပစ္စည်းကြွယ်ဝစွာပါရှိပြီး အိုင်အိုဒင်း ပါရှိမှုကိုတိုးမြှင့်ထားကြောင်း၊ FSANZ က ပြောကြားခဲ့ပါတယ်။ လည်ချောင်းရှိ ဟော်မုန်းများဖြစ်ပေါ်စေရန် အိုင်အို ဒင်းဓာတ်မှာ မရှိမဖြစ်လိုအပ်သော်လည်း နေ့စဉ်စားသုံးသင့်သည့် ပမာဏထက်ပိုမိုစားသုံးမိပါက လည်ချောင်း လုပ်ဆောင်ချက် များများကို ထိခိုက်စေကြောင်း သိရှိရပါတယ်။ သြစတေးလျ နိုင်ငံ New South Wales ဒေသတွင် အသက်၂၉ နှစ်မှ ၄၇နှစ်ကြား လူကြီး ၉ ဦးနှင့် ကလေးတစ်ဦးတို့ လည်ချောင်း ရောဂါ  ဖြစ်ပွားခဲ့ရာ၊ အားလုံးမှာ Bonsoy ပဲပုပ်နို့ရည် သောက်သုံးခဲ့ကြောင်း  သိရှိအတည်ပြုပြီးနောက် FSANZ သည် ဒီဇင်ဘာလ ၂၄ ရက်က ကနဦး သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ ဆက်လက်၍ ကုန်ပစ္စည်းကို စစ်ဆေးပြီးနောက် ပုံမှန်မဟုတ်သော အိုင်အိုဒင်းပါဝင်မှု  မြင့်မားနေကြောင်း ဖော်ထုတ်ရရှိခဲ့ပါတယ်။ အဆိုပါနို့ ရည် အနည်းငယ် ၃၀မီလီမီတာခန့် သောက်သုံးရုံဖြင့်ပင်   လူကြီးတစ်ဦး တစ်နေ့စားသုံးသင့်သည့် ပမာဏထက် အဆိုပါ ဓာတုပစ္စည်း ပိုမိုပါဝင်နေကြောင်း အဖွဲ့ကခန့်မှန်းထားရှိခဲ့ပါ တယ်။ ကျန်းမာရေး ကောင်းမွန်ရန် အိုင်အိုဒင်းတစ်နေ့လျှင် ၈၀ မှ ၁၅၀ မိုက် ခရိုဂရမ် စားသုံးသင့်ပြီး အများဆုံးအဖြစ်  လူကြီးများအတွက် တစ်နေ့ ၁၁၀၀ မိုက်ခရိုဂရမ် တစ်နှစ်မှ သုံးနှစ်အရွယ် ကလေးများအတွက် ၂၀၀ မိုက်ခရိုဂရမ် နှင့် ၁၄ နှစ်အရွယ်အတွက် ၉၀၀ မိုက်ခရိုဂရမ် စားသုံးသင့်ကြောင်း ထောက်ခံထားရှိထားတယ်လို့ FSANZ က ဆိုပါတယ်။ ယခု Bonsoy ပဲပုပ်နို့ရည် တစ်ခွက်သောက်လျှင် တစ်နေ့စားသုံး သင့်သည့်ပမာဏထက် ၇၅၀၀ မိုက်ခရို ဂရမ်ပိုမိုကြောင်း၊ အိုင်အိုဒင်းအများအပြား စားသုံးခြင်းသည် လည်ချောင်း၌ အန္တရာယ်ဖြစ်စေပြီး  လူများကို နေထိုင်မကောင်း ဖြစ်စေကြောင်း၊ ဤ Bonsoy ပဲပုပ်နို့ရည်သည် အိုင်အိုဒင်းပမာဏများကြောင်း စမ်းသပ်တွေ့ရှိရသည့် တစ်ခုတည်းသော ပဲပုပ်နို့ရည်ဖြစ်ကြောင်း FSANZကပြောကြား ခဲ့ပါတယ်။ံှ