Main menu

Background

အောင်ပန်းဈေးကွက်ဒေသထွက်သီးနှံများ၏ မေလတတိယပတ်ဈေးနှုန်းများ

Tue, 05/23/2023 - 12:51 -- journal_editor

ရှမ်းပြည်နယ်(တောင်ပိုင်း) အောင်ပန်းဈေးကွက်သည် ဒေသထွက်သီးနှံများ ကို မြန်မာနိုင်ငံ အနှံ့အပြားသို့ အများဆုံး တင်ပို့ရောင်းချနေသော ဈေးကွက်တစ်ခု ဖြစ်သည်။ မေလ တတိယပတ်အတွင်းတွင် ဒေသထွက်သီးနှံများဖြစ်သော အာလူး ဈေးနှုန်းမှာ ှ၂ တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ မှ  ၁၉၅၀  ထိ၊ ကြက်သွန်ဖြူ ထူး-၅ ကျပ် ၆၆၀ဝ၊ ထူး-၄ ကျပ် ၅၂၀ဝ၊ ထူး-၃ ကျပ် ၄၀ဝ၀၊ ထူး-၂ ကျပ် ၃၅၀ဝ၊ ထူး-၁ ကျပ် ၃၀ဝ၀၊ ချင်း အဆင့်(၁)  ကျပ် ၄၂၀ဝ  အဆင့် (၂)  ကျပ် ၂၅၀ဝ၊ နနွင်း (ဆင်တောင်) ကျပ် ၃၈၀ဝ၊ မုန်ညင်း(သေး) ကျပ် ၉၅၀ ၊ မုန်ညင်း(ကြီး) ကျပ် ၁၁၅၀၊  ခရမ်းချဉ် သီး(မှည့်) ကျပ် ၇၀ဝ  အစိမ်း ကျပ် ၈၅၀၊ ဂေါ်ဖီထုပ် ကျပ် ၁၆၀ဝ၊ ဂေါ်ဖီပန်း (ပန်းမုန်လာ) ကျပ် ၈၀ဝ၊ ရွှေပဲသီး ကျပ် ၃၅၀ဝ မှ  ၄၀ဝ၀၊ ငရုတ်ပွ ကျပ် ၂၀ဝ၀၊ မုန်လာဥနီ ကျပ် ၂၂၀ဝ၊ ခရမ်းသီး ကျပ် ၁၄၀ဝ  တို့ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရသည်။ 
အာလူး၊ ချင်း၊ နနွင်း၊ ခရမ်းချဉ်သီး၊ မုန်ညင်း၊ ဂေါ်ဖီပန်း(ပန်းမုန်လာ)၊ ရွှေပဲသီး၊ ခရမ်းသီး၊ ငရုတ်ပွသီးနှံများမှာ ယခင်တစ်ပတ်ကအတိုင်း ဈေးငြိမ်နေခဲ့ပြီး ကြက်သွန်ဖြူ၊ ဂေါ်ဖီထုပ်သီးနှံများမှာ ယခင်တစ်ပတ်ကထက် ဈေးအနည်းငယ် မြင့်တက်ခဲ့ကြောင်း သိရှိရသည်။  

 

                                                                နန်းခမ်းဗွေ