Main menu

Background

အောင်လံဆီထွက်သီးနှံဈေးကွက် တက်ရိပ်သန်း

Tue, 02/23/2010 - 05:28 -- Anonymous (not verified)

     ဖေဖော်ဝါရီ တတိယပတ်မှာ သိပ္ပံနှမ်းနက်ကို ရန်ကုန်ဝယ်လက်နဲ့ မန္တလေး တရုတ်လိုင်းဝယ်လက်တို့ ပုံမှန်အဝယ်ရှိလာတာကြောင့် ယခင်အပတ်ထက် ဈေးမြင့် လာကာ တစ်ပိဿာ ၂၅၁၅ ကျပ်ဈေးမှာငြိမ်ပြီး တစ်နေ့အိတ် ၅၀၀ ခန့် အရောင်း အဝယ်ဖြစ်နေပါတယ်။ ဒေသအခေါ် ပြာနှမ်းခေါ်တဲ့ နှမ်းနက်ကလည်း မန္တလေး ဝယ်လက်ပုံမှန်အဝယ်ရှိလို့ တက်ဈေး တစ်ပိဿာ ၁၈၈၉ ကျပ်နဲ့ နေ့စဉ်အိတ် ၃၀၀နဲ့ ၇၀၀ ကြား အရောင်းအဝယ် ဖြစ်နေပါတယ်။      မြေပဲကိုလည်း ပြည်တွင်းဆီစက် လှောင်လက်များက ၃ လပဲဆံ တစ်ပိဿာ ၁၅၀၀ကျပ်၊ ၆ လပဲဆံ တစ်ပိဿာ ၁၅၅၀ ကျပ်နဲ့ နေ့စဉ်အိတ် ၂၀၀ ခန့် အရောင်း အဝယ်ဖြစ်နေပါတယ်။ တောင်သူလက်ဝယ် ၄ ပုံ ၁ ပုံခန့်သာ လက်ကျန်ရှိတော့တာ မို့ ဈေးငြိမ်ပြီး အရောင်းအဝယ်အနည်းငယ်သာဖြစ်တယ်လို့ အောင်လံဈေးကွက်က သိရပါတယ်။                                                                                                                           ကျော်မျိုးမင်း